တခ်ိန္က ဦးေက်ာ္ဟိန္းလည္း ဘြိဳင္းေကာ့ လုပ္ခံခဲ့ရဖူးတယ္ဆို သင္ယုံမလား

Zawgyi

တခ်ိန္က ဦးေက်ာ္ဟိန္းလည္း ဘြိဳင္းေကာ့ လုပ္ခံခဲ့ရဖူးတယ္ဆို သင္ယုံမလား

ျမန္မာ့႐ုပ္ရွင္ ေလာကကို ႏွစ္ေပါင္းမ်ားစြာ လႊမ္းမိုးထားႏိုင္ခဲ့တဲ့ မင္းသားႀကီး ေက်ာ္ဟိန္း တခ်ိန္တုန္းက သ႐ုပ္ပ်က္ ဝတ္စားဆင္ယင္မႈေၾကာင့္ ေက်ာ္ဟိန္း အလိုမရွိ ဆိုၿပီး စာနယ္ဇင္းေတြရဲ႕ ေရးသားမႈအျပင္ လူေတြ႕ရဲ႕ လက္မခံမႈကို ႀကဳံခဲ့ရဖူးတယ္ ဆိုရင္ အံ့ၾသၾကလိမ့္မယ္ ထင္ပါတယ္။


အဲဒီတုန္းက အေနာက္တိုင္း ယဥ္ေက်းမႈ အေနာက္တိုင္း ဂီတကို လူတိုင္း လက္မခံႏိုင္ေသးတဲ့ အခ်ိန္ ေက်ာ္ဟိန္းရဲ႕ ဝတ္စားဆင္ယင္မႈအသံေသး အသံေၾကာင္နဲ႔ သီဆိုဟန္တြန္႔လိမ္ေကာက္ ေကြးတဲ့ သူ႔အမူအရာေတြဟာ လူငယ္ တခ်ိဳ႕ ၾကားေရပန္းစားေကာင္း စားၾကေပမယ့္ လူႀကီးေတြ ၾကားမွာေတာ့မ်က္စိေနာက္စရာ ေဝဖန္စရာ ျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။

ဒါေၾကာင့္လည္း တက္သစ္စမင္းသားဘဝမွာ (မယ္ရီ) ျမန္မာ့ယဥ္ေက်းမႈကို စင္ျမင္ထက္ကေန လူသိထင္ရွား ဖ်က္ဆီးေနသူ ေငြေၾကးနဲ႔ အဆက္အသြယ္ေၾကာင့္သာ အႏုပညာ စင္ျမင့္ကို ေရာက္လာသူလို႔ စာနယ္ဇင္းေတြရဲ႕ စာမ်က္ႏွာေပၚကေန ျပင္းျပင္းထန္ထန္ ေရးသားျခင္းကို ခံခဲ့ရပါတယ္။


ေက်ာ္ဟိန္းနဲ႔ပရိတ္သတ္ၾကား႐ုတ္႐ုတ္သဲသဲျဖစ္ခဲ့ရတဲ့ ျပႆ နာကေတာ့ ၁၉၇၂ ခုႏွစ္က ပ်ဥ္းမနား ႏွစ္က်ိပ္ရွစ္ဆူ ဘုရားပြဲမွာ ေက်ာ္ဟိန္းရဲ႕ ေဖ်ာ္ေျဖမႈအမူအယာကိုမ်က္စိေနာက္ခဲ့တာေၾကာင့္လို႔ ဆိုရမွာပါ။

အဲဒီတုန္းက စာနယ္ဇင္းေတြမွာေဖာ္ျပတာကေတာ့ ႏွစ္က်ိပ္ရွစ္ဆူ ဘုရားပြဲမွာ ေဖ်ာ္ေျဖခဲ့တဲ့ ေက်ာ္ဟိန္းရဲ႕ေခါင္း ေလာင္းေဘာင္းဘီတြန္႔လိမ္ ေကာက္ေကြးတဲ့အမူအရာ သံေသးသံေၾကာင္ ေဖ်ာ္ေျဖမႈကို ၿမိဳ႕လူထုက သည္းမခံႏိုင္ေလာက္ေအာင္ ျဖစ္ရတဲ့အတြက္ ေအာ္ဟစ္ဆဲဆိုကာ ေက်ာ္ဟိန္း အလိုမရွိလို႔ ေႂကြးေၾကာ္ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ဆိုပါတယ္။


သ႐ုပ္ပ်က္ဝတ္စားေနတဲ့မင္းသား မ်ား စာရင္းမွာေက်ာ္ဟိန္းဟာ ထိပ္ဆုံးမွာ ရွိခဲ့ၿပီးသူဟာ အႏု ပညာနဲ႔ျပည္သူကိုေဖ်ာ္ေျဖရမယ့္အစားေခါင္းေလာင္း ေဘာင္းဘီ ကိုဝတ္ သ႐ုပ္ပ်က္ သီခ်င္းကို ဆိုေကာက္ေကာက္ေကြးေကြး တြန္႔လိမ္ကာ ထင္ရာလုပ္ျပတာေၾကာင့္လို႔ ပရိတ္သတ္က သည္းမခံႏိုင္တဲ့အဆုံး ျပသနာ ျဖစ္ရတယ္လို႔ ေဝဖန္ ေရးသားၾကပါတယ္။

ဒါေၾကာင့္လည္း ၁၉၇၂ ခုႏွစ္ ႏိုဝင္ဘာလ ၂၇ရက္မွာ ေက်ာ္ဟိန္းဟာ စာနယ္ဇင္း ပုဂၢိဳလ္မ်ားနဲ႔ ႐ုပ္ရွင္ေကာင္စီ ခန္းမမွာ ၾသဝါဒ ခံယူၿပီး ဝန္ခ် ေတာင္းပန္ခဲ့ရပါတယ္။ေနာက္ပိုင္းမွာေတာ့ ဒီလိုစြပ္စြဲခံရတဲ့ ေက်ာ္ဟိန္းဟာ သူ႔ရဲ႕ပရိတ္သတ္ကို ျပန္စုစည္းႏိုင္ခဲ့ၿပီး ပရိတ္သတ္ကလည္းသ႐ုပ္ေဆာင္မႈကို တျဖည္း ျဖည္း လက္ခံလာခဲ့ၾကတယ္ လို႔ ဆိုရမွာပါ။

Unicode

တချိန်က ဦးကျော်ဟိန်းလည်း ဘွိုင်းကော့ လုပ်ခံခဲ့ရဖူးတယ်ဆို သင်ယုံမလား

မြန်မာ့ရုပ်ရှင် လောကကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်း တချိန်တုန်းက သရုပ်ပျက် ဝတ်စားဆင်ယင်မှုကြောင့် ကျော်ဟိန်း အလိုမရှိ ဆိုပြီး စာနယ်ဇင်းတွေရဲ့ ရေးသားမှုအပြင် လူတွေ့ရဲ့ လက်မခံမှုကို ကြုံခဲ့ရဖူးတယ် ဆိုရင် အံ့သြကြလိမ့်မယ် ထင်ပါတယ်။


အဲဒီတုန်းက အနောက်တိုင်း ယဉ်ကျေးမှု အနောက်တိုင်း ဂီတကို လူတိုင်း လက်မခံနိုင်သေးတဲ့ အချိန် ကျော်ဟိန်းရဲ့ ဝတ်စားဆင်ယင်မှုအသံသေး အသံကြောင်နဲ့ သီဆိုဟန်တွန့်လိမ်ကောက် ကွေးတဲ့ သူ့အမူအရာတွေဟာ လူငယ် တချို့ ကြားရေပန်းစားကောင်း စားကြပေမယ့် လူကြီးတွေ ကြားမှာတော့မျက်စိနောက်စရာ ဝေဖန်စရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါကြောင့်လည်း တက်သစ်စမင်းသားဘဝမှာ (မယ်ရီ) မြန်မာ့ယဉ်ကျေးမှုကို စင်မြင်ထက်ကနေ လူသိထင်ရှား ဖျက်ဆီးနေသူ ငွေကြေးနဲ့ အဆက်အသွယ်ကြောင့်သာ အနုပညာ စင်မြင့်ကို ရောက်လာသူလို့ စာနယ်ဇင်းတွေရဲ့ စာမျက်နှာပေါ်ကနေ ပြင်းပြင်းထန်ထန် ရေးသားခြင်းကို ခံခဲ့ရပါတယ်။


ကျော်ဟိန်းနဲ့ပရိတ်သတ်ကြားရုတ်ရုတ်သဲသဲဖြစ်ခဲ့ရတဲ့ ပြဿ နာကတော့ ၁၉၇၂ ခုနှစ်က ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ကျော်ဟိန်းရဲ့ ဖျော်ဖြေမှုအမူအယာကိုမျက်စိနောက်ခဲ့တာကြောင့်လို့ ဆိုရမှာပါ။

အဲဒီတုန်းက စာနယ်ဇင်းတွေမှာဖော်ပြတာကတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ ဖျော်ဖြေခဲ့တဲ့ ကျော်ဟိန်းရဲ့ခေါင်း လောင်းဘောင်းဘီတွန့်လိမ် ကောက်ကွေးတဲ့အမူအရာ သံသေးသံကြောင် ဖျော်ဖြေမှုကို မြို့လူထုက သည်းမခံနိုင်လောက်အောင် ဖြစ်ရတဲ့အတွက် အော်ဟစ်ဆဲဆိုကာ ကျော်ဟိန်း အလိုမရှိလို့ ကြွေးကြော်ခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။


သရုပ်ပျက်ဝတ်စားနေတဲ့မင်းသား များ စာရင်းမှာကျော်ဟိန်းဟာ ထိပ်ဆုံးမှာ ရှိခဲ့ပြီးသူဟာ အနု ပညာနဲ့ပြည်သူကိုဖျော်ဖြေရမယ့်အစားခေါင်းလောင်း ဘောင်းဘီ ကိုဝတ် သရုပ်ပျက် သီချင်းကို ဆိုကောက်ကောက်ကွေးကွေး တွန့်လိမ်ကာ ထင်ရာလုပ်ပြတာကြောင့်လို့ ပရိတ်သတ်က သည်းမခံနိုင်တဲ့အဆုံး ပြသနာ ဖြစ်ရတယ်လို့ ဝေဖန် ရေးသားကြပါတယ်။

ဒါကြောင့်လည်း ၁၉၇၂ ခုနှစ် နိုဝင်ဘာလ ၂၇ရက်မှာ ကျော်ဟိန်းဟာ စာနယ်ဇင်း ပုဂ္ဂိုလ်များနဲ့ ရုပ်ရှင်ကောင်စီ ခန်းမမှာ သြဝါဒ ခံယူပြီး ဝန်ချ တောင်းပန်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ ဒီလိုစွပ်စွဲခံရတဲ့ ကျော်ဟိန်းဟာ သူ့ရဲ့ပရိတ်သတ်ကို ပြန်စုစည်းနိုင်ခဲ့ပြီး ပရိတ်သတ်ကလည်းသရုပ်ဆောင်မှုကို တဖြည်း ဖြည်း လက်ခံလာခဲ့ကြတယ် လို့ ဆိုရမှာပါ

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed