ကျုပ်ပါးပြင်ပေါ်က မျက်ရည်ပေါက်တွေ မရည်ရွယ်ဘဲ”ရေခံစာမျက်နှာပေါ်”လွင့်ကျလာတယ်

ကျုပ်ပါးပြင်ပေါ်က မျက်ရည်ပေါက်တွေ မရည်ရွယ်ဘဲ”ရေခံစာမျက်နှာပေါ်”လွင့်ကျလာတယ်
အေထြအေထြဗဟုသုတ
September 14, 2022AdminLeave A CommentOn ကျုပ်ပါးပြင်ပေါ်က မျက်ရည်ပေါက်တွေ မရည်ရွယ်ဘဲ”ရေခံစာမျက်နှာပေါ်”လွင့်ကျလာတယ်
“ရေခံစာမျက်နှာ”

စာအုပ်တစ်အုပ်ရဲ့ ရှေ့ဆုံးမှာ မျက်နှာဖုံးကိုလှန်လိုက်ပြီဆိုတာနဲ့..အရင်ဆုံးတွေ့ရတဲ့ စာရွက်လွတ် ဖြူလွှလွှတွေဟာ ရေခံစာမျက်နှာပေါ့..။


နှင်းတွေပိတ်နေအောင် ကျတဲ့နေ့လည်း အပျင်းထူနေလို့မရ။ လူပျိုကြီးတစ်ကိုယ်တည်း ဆိုပေမယ့် ဝမ်းရေးက ဒီစာအုပ်ဆိုင်လေးက ဖြေရှင်းပေးနေတာလေ..။

“အင်း…ခက်တယ်..ခက်တယ်..ဒီအပေအတေလေး ရောက်နေပြန်ပြီ..”


နှင်းတွေကြားက ဝိုးတဝါးအရိပ်ဟာ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ရေခဲချောင်းပုံးလွယ်ထားတဲ့ ကောင်လေး…သူလည်းမချမ်းနိုင်ရှာ။

ခဏနေ ဆိုင်ခင်းပြီး စာအုပ်တွေစီပြီးပြီ ဆိုတာနဲ့ ကောင်လေးပြန်သွားနေကြ..။ဦးကြီးသန်းတစ်ယောက် စဉ်းစားရ ကြပ်နေတာ တစ်ပတ်လောက်ရှိပြီ …ဆိုင်ရှေ့ကိုကောင်လေး စရောက်လာတဲ့ နေ့ကစလို့ပေါ့။

“ဟေ့ကောင်…သွား…သွား…သွား…ဘယ်လိုပေါက်လွှတ်ပဲစားလေးလဲကွ …ဟေ.. နေတိုင်းဆိုင်ရှေ့ ဘာခိုးမလို့…. လာချောင်းနေတာလဲ…”


မောင်းထုတ်လိုက် တော့လည်း ကောင်းလေးက ပြုံးဖြဲဖြဲနဲ့ ကျုပ်ဆိုင်ထဲကို တစ်ချက် စူးစူးစိုက်စိုက်ကြည့်…ဂလိုင်လေးလွှဲပြီး ရေခဲချောင်ပုံးကြီး မနိုင့်တနိုင်နဲ့ ပြေးထွက်သွားတာပဲ…။

ကျုပ်ကလည်း လူတစ်မျိုးဗျ ကျုပ်ကို လာစောင့်ကြည့်နေသလို လာချောင်းနေလို လုပ်ရင်ဘယ်သူဖြစ်ဖြစ် မကြိုက်ဘူး ။ ဝင်လိုက်ထွက်လိုက်နဲ့ ခေတ်ဆိုး ခေတ်ပျက်ကြီးထဲ တကိုယ်ရေလုံခြုံမှုတွေ စော်ကားခံနေရတဲ့ ကာလတွေမှတ်လားဗျ။

“ဦးလေး…ဦးလေး..”


ဟော…နေတိုင်းလာနေတဲ့…ကောင်လေး

“ဘာလဲကွ..ဟေ..မင်းငါ့ဆိုင်ရှေ့နေတိုင်း..ဘာလာရှုပ်တာလဲကွ…ဟေ..”

“ဟာ…ကျနော်ရှုပ်မလို့..မဟုတ်ပါဘူး..ဦးလေးရာ ဦးလေးဆိုင်က စာအုပ်လေးတစ်အုပ် ဝယ်ချင်လိုု့..” “ဘာကွ…မင်းက..”

“ဟုတ်တယ်…ဦးလေးရ…ဟိုစင်ပေါ်ကစာအုပ်လေ” ကောင်လေးလက်ညှိုးထိုးပြတဲ့ နေရာကဒီကောင်နေတိုင်း လာကြည့်နေကြနေရာပဲ…။

“ကျနော်က…စာအုပ်ကလေး..သူများဝယ်သွားပြီလားလို့ လာလာကြည့်တာပါ ဦလေးရ…အဲဒီစာအုပ်လေး လာကြည့်ပြီးစျေးရောင်းရင် အားရှိတယ် ဦးလေးရ”….”ဟေ…ဟုတ်လား..မင်းကအလာကြီးပါလား…ဘာစာအုပ်တုန်း..”

ကောင်လေးဆိုင်ထဲ ဝင်လာပြီး စာအုပ်စင်ကို လက်ညှိုးထိုးပြတယ်..သူအရပ်နဲ့ကမမှီ။

“ဒါလား…ဆိုတော့ သူခေါင်းညိမ့်ပြတယ်”

ကြည့်လိုက်တော့ စာအုပ်မျက်နှာဖုံးသရုပ်ဖော်ပုံက ဦးထုပ်နောက်ပြန် ဆောင်းထားတဲ့ ကောင်လေးတစ်ယောက် ခွေးကြီးတစ်ကောင်ပေါ် မှီအိပ်ပြီး ကောင်းကင်ကိုငေးနေတဲ့ပုံနဲ့…..

“ဗိုလ်အေးမောင်…ဘာသာပြန်ထားတဲ့ ‘တွမ်’ကောင်လေးတစ်ယောက်ရဲ့ ကလေးဘဝစွန့်စားခန်း တွေအကြောင်းရေးထားတဲ့ စာအုပ်..။

“ကျနော်…ဦးလေးနဲ့ နဲနဲညှိလို့ရမလား”

“ဘာကွ…မင်းစကားကဘာလဲ…ကလေးက ကလေးစကား ပြောကွ..”

ညှိတယ်ဆိုတဲ့စကား ကျုပ်အမုန်းဆုံး။

“ဒီလို…ဦးလေးရာ …ဒီစာအုပ်က ကျနော်မနှစ်က ကျောင်းစာကြည့်တိုက်မှာ တဝက်လောက်ဖတ်ထား ပြီးသားဗျ…ဒီနှစ်ကျောင်းထွက်ထားရတော့ ကျနော် ဆက်ဖက်ခွင့်မရ…ဒီတော့အပိုင်ဝယ်ဖတ်မယ် ဦးလေးရာ…ဒါပေမယ့်..စာအုပ်က ၁၅၀၀ ဆိုတော့ ကျနော်ချက်ခြင်း မဝယ်နိုင်သေးလို့ပါ”

“ဒီတော့…ဘာဖြစ်လဲ”

ကျုပ်နဲနဲတော့ စိတ်ဝင်စားလာပြီ…

“ဒီတော့…ကျနော်..တနေ့ကို ၅ဝသွင်းမယ်…ဦးလေးရာ ပုံမှန်ပေးသွားရင်ဆယ်ရက်ကို ၅၀၀ ရက်၃၀ ဆိုရင် စာအုပ်ဖိုး ပြည့်ပြီ…တစ်လတော့…ကြာမယ်ဦလေးရာ”

အံမယ်…ဒီကောင်လေးက…အလာကြီး…သူ့တွက်ချက်မှုနဲ့သူဗျ…ကျုပ်ကောင်လေးကိုတဖြည်းဖြည်း…စိတ်ဝင်စားလာတယ်..”

“ငါ…စဉ်းစား…”

ကျုပ်စကားတောင်မဆုံးသေးဘူး

“ဟုတ်တယ်…ကျနော့်ကို စဉ်းစားပေး…ဦးလေးရာ မနက်ဖြန် ကျနော်ပြန်လာမယ်…အခုတော့…ရေခဲချောင်းတွေ အရေပျော်ကုန်မှာစိုးလို့…သွားရောင်းလိုက်ဦးမယ်ဗျာ…”

ပြောပြောဆိုဆိုနဲ့….ရေခဲချောင်းပုံးကောက်လွယ်ပြီး…ထွက်သွားတဲ့…ကောင်လေးရဲ့…ဂလိုင်သံလေးက နေပူပူထဲ…တဖြည်းဖြည်း…ဝေးဝေးသွားလေရဲ့”

“အဖေလည်း…ဦးလေးလိုပဲ စာအုပ်တွေ အများကြီးရှိတယ်…သူလည်းဖတ်တယ် ကျနော်တို့ ညီအကိုတွေကိုလည်း ပေးဖတ်တယ်….”

ကျုပ်ကို စဉ်းစာဖို့ပြောထားပြီး နောက်နေ့ ကောင်လေးရောက်လာတယ် ဆိုင်းမဆင့်ဗုံမဆင့်… သူ့အဖေအကြောင်းစပြောတာပဲ။

“အော်…မင်းအဖေက ဘာမှမလုပ်ဘဲ စာတွေချည်း ဖတ်နေတာလားကွ…ဟေ…”

အဖေတစ်ယောက်လုံး ရှိရက်နဲ့ သားလုပ်သူကရေခဲချောင်းရောင်းနေရတယ်ဆိုတော့….ကောင်လေး အဖေကဘာလဲ…။

“ဟာ…မဟုတ်ဘူးဗျ ဦးလေးရ အဖေက ကျနော်၁ဝနှစ်သားကတည်းက ညဖက်ကြီး ရဲတွေလာခေါ်သွားတာဗျ…ခုထိအိမ်ပြန်မရောက်လာသေးဘူး…ဦးလေးရာ..”

“ရပ်ကွက်ထဲကပြောတာတော့ နင့်အဖေက နိုင်ငံရေးသမားတဲ့..”

“အမေလည်း ကျနော်တို့ကို ကြိုးစားပြီး ကျောင်ထားတာပဲ…ဒီနှစ်တော့ အောက်ကအငယ်တွေကို ဦးစားပေးမယ်ဆိုလို့ ကျနော်ကျောင်းထွက်ပြီ ပိုက်ဆံရှာတာဗျ..”

ပြောပြောဆိုဆိုနဲ့ သူ့အကြည့်က လမ်းပေါ်က ကျောင်းသားလေးတွေဆီ..ငေးလို့။

“အဖေရှိတုန်းက …တေဇ..ရွှေသွေး..မိုးသောက်ပန်း..အပတ်စဉ်ဖတ်ရတယ်ဗျ..”

သူ့အပြောတွေမှာ ကျုပ်အတွေးနယ်ချဲ့နေတုန်း

“ဦးလေး…စဉ်းစားပြီးပြီလား..”

“အေး…ငါသဘောတူတယ်ကွာ”

ကောင်လေးမျက်နှာ ဝင်းလက်သွားတယ် ပြီးတော့ ပြုံးလာတယ် ။

“ရော့”

ကျုပ်လက်ထဲ ..ငါးကျပ်တန် အနွမ်းလေးတွေ လာထဲ့ပေးတယ် စုစုပေါင်း ၅၀ ကျပ်..။

“ဒီနေ့က စမှတ်ပေးနော်…ကျနော်အလုပ်လုပ်ပြီး ဝယ်ဖတ်တဲ့ စာအုပ်လေး အဖေ့ဆီလည်းပို့ပေးချင် လို့ပါ ဦးလေးရာ”

ကျုပ်စာရင်းမှတ်နေတာ တစ်ချက်ကြည့်ပြီး ကောင်လေးဆိုင်အပြင်ကို ထွက်သွားလေရဲ့…ထုံးစံအတိုင်း ဂလိုင်လေးတလှုပ်လှုပ်နဲ့ပေါ့…။

“ဦးလေး…ဦးလေး…”

မောကြီးပန်းကြီး ချွေးတွေသန်တွေနဲ့ နေခင်း ၂နာရီလောက်ကြီး ကောင်လေးပေါက်ချလာတယ်..။

“ဟေ့ကောင်…ဘာဖြစ်လာတာလည်း…ဟင်…မျက်နှာမှာလည်း ဒါဏ်ရာ တွေနဲ့ပါလားကွ..”

“ဟုတ်တယ်..ဦးလေးရာ ဒီနေ့ ကျနော် ပိုက်ဆံပိုလိုချင်တာနဲ့ ရေခဲချောင်း တွေအပိုယူပြီး တာလေးဘက်သွားရောင်းတာ ဟိုဘက်ပိုင်းက ကောင်တွေက နယ်ကျော်တယ် ဆိုပြီး ဝိုင်းလိုက်ကြတာဗျာ ”

“မင်း…လည်းတယ်ခက်ပါလား…ကျောင်းရှေ့မှာရောင်းနေတာ အဟုတ်သားနဲ့ကို..”

“ကျောင်းရှေ့မှာ အဆင်မပြေတော့ဘူး ဦးလေးရ ပညာရေးဝန်ကြီးက ဆရာ၊ဆရာမတွေ သက်သာရောင်းရမယ် ဆိုပြီး ကျောင်းထဲမှာ စျေးရောင်းခိုင်းတယ်တဲ့ …ကျနော့် ဆရာကြီးဦးစောမာရကူး ရေခဲချောင်းရောင်းနတာတွေ့တော့ ကျနော်စိတ်မကောင်း လိုက်တာဦးလေးရာ …”

“ဟေ…မင်းလည်း ချိုတကူးပဲကွ ကိုယ့်ဒုက္ခကိုယ် ဒုက္ခလို့မမြင်နိုင်ပဲကွ…”

“ကဲ..ထားတော့..အခုမင်းကိစ္စက..”

“ကျနော့်ရေခဲချောင်းပုံး မှောက်သွားတယ် ဦးလေးရာ ထွက်ပြေးရင်းနဲ့ ကျနော်လျော်ရတော့မယ်.”

“….အဲ..ဒီတော့…”

“ဦးလေးဆီမှာ စုထားတဲ့ စာအုပ်ဖိုးလေးတွေ ကျနော့်ကိုခဏပြန်ပေးပါလား ဦးလေးရာ”

အင်း…ကျုပ်..ထင်တော့ထင်သား..။

ဒီကောင်…ကျုပ်လာပြီးအကြံအဖန် လုပ်တာလားမသိ..။

“မင်း…လူလည်မလုပ်နဲ့ နော်..”

“ကျနော် ညာတာမဟုတ်ပါဘူး ဦးလေးရာ မယုံရင်ဒီမှာကြည့် ..”

ပြောပြောဆိုဆိုနဲ့ ပိန်လိန်နေတဲ့ သူ့ရေခဲချောင်းပုံးလေးကို ဖွင့်ပြတယ်။

“ဟုတ်ပ…ကြေမွနေတဲ့…ရေခဲချောင်းတွေ။

“ရော့…မင်းစုထားတဲ့…ငွေ…၁၀၀၀”

“ဟာ…အကုန်ပြန်မယူဘူး ဦးလေး ၅ဝဝပဲ”

ငွေတွေကို ရေပြီး ကျုပ်လက်ထဲ ၅ဝဝပြန်ထည့်ပေးတယ်..။

“စာအုပ်…ရဖို့ ၁ဝရက် နောက်ဆုတ်သွားတာပေါ့ ဦးလေးရာ..”

ကျုပ်ဆီကပြန် ထုတ်သွားတဲ့ငွေ ၅ဝဝကို ရေခဲချောင်းပုံးလေးထဲ ထည့်ပြီး ကောင်လေးထွက်သွားတော့မှ…

“ဟေ့…မင်းနာမည် ဘယ်လိုခေါ်လဲကွ”

ကျုပ်လှမ်းအော်မေးလိုက်တော့…

” ထွန်းမင်းအောင်…အားလုံးက…အထွန်း လို့ခေါ်တယ် ဦးလေးရေ..”

ကျုပ်ကို လှမ်းအော်ပြောပြီး နေပူကျဲကျဲထဲထွက်သွားလေရဲ့….ဒီတစ်ခါတော့ကောင်းလေး…အဲ….အထွန်း…ခြေလှမ်းတွေ လေးကန်နေသလားလို့….။

ဒီလိုနဲ့ ရက်တွေတဖြည်းဖြည်း ရက်တွေ ကုန်လာလိုက်တာ ဒီနေ့…အထွန်းနဲ့ ကျုပ်သဘောတူထားတဲ့……စာအုပ်ဖိုးပြည့်တဲ့နေ့…။

ဒီနေ့ အထွန်း..၅၀ သွင်းရင် ၁၅ဝဝပြည့်ပြီ…။

မနက်အစောကြီးနိုးနေတော့…ဘုရားရှိခိုးပြီး

ဆိုင်ကို စောစောလေးထွက်လာ လိုက်တယ်။

ဇန်နဝါရီ ပထမပတ် ဆိုတော့ နှင်းတွေမြူတွေ ပိန်းပိတ်အောင် မှောင်နေတုန်းပဲ..။

အလင်းလေးစသန်းတာနဲ့ ကျုပ်ဆိုင်တံခါးဖွင့်တာနဲ့က ကွက်တိ..။

“ဟော…ဟိုမှာ …အထွန်းရယ်…ကျုပ်ဆိုင်ဘက်ကို တရွေ့ရွေ့ လာနေတာလေ”

ကျုပ်ထင်တယ်…ဒီကောင်လေး ညကစိတ်ကူးတွေယဉ်ပြီး အိပ်ပျော်ပုံမရဘူး

သူ့လုပ်အားနဲ့ ရင်းပြီးရတဲ့ စာအုပ်ကလေး ကိုဆက်ဖက်ရတော့မယ် ဆိုတဲ့အတွေးနဲ့ ဒီကောင်ရင်ခုန်နေမှာပဲ…။

ကျုပ်ဆိုတဲ့လူကလည်း အချောင်မလိုချင်တဲ့ စိတ်ဓာတ်ဆို သိပ်တန်ဖိုးထားတာဗျ..။

ညက တညလုံးလည်း ဒီကောင်လိုချင်တဲ့ စာအုပ်ကို ကျုပ်တထိုင်ထဲ ဖတ်ပလိုက်တယ်။

စာအုပ်ထဲက ဇာတ်ကောင် “တွမ်ဆောရား…ရဲ့စွန့်စားခန်းတွေကို ကျုပ်စိတ်ကူးနဲ့ ရုပ်ရှင်ရိုက်ပစ်လိုက်တယ်…အထွန်းလည်း စွန့်စားခန်းတွေကို လူငယ်ပီပီ သဘောကျမှာပဲလေ..။ အထွန်းကို တာဝန်ယူတတ် တာဝန်ခံတတ်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ဖို့ ကျုပ်လည်း ဝိုင်းကူမှပါလေ။

“…..ဦးလေး….”

“တစ်ယောက်ထဲ စိတ်ကူးနေလိုက်တာ အထွန်း အနားရောက်လာတာ သတိမထား လိုက်မိဘူး…”

…ဟင်…အထွန်း…လည်းမဟုတ်ပါလား။

အထွန်းနဲ့ အတော်ဆင်တဲ့ ကောင်လေးတစ်ယောက် အထွန်းထက်တော့ နဲနဲ ငယ်မယ့်ပုံ…။

“မင်း..က..ဘယ်သူ….”

“ကျနော်…အထွန်းရဲ့ ညီလေးပါ..ဦးလေး”

“အထွန်းရော…သူနေမကောင်းဘူးလား…”

ကျုပ်အမေးကို ကောင်လေးမဖြေ….

မျက်ရည်တွေတလှိ့မ်လှိမ့် ကျနေတဲ့ မျက်နှာပေါ်မှာ ကျုပ်ရင်ထဲ…ထိတ်ကနဲ…

” အကိုကြီး…. မနေ့က …ရထားပေါ် ရေခဲချောင်း…လိုက်ရောင်းရင်း…တွဲအကူးမှာ…ရထားကြိတ်ပြီး…ညကသေပြီ..ဦးလေးရယ်…”

“…ဟာ…..ဟာ…ဟာ…

ကျုပ်ရင်ဘက်ကြီးတစ်ခုလုံးပွင့်ထွက် သွားမတတ်…ကျုပ်နားကိုကျုပ်မယုံနိုင်…”

“မင်း…ဒါ..စောစောစီးစီး…နောက်စရာ…မဟုတ်ဘူးကွနော်…”

ကျုပ်အသံတွေ…မောဟနဲ့……ဒေါသသံပါနေတယ်..။

“ဒီမှာ…သူမသေခင်…ဦးလေးကို ပေးဖို့မှာသွားတဲ့…စာအုပ်ဖိုး…”

ကျုပ်လက်ထဲကို ကောင်လေးလာထည့် ပေးတာ ၅ဝတန် အကြေအနွမ်းလေး တစ်ရွက်။

“ဦးလေး….အသုဘကို …လာဖို့ အမေကမှာလိုက်တယ်…ကျနော်သွားတော့…မယ်…”

အထွန်းရဲ့ ညီဘာတွေ ဆက်ပြောသွားမှန်း ကျုပ်…မကြားနိုင်တော့….။

ကျုပ် …နဝေတိမ်တောင်နဲ့…လက်ထဲက..၅ဝတန်လေးကို…….

အထွန်း……..နေတိုင်းလာပေးနေကြ ပိုက်ဆံတွေ ကြားထဲထည့်လိုက်တယ်…။

၁၄၅၀ က ညကတည်းက အထွန်းလိုချင် တဲ့စာအုပ်ကြားထဲ ညှပ်ထားပြီးသား။

“ရော့….မင်းစုထားတဲ့ငွေ…၁၅၀၀..လို့ပြောပြီး အထွန်းရဲ့လုပ်အားကို..ဂုဏ်ပြုမယ်ဆိုတဲ့…

ကျုပ်စိတ်ကူး…ခုတော့…”

ကျုပ်အတွေးတွေ ဆို့နင့် ….လာရင်းက

အထွန်းဖတ်ပြီးရင်…သူ့အဖေဆီပို့ပေးမယ့်….စာအုပ်လေးရဲ့….”ရေခံစာမျက်နှာ”…ကို

ကျုပ်လှန်လိုက်တယ်…။

“အချောင်မလိုချင်တဲ့…

အထွန်းအတွက်…..

ဦးလေးရဲ့…ဂါရဝ”

ကျုပ်ပါးပြင်ပေါ်က မျက်ရည်ပေါက်တွေ မရည်ရွယ်ဘဲ…

“ရေခံစာမျက်နှာပေါ်”….လွင့်ကျလာတယ်….။

ဆော့ပင်အနီနဲ့….ရေးထားတဲ့စာတွေက

ကျုပ်မျက်ရည်တွေနဲ့ စာရွက်တစ်ခုလုံး ပြန့်လို့

ရဲရဲနီ….ကျုပ်မျက်လုံး အိမ်တွေဝေဝါး…

ကျုပ်နားတွေမကြားတော့…..ကျုပ်ပတ်ဝန်းကျင်က အချောင်မလိုချင်တဲ့…လူငယ်လေးတစ်ယောက်ကို …..သေမင်းဟာ…..အကောင်းကြိုက်လွန်းပြန်ပေါ့…..။

လေးစားစွာဖြင့်

အောင်ကျော်

Zawgyi

“ေရခံစာမ်က္ႏွာ”

စာအုပ္တစ္အုပ္ရဲ႕ ေရွ႕ဆုံးမွာ မ်က္ႏွာဖုံးကိုလွန္လိုက္ၿပီဆိုတာနဲ႔..အရင္ဆုံးေတြ႕ရတဲ့ စာ႐ြက္လြတ္ ျဖဴလႊလႊေတြဟာ ေရခံစာမ်က္ႏွာေပါ့..။

ႏွင္းေတြပိတ္ေနေအာင္ က်တဲ့ေန႔လည္း အပ်င္းထူေနလို႔မရ။ လူပ်ိဳႀကီးတစ္ကိုယ္တည္း ဆိုေပမယ့္ ဝမ္းေရးက ဒီစာအုပ္ဆိုင္ေလးက ေျဖရွင္းေပးေနတာေလ..။

“အင္း…ခက္တယ္..ခက္တယ္..ဒီအေပအေတေလး ေရာက္ေနျပန္ၿပီ..”

ႏွင္းေတြၾကားက ဝိုးတဝါးအရိပ္ဟာ စြပ္က်ယ္ဂ်ိဳင္းျပတ္နဲ႔ ေရခဲေခ်ာင္းပုံးလြယ္ထားတဲ့ ေကာင္ေလး…သူလည္းမခ်မ္းႏိုင္ရွာ။

ခဏေန ဆိုင္ခင္းၿပီး စာအုပ္ေတြစီၿပီးၿပီ ဆိုတာနဲ႔ ေကာင္ေလးျပန္သြားေနၾက..။ဦးႀကီးသန္းတစ္ေယာက္ စဥ္းစားရ ၾကပ္ေနတာ တစ္ပတ္ေလာက္ရွိၿပီ …ဆိုင္ေရွ႕ကိုေကာင္ေလး စေရာက္လာတဲ့ ေန႔ကစလို႔ေပါ့။

“ေဟ့ေကာင္…သြား…သြား…သြား…ဘယ္လိုေပါက္လႊတ္ပဲစားေလးလဲကြ …ေဟ.. ေနတိုင္းဆိုင္ေရွ႕ ဘာခိုးမလို႔…. လာေခ်ာင္းေနတာလဲ…”

ေမာင္းထုတ္လိုက္ ေတာ့လည္း ေကာင္းေလးက ၿပဳံးၿဖဲၿဖဲနဲ႔ က်ဳပ္ဆိုင္ထဲကို တစ္ခ်က္ စူးစူးစိုက္စိုက္ၾကည့္…ဂလိုင္ေလးလႊဲၿပီး ေရခဲေခ်ာင္ပုံးႀကီး မႏိုင့္တႏိုင္နဲ႔ ေျပးထြက္သြားတာပဲ…။

က်ဳပ္ကလည္း လူတစ္မ်ိဳးဗ် က်ဳပ္ကို လာေစာင့္ၾကည့္ေနသလို လာေခ်ာင္းေနလို လုပ္ရင္ဘယ္သူျဖစ္ျဖစ္ မႀကိဳက္ဘူး ။ ဝင္လိုက္ထြက္လိုက္နဲ႔ ေခတ္ဆိုး ေခတ္ပ်က္ႀကီးထဲ တကိုယ္ေရလုံၿခဳံမႈေတြ ေစာ္ကားခံေနရတဲ့ ကာလေတြမွတ္လားဗ်။

“ဦးေလး…ဦးေလး..”

ေဟာ…ေနတိုင္းလာေနတဲ့…ေကာင္ေလး

“ဘာလဲကြ..ေဟ..မင္းငါ့ဆိုင္ေရွ႕ေနတိုင္း..ဘာလာရႈပ္တာလဲကြ…ေဟ..”

“ဟာ…က်ေနာ္ရႈပ္မလို႔..မဟုတ္ပါဘူး..ဦးေလးရာ ဦးေလးဆိုင္က စာအုပ္ေလးတစ္အုပ္ ဝယ္ခ်င္လိုု႔..” “ဘာကြ…မင္းက..”

“ဟုတ္တယ္…ဦးေလးရ…ဟိုစင္ေပၚကစာအုပ္ေလ” ေကာင္ေလးလက္ညႇိဳးထိုးျပတဲ့ ေနရာကဒီေကာင္ေနတိုင္း လာၾကည့္ေနၾကေနရာပဲ…။

“က်ေနာ္က…စာအုပ္ကေလး..သူမ်ားဝယ္သြားၿပီလားလို႔ လာလာၾကည့္တာပါ ဦေလးရ…အဲဒီစာအုပ္ေလး လာၾကည့္ၿပီးေစ်းေရာင္းရင္ အားရွိတယ္ ဦးေလးရ”….”ေဟ…ဟုတ္လား..မင္းကအလာႀကီးပါလား…ဘာစာအုပ္တုန္း..”

ေကာင္ေလးဆိုင္ထဲ ဝင္လာၿပီး စာအုပ္စင္ကို လက္ညႇိဳးထိုးျပတယ္..သူအရပ္နဲ႔ကမမွီ။

“ဒါလား…ဆိုေတာ့ သူေခါင္းညိမ့္ျပတယ္”

ၾကည့္လိုက္ေတာ့ စာအုပ္မ်က္ႏွာဖုံးသ႐ုပ္ေဖာ္ပုံက ဦးထုပ္ေနာက္ျပန္ ေဆာင္းထားတဲ့ ေကာင္ေလးတစ္ေယာက္ ေခြးႀကီးတစ္ေကာင္ေပၚ မွီအိပ္ၿပီး ေကာင္းကင္ကိုေငးေနတဲ့ပုံနဲ႔…..

“ဗိုလ္ေအးေမာင္…ဘာသာျပန္ထားတဲ့ ‘တြမ္’ေကာင္ေလးတစ္ေယာက္ရဲ႕ ကေလးဘဝစြန႔္စားခန္း ေတြအေၾကာင္းေရးထားတဲ့ စာအုပ္..။

“က်ေနာ္…ဦးေလးနဲ႔ နဲနဲညႇိလို႔ရမလား”

“ဘာကြ…မင္းစကားကဘာလဲ…ကေလးက ကေလးစကား ေျပာကြ..”

ညႇိတယ္ဆိုတဲ့စကား က်ဳပ္အမုန္းဆုံး။

“ဒီလို…ဦးေလးရာ …ဒီစာအုပ္က က်ေနာ္မႏွစ္က ေက်ာင္းစာၾကည့္တိုက္မွာ တဝက္ေလာက္ဖတ္ထား ၿပီးသားဗ်…ဒီႏွစ္ေက်ာင္းထြက္ထားရေတာ့ က်ေနာ္ ဆက္ဖက္ခြင့္မရ…ဒီေတာ့အပိုင္ဝယ္ဖတ္မယ္ ဦးေလးရာ…ဒါေပမယ့္..စာအုပ္က ၁၅၀၀ ဆိုေတာ့ က်ေနာ္ခ်က္ျခင္း မဝယ္ႏိုင္ေသးလို႔ပါ”

“ဒီေတာ့…ဘာျဖစ္လဲ”

က်ဳပ္နဲနဲေတာ့ စိတ္ဝင္စားလာၿပီ…

“ဒီေတာ့…က်ေနာ္..တေန႔ကို ၅ဝသြင္းမယ္…ဦးေလးရာ ပုံမွန္ေပးသြားရင္ဆယ္ရက္ကို ၅၀၀ ရက္၃၀ ဆိုရင္ စာအုပ္ဖိုး ျပည့္ၿပီ…တစ္လေတာ့…ၾကာမယ္ဦေလးရာ”

အံမယ္…ဒီေကာင္ေလးက…အလာႀကီး…သူ႔တြက္ခ်က္မႈနဲ႔သူဗ်…က်ဳပ္ေကာင္ေလးကိုတျဖည္းျဖည္း…စိတ္ဝင္စားလာတယ္..”

“ငါ…စဥ္းစား…”

က်ဳပ္စကားေတာင္မဆုံးေသးဘူး

“ဟုတ္တယ္…က်ေနာ့္ကို စဥ္းစားေပး…ဦးေလးရာ မနက္ျဖန္ က်ေနာ္ျပန္လာမယ္…အခုေတာ့…ေရခဲေခ်ာင္းေတြ အေရေပ်ာ္ကုန္မွာစိုးလို႔…သြားေရာင္းလိုက္ဦးမယ္ဗ်ာ…”

ေျပာေျပာဆိုဆိုနဲ႔….ေရခဲေခ်ာင္းပုံးေကာက္လြယ္ၿပီး…ထြက္သြားတဲ့…ေကာင္ေလးရဲ႕…ဂလိုင္သံေလးက ေနပူပူထဲ…တျဖည္းျဖည္း…ေဝးေဝးသြားေလရဲ႕”

“အေဖလည္း…ဦးေလးလိုပဲ စာအုပ္ေတြ အမ်ားႀကီးရွိတယ္…သူလည္းဖတ္တယ္ က်ေနာ္တို႔ ညီအကိုေတြကိုလည္း ေပးဖတ္တယ္….”

က်ဳပ္ကို စဥ္းစာဖို႔ေျပာထားၿပီး ေနာက္ေန႔ ေကာင္ေလးေရာက္လာတယ္ ဆိုင္းမဆင့္ဗုံမဆင့္… သူ႔အေဖအေၾကာင္းစေျပာတာပဲ။

“ေအာ္…မင္းအေဖက ဘာမွမလုပ္ဘဲ စာေတြခ်ည္း ဖတ္ေနတာလားကြ…ေဟ…”

အေဖတစ္ေယာက္လုံး ရွိရက္နဲ႔ သားလုပ္သူကေရခဲေခ်ာင္းေရာင္းေနရတယ္ဆိုေတာ့….ေကာင္ေလး အေဖကဘာလဲ…။

“ဟာ…မဟုတ္ဘူးဗ် ဦးေလးရ အေဖက က်ေနာ္၁ဝႏွစ္သားကတည္းက ညဖက္ႀကီး ရဲေတြလာေခၚသြားတာဗ်…ခုထိအိမ္ျပန္မေရာက္လာေသးဘူး…ဦးေလးရာ..”

“ရပ္ကြက္ထဲကေျပာတာေတာ့ နင့္အေဖက ႏိုင္ငံေရးသမားတဲ့..”

“အေမလည္း က်ေနာ္တို႔ကို ႀကိဳးစားၿပီး ေက်ာင္ထားတာပဲ…ဒီႏွစ္ေတာ့ ေအာက္ကအငယ္ေတြကို ဦးစားေပးမယ္ဆိုလို႔ က်ေနာ္ေက်ာင္းထြက္ၿပီ ပိုက္ဆံရွာတာဗ်..”

ေျပာေျပာဆိုဆိုနဲ႔ သူ႔အၾကည့္က လမ္းေပၚက ေက်ာင္းသားေလးေတြဆီ..ေငးလို႔။

“အေဖရွိတုန္းက …ေတဇ..ေ႐ႊေသြး..မိုးေသာက္ပန္း..အပတ္စဥ္ဖတ္ရတယ္ဗ်..”

သူ႔အေျပာေတြမွာ က်ဳပ္အေတြးနယ္ခ်ဲ႕ေနတုန္း

“ဦးေလး…စဥ္းစားၿပီးၿပီလား..”

“ေအး…ငါသေဘာတူတယ္ကြာ”

ေကာင္ေလးမ်က္ႏွာ ဝင္းလက္သြားတယ္ ၿပီးေတာ့ ၿပဳံးလာတယ္ ။

“ေရာ့”

က်ဳပ္လက္ထဲ ..ငါးက်ပ္တန္ အႏြမ္းေလးေတြ လာထဲ့ေပးတယ္ စုစုေပါင္း ၅၀ က်ပ္..။

“ဒီေန႔က စမွတ္ေပးေနာ္…က်ေနာ္အလုပ္လုပ္ၿပီး ဝယ္ဖတ္တဲ့ စာအုပ္ေလး အေဖ့ဆီလည္းပို႔ေပးခ်င္ လို႔ပါ ဦးေလးရာ”

က်ဳပ္စာရင္းမွတ္ေနတာ တစ္ခ်က္ၾကည့္ၿပီး ေကာင္ေလးဆိုင္အျပင္ကို ထြက္သြားေလရဲ႕…ထုံးစံအတိုင္း ဂလိုင္ေလးတလႈပ္လႈပ္နဲ႔ေပါ့…။

“ဦးေလး…ဦးေလး…”

ေမာႀကီးပန္းႀကီး ေခြၽးေတြသန္ေတြနဲ႔ ေနခင္း ၂နာရီေလာက္ႀကီး ေကာင္ေလးေပါက္ခ်လာတယ္..။

“ေဟ့ေကာင္…ဘာျဖစ္လာတာလည္း…ဟင္…မ်က္ႏွာမွာလည္း ဒါဏ္ရာ ေတြနဲ႔ပါလားကြ..”

“ဟုတ္တယ္..ဦးေလးရာ ဒီေန႔ က်ေနာ္ ပိုက္ဆံပိုလိုခ်င္တာနဲ႔ ေရခဲေခ်ာင္း ေတြအပိုယူၿပီး တာေလးဘက္သြားေရာင္းတာ ဟိုဘက္ပိုင္းက ေကာင္ေတြက နယ္ေက်ာ္တယ္ ဆိုၿပီး ဝိုင္းလိုက္ၾကတာဗ်ာ ”

“မင္း…လည္းတယ္ခက္ပါလား…ေက်ာင္းေရွ႕မွာေရာင္းေနတာ အဟုတ္သားနဲ႔ကို..”

“ေက်ာင္းေရွ႕မွာ အဆင္မေျပေတာ့ဘူး ဦးေလးရ ပညာေရးဝန္ႀကီးက ဆရာ၊ဆရာမေတြ သက္သာေရာင္းရမယ္ ဆိုၿပီး ေက်ာင္းထဲမွာ ေစ်းေရာင္းခိုင္းတယ္တဲ့ …က်ေနာ့္ ဆရာႀကီးဦးေစာမာရကူး ေရခဲေခ်ာင္းေရာင္းနတာေတြ႕ေတာ့ က်ေနာ္စိတ္မေကာင္း လိုက္တာဦးေလးရာ …”

“ေဟ…မင္းလည္း ခ်ိဳတကူးပဲကြ ကိုယ့္ဒုကၡကိုယ္ ဒုကၡလို႔မျမင္ႏိုင္ပဲကြ…”

“ကဲ..ထားေတာ့..အခုမင္းကိစၥက..”

“က်ေနာ့္ေရခဲေခ်ာင္းပုံး ေမွာက္သြားတယ္ ဦးေလးရာ ထြက္ေျပးရင္းနဲ႔ က်ေနာ္ေလ်ာ္ရေတာ့မယ္.”

“….အဲ..ဒီေတာ့…”

“ဦးေလးဆီမွာ စုထားတဲ့ စာအုပ္ဖိုးေလးေတြ က်ေနာ့္ကိုခဏျပန္ေပးပါလား ဦးေလးရာ”

အင္း…က်ဳပ္..ထင္ေတာ့ထင္သား..။

ဒီေကာင္…က်ဳပ္လာၿပီးအႀကံအဖန္ လုပ္တာလားမသိ..။

“မင္း…လူလည္မလုပ္နဲ႔ ေနာ္..”

“က်ေနာ္ ညာတာမဟုတ္ပါဘူး ဦးေလးရာ မယုံရင္ဒီမွာၾကည့္ ..”

ေျပာေျပာဆိုဆိုနဲ႔ ပိန္လိန္ေနတဲ့ သူ႔ေရခဲေခ်ာင္းပုံးေလးကို ဖြင့္ျပတယ္။

“ဟုတ္ပ…ေၾကမြေနတဲ့…ေရခဲေခ်ာင္းေတြ။

“ေရာ့…မင္းစုထားတဲ့…ေငြ…၁၀၀၀”

“ဟာ…အကုန္ျပန္မယူဘူး ဦးေလး ၅ဝဝပဲ”

ေငြေတြကို ေရၿပီး က်ဳပ္လက္ထဲ ၅ဝဝျပန္ထည့္ေပးတယ္..။

“စာအုပ္…ရဖို႔ ၁ဝရက္ ေနာက္ဆုတ္သြားတာေပါ့ ဦးေလးရာ..”

က်ဳပ္ဆီကျပန္ ထုတ္သြားတဲ့ေငြ ၅ဝဝကို ေရခဲေခ်ာင္းပုံးေလးထဲ ထည့္ၿပီး ေကာင္ေလးထြက္သြားေတာ့မွ…

“ေဟ့…မင္းနာမည္ ဘယ္လိုေခၚလဲကြ”

က်ဳပ္လွမ္းေအာ္ေမးလိုက္ေတာ့…

” ထြန္းမင္းေအာင္…အားလုံးက…အထြန္း လို႔ေခၚတယ္ ဦးေလးေရ..”

က်ဳပ္ကို လွမ္းေအာ္ေျပာၿပီး ေနပူက်ဲက်ဲထဲထြက္သြားေလရဲ႕….ဒီတစ္ခါေတာ့ေကာင္းေလး…အဲ….အထြန္း…ေျခလွမ္းေတြ ေလးကန္ေနသလားလို႔….။

ဒီလိုနဲ႔ ရက္ေတြတျဖည္းျဖည္း ရက္ေတြ ကုန္လာလိုက္တာ ဒီေန႔…အထြန္းနဲ႔ က်ဳပ္သေဘာတူထားတဲ့……စာအုပ္ဖိုးျပည့္တဲ့ေန႔…။

ဒီေန႔ အထြန္း..၅၀ သြင္းရင္ ၁၅ဝဝျပည့္ၿပီ…။

မနက္အေစာႀကီးႏိုးေနေတာ့…ဘုရားရွိခိုးၿပီး

ဆိုင္ကို ေစာေစာေလးထြက္လာ လိုက္တယ္။

ဇန္နဝါရီ ပထမပတ္ ဆိုေတာ့ ႏွင္းေတြျမဴေတြ ပိန္းပိတ္ေအာင္ ေမွာင္ေနတုန္းပဲ..။

အလင္းေလးစသန္းတာနဲ႔ က်ဳပ္ဆိုင္တံခါးဖြင့္တာနဲ႔က ကြက္တိ..။

“ေဟာ…ဟိုမွာ …အထြန္းရယ္…က်ဳပ္ဆိုင္ဘက္ကို တေ႐ြ႕ေ႐ြ႕ လာေနတာေလ”

က်ဳပ္ထင္တယ္…ဒီေကာင္ေလး ညကစိတ္ကူးေတြယဥ္ၿပီး အိပ္ေပ်ာ္ပုံမရဘူး

သူ႔လုပ္အားနဲ႔ ရင္းၿပီးရတဲ့ စာအုပ္ကေလး ကိုဆက္ဖက္ရေတာ့မယ္ ဆိုတဲ့အေတြးနဲ႔ ဒီေကာင္ရင္ခုန္ေနမွာပဲ…။

က်ဳပ္ဆိုတဲ့လူကလည္း အေခ်ာင္မလိုခ်င္တဲ့ စိတ္ဓာတ္ဆို သိပ္တန္ဖိုးထားတာဗ်..။

ညက တညလုံးလည္း ဒီေကာင္လိုခ်င္တဲ့ စာအုပ္ကို က်ဳပ္တထိုင္ထဲ ဖတ္ပလိုက္တယ္။

စာအုပ္ထဲက ဇာတ္ေကာင္ “တြမ္ေဆာရား…ရဲ႕စြန႔္စားခန္းေတြကို က်ဳပ္စိတ္ကူးနဲ႔ ႐ုပ္ရွင္႐ိုက္ပစ္လိုက္တယ္…အထြန္းလည္း စြန႔္စားခန္းေတြကို လူငယ္ပီပီ သေဘာက်မွာပဲေလ..။ အထြန္းကို တာဝန္ယူတတ္ တာဝန္ခံတတ္တဲ့ လူငယ္ေလးတစ္ေယာက္ ျဖစ္ဖို႔ က်ဳပ္လည္း ဝိုင္းကူမွပါေလ။

“…..ဦးေလး….”

“တစ္ေယာက္ထဲ စိတ္ကူးေနလိုက္တာ အထြန္း အနားေရာက္လာတာ သတိမထား လိုက္မိဘူး…”

…ဟင္…အထြန္း…လည္းမဟုတ္ပါလား။

အထြန္းနဲ႔ အေတာ္ဆင္တဲ့ ေကာင္ေလးတစ္ေယာက္ အထြန္းထက္ေတာ့ နဲနဲ ငယ္မယ့္ပုံ…။

“မင္း..က..ဘယ္သူ….”

“က်ေနာ္…အထြန္းရဲ႕ ညီေလးပါ..ဦးေလး”

“အထြန္းေရာ…သူေနမေကာင္းဘူးလား…”

က်ဳပ္အေမးကို ေကာင္ေလးမေျဖ….

မ်က္ရည္ေတြတလွိ႔မ္လွိမ့္ က်ေနတဲ့ မ်က္ႏွာေပၚမွာ က်ဳပ္ရင္ထဲ…ထိတ္ကနဲ…

” အကိုႀကီး…. မေန႔က …ရထားေပၚ ေရခဲေခ်ာင္း…လိုက္ေရာင္းရင္း…တြဲအကူးမွာ…ရထားႀကိတ္ၿပီး…ညကေသၿပီ..ဦးေလးရယ္…”

“…ဟာ…..ဟာ…ဟာ…

က်ဳပ္ရင္ဘက္ႀကီးတစ္ခုလုံးပြင့္ထြက္ သြားမတတ္…က်ဳပ္နားကိုက်ဳပ္မယုံႏိုင္…”

“မင္း…ဒါ..ေစာေစာစီးစီး…ေနာက္စရာ…မဟုတ္ဘူးကြေနာ္…”

က်ဳပ္အသံေတြ…ေမာဟနဲ႔……ေဒါသသံပါေနတယ္..။

“ဒီမွာ…သူမေသခင္…ဦးေလးကို ေပးဖို႔မွာသြားတဲ့…စာအုပ္ဖိုး…”

က်ဳပ္လက္ထဲကို ေကာင္ေလးလာထည့္ ေပးတာ ၅ဝတန္ အေၾကအႏြမ္းေလး တစ္႐ြက္။

“ဦးေလး….အသုဘကို …လာဖို႔ အေမကမွာလိုက္တယ္…က်ေနာ္သြားေတာ့…မယ္…”

အထြန္းရဲ႕ ညီဘာေတြ ဆက္ေျပာသြားမွန္း က်ဳပ္…မၾကားႏိုင္ေတာ့….။

က်ဳပ္ …နေဝတိမ္ေတာင္နဲ႔…လက္ထဲက..၅ဝတန္ေလးကို…….

အထြန္း……..ေနတိုင္းလာေပးေနၾက ပိုက္ဆံေတြ ၾကားထဲထည့္လိုက္တယ္…။

၁၄၅၀ က ညကတည္းက အထြန္းလိုခ်င္ တဲ့စာအုပ္ၾကားထဲ ညႇပ္ထားၿပီးသား။

“ေရာ့….မင္းစုထားတဲ့ေငြ…၁၅၀၀..လို႔ေျပာၿပီး အထြန္းရဲ႕လုပ္အားကို..ဂုဏ္ျပဳမယ္ဆိုတဲ့…

က်ဳပ္စိတ္ကူး…ခုေတာ့…”

က်ဳပ္အေတြးေတြ ဆို႔နင့္ ….လာရင္းက

အထြန္းဖတ္ၿပီးရင္…သူ႔အေဖဆီပို႔ေပးမယ့္….စာအုပ္ေလးရဲ႕….”ေရခံစာမ်က္ႏွာ”…ကို

က်ဳပ္လွန္လိုက္တယ္…။

“အေခ်ာင္မလိုခ်င္တဲ့…

အထြန္းအတြက္…..

ဦးေလးရဲ႕…ဂါရဝ”

က်ဳပ္ပါးျပင္ေပၚက မ်က္ရည္ေပါက္ေတြ မရည္႐ြယ္ဘဲ…

“ေရခံစာမ်က္ႏွာေပၚ”….လြင့္က်လာတယ္….။

ေဆာ့ပင္အနီနဲ႔….ေရးထားတဲ့စာေတြက

က်ဳပ္မ်က္ရည္ေတြနဲ႔ စာ႐ြက္တစ္ခုလုံး ျပန႔္လို႔

ရဲရဲနီ….က်ဳပ္မ်က္လုံး အိမ္ေတြေဝဝါး…

က်ဳပ္နားေတြမၾကားေတာ့…..က်ဳပ္ပတ္ဝန္းက်င္က အေခ်ာင္မလိုခ်င္တဲ့…လူငယ္ေလးတစ္ေယာက္ကို …..ေသမင္းဟာ…..အေကာင္းႀကိဳက္လြန္းျပန္ေပါ့…..။

ေလးစားစြာျဖင့္

ေအာင္ေက်ာ္

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed