ကျားသစ်တစ်ကောင်တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက် ဒဏ်ရာရ

ဂျော်ဟတ်၊ ဒီဇင်ဘာ ၂၈
အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်မှာ ကျားသစ်တစ်ကောင်ရဲ့ ဒေါသတကြီး တိုက်ခိုက်မှုကြောင့်
လူ၁၅ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက ပြောကြားပါတယ်။
တောရိုင်း တိရစ္ဆာန်တွေဟာ ရန်စမခံရလို့ရှိရင် အစဉ်သဖြင့် တိုက်ခိုက်ရန်ရှာလေ့မရှိပေမယ့်
ဒီဇင်ဘာလ ၂၇ရက်က လူမှုမီဒီယာပေါ်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ လူတစ်ရပ်ကျော်မြင့်တဲ့
သံဆူးကြိုး အကာအရံကို ကျားသစ်တစ်ကောင် ခုန်ကျော်ပြီး ကားမောင်းသွားနေတဲ့
ဗန်ကားတစ်စီးနောက်ကို စပြီး ပြေးလိုက်သွားတာကို မြင်တွေ့ရပါတယ်။
Zawgyi Version
ကျားသစ်တစ်ကောင်တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက် ဒဏ်ရာရ
ဂျော်ဟတ်၊ ဒီဇင်ဘာ ၂၈
အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်မှာ ကျားသစ်တစ်ကောင်ရဲ့ ဒေါသတကြီး တိုက်ခိုက်မှုကြောင့်
လူ၁၅ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက ပြောကြားပါတယ်။
တောရိုင်း တိရစ္ဆာန်တွေဟာ ရန်စမခံရလို့ရှိရင် အစဉ်သဖြင့် တိုက်ခိုက်ရန်ရှာလေ့မရှိပေမယ့်
ဒီဇင်ဘာလ ၂၇ရက်က လူမှုမီဒီယာပေါ်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ လူတစ်ရပ်ကျော်မြင့်တဲ့
သံဆူးကြိုး အကာအရံကို ကျားသစ်တစ်ကောင် ခုန်ကျော်ပြီး ကားမောင်းသွားနေတဲ့
ဗန်ကားတစ်စီးနောက်ကို စပြီး ပြေးလိုက်သွားတာကို မြင်တွေ့ရပါတယ်