တရုတ်တွင် COVID-19 ကူးစက်မှုများ မြင့်တက်နေသည့်အတွက် ဆေးရုံများတွင် ဖိအားများ အလွန်မြင့်တက်နေ

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေခြင်းသည် ဗိုင်းရပ်စ်ကိုကုသနိုင်ရန် နိုင်ငံတွင်းမှ အရင်းအမြစ်များအား အင်ကုန်ခန်းနေချိန်တွင် ဒီဇင်ဘာ ၂၈ရက်၌ တရုတ်နိုင်ငံရှိ ဆေးရုံများတွင် ဖိအားများမြင့်တက်လျက်ရှိသည်။
ရုတ်တရက် မူဝါဒပြောင်းလဲမှုအဖြစ်တရုတ်နိုင်ငံသည် ယခုလအစောပိုင်းတွင်ကမ္ဘာ့အတင်းကျပ်ဆုံး COVID-19 lockdown ချမှတ်မှုများနှင့် တင်းကျပ်သော ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊
မရှိ စစ်ဆေးမှုများကို စတင်ရုပ်သိမ်းခဲ့ပြီး လာမည့်နှစ်တွင် ပြီးပြည့်စုံသော ပြန်လည်ဖွင့်လှစ်မှုများကို လုပ်ဆောင်ရန်စီစဉ်နေသည်။
ကန့်သတ်ချက်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ချမှတ်လုပ်ဆောင်ခဲ့သော ယင်းစီမံချက်ကြောင့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ခြင်းမရှိတော့ဘဲ
နေ့အလိုက် လူပေါင်းသန်းချီ ဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိနေသည်ဟု အချို့နိုင်ငံတကာကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
COVID-19 စည်းမျဉ်းများကို ရုတ်တရက်ရုပ်သိမ်းလိုက်ခြင်းသည် တရုတ်၏ခိုင်ခံ့ခြင်းမရှိသော ကျန်းမာရေးစနစ်ကို ဝန်ပိစေခဲ့ပြီး ဗိုင်းရပ်စ်နှင့်အတူ ကာလကြာရှည်နေထိုင်နေသည့်
ကမ္ဘာတစ်ဝန်းမှ နိုင်ငံများကတရုတ် ခရီးသွားများကို ခရီးသွားလာမှုကန့်သတ်ချက်များ ချမှတ်ရန် စဉ်းစားသုံးသပ်နေကြပြီးတရုတ်အစိုးရထံမှ တရားဝင်အချက်အလက် ထုတ်ပြန်ပေးရေးနှင့်ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာကြသည်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်းချန် ဒူးမြို့ Huaxi ဆေးရုံကြီး၏ ဝန်ထမ်းတစ်ဦး ပြောကြားချက်အရ ကန့်သတ်ချက်စည်းမျဉ်းများကို ဖြေလျှော့ခဲ့သည့် ဒီဇင်ဘာ ၇ ရက်ကတည်းက COVID-19 လူနာများကြောင့်အလွန်အလုပ်ရှုပ်နေကြသည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်ဒီအလုပ်လုပ်နေတာနှစ်၃၀ ရှိပါပြီ။ ကျွန်တော့်လုပ်သက်တစ်လျှောက်အလုပ်အများဆုံးပါပဲ”ဟု အမည်မဖော်လိုသည့် ဆေးရုံမှ လူနာတင်ယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့သည်။
ဆေးရုံ၏ အရေးပေါ်ဌာနအပြင်ဘက်နှင့်အတွင်းဘက်တွင် လူများတန်းစီစောင့်ဆိုင်းလျက်ရှိပြီး လူနာတင်ယာဉ်ဖြင့်ရောက် ရှိလာသူအများစုသည် အောက်ဆီဂျင်အကူအညီယူနေကြသူများဖြစ်သည်။
“လူနာတွေအားလုံးနီးပါးက ကိုဗစ်လူနာတွေဖြစ်ပါတယ်”ဟု အရေးပေါ်ဌာနတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
ဆေးရုံတွင် COVID-19 အထူးပြုဆေးဝါးများ ပြတ်လပ်နေပြီး ချောင်းဆိုးခြင်းကဲ့သို့ အထူးပြုရောဂါလက္ခဏာများအတွက်ဆေးဝါးများကိုသာ မှီခိုအားထားနေရသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ပေကျင်းမြို့တော်ရှိ Chaoyang ဆေးရုံ မှတာဝန်ရှိသူ ကျန်းယူဟွ၏ ပြောကြားချက်အရ မကြာသေးမီက ရောက်ရှိလာသောလူနာများသည် အထူးသဖြင့် သက်ကြီးရွယ်အိုများ ဖြစ်ပြီး ရောဂါအခံရှိသူများဖြစ်သည်ဟုဆိုသည်။
နေ့အလိုက် အရေးပေါ်ကုသဆောင်၌ တက်ရောက်သူလူနာအရေအတွက်သည် ၄၅၀ မှ ၅၅၀ အထိ မြင့်တက်လာခဲ့ပြီး ယင်းမတိုင်မီက ပျမ်းမျှအားဖြင့် လူနာ ၁၀၀ မျှသာ ရှိသည်ဟုဆိုသည်။ တရားဝင်ထုတ်ပြန်ချက်အရ ဒီဇင်ဘာ၂၆ ရက်အထိခုနစ်ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ တစ်ဦးသာရှိသည်ဟုဆိုသည်။