တ႐ုတ္အား တဖန္ျပန္ ခုတ္ထစ္ ျဖတ္ေတာက္လာေနေသာ ကိုဗစ္

တ႐ုတ္အား တဖန္ျပန္ ခုတ္ထစ္ ျဖတ္ေတာက္လာေနေသာ ကိုဗစ္

တ႐ုတ္ျပည္ မွ စတင္ၿပီး ကမာၻတပတ္ ခရီးလွည့္လည္ခဲ့ေသာ ကိုဗစ္ သည္ ‌ေမြးရပ္ဌာေန သို႔ ျပန္လည္ ေရာက္ရွိလာခ်ိန္တြင္ တ႐ုတ္ အာဏာပိုင္မ်ား၏ ဆက္ဆံပုံ သည္ လုံးဝ လက္မခံဆိုေသာ အေနအထားမွ ဂ႐ုစိုက္စရာ မလို မသိက်ိဳးကြၽန္ ျပဳ လက္ခံ မည္ ပုံစံမ်ိဳး ျပလာခဲ့သည္။


သုံးႏွစ္ နီးပါးမွ် ႏိုင္ငံအား ျပင္ပႏွင့္ ဆက္ဆံမည့္အေရး ကို ပိတ္ဆို႔ထားခဲ့ရာမွ တံခါးမ်ား ျပန္လည္ ဖြင့္လွစ္လာေနၿပီ ျဖစ္သည္။ ျပည္တြင္း ခရီးသြားလာမႈ ကန႔္သတ္ျခင္း၊ လူ မ်ားအား မလုပ္မေနရ စမ္းသပ္စစ္ေဆးျခင္း၊ ဇီး႐ိုးကိုဗစ္ ေပၚလစီျဖင့္ အျပင္မထြက္ရ ဆိုကာ တင္းက်ပ္သည့္ ေလာ့ေဒါင္းခ်ခဲ့ျခင္းမ်ား ကို ဒီဇင္ဘာလ အေစာပိုင္းတြင္ ပယ္ဖ်က္ပစ္လာခဲ့သည္။


ဇန္နဝါရီ ၈ ရက္တြင္ နယ္စပ္ဂိတ္တံခါးမ်ားကို ျပန္ဖြင့္ေပးေတာ့မည္ ျဖစ္ၿပီး ျပည္ပမွ ဝင္ေရာက္လာသူမ်ားလည္း ကြာရန္တင္း လုပ္ဖို႔ မလိုေတာ့ေပ။ ခရီးသည္တင္ ေလယာဥ္ လိုင္းမ်ားကို တိုးခ်ဲ႕ ခြင့္ျပဳေတာ့မည္ ျဖစ္သည္။ ဗီဇာကိုလည္း တိုးရစ္မ်ားအတြက္ ထုတ္‌မေပးေသးေသာ္လည္း အလုပ္ကိစၥျဖင့္ ေရာက္လာသူမ်ား၊ ေက်ာင္းသားမ်ားကို ခြင့္ျပဳေတာ့မည္ျဖစ္သည္။ ၎တို႔ႏိုင္ငံသားမ်ား အားလည္း အေၾကာင္းျပခ်က္ ေပးစရာ မလိုေတာ့ပဲ ျပည္ပသို႔ သြားလာခြင့္ ျပဳလိုက္ၿပီ ျဖစ္သည္။


သို႔ေသာ္ တ႐ုတ္ျပည္တြင္း အေျခအေနမ်ားေၾကာင့္ အိႏၵိယ ႏွင့္ ဂ်ပန္ကဲ့သို႔ ႏိုင္ငံမ်ားက ကိုဗစ္ ကင္းရွင္းေၾကာင္း အေထာက္အထား ျပသရန္ ေတာင္းဆိုလာၿပီ ျဖစ္သည္။ တ႐ုတ္သည္ လအနည္းငယ္ အတြင္းမွာပင္ ကိုဗစ္ ျဖစ္ပြားမႈ ႏႈန္း မဆိုသေလာက္သာ ရွိခဲ့သည့္ အဆင့္မွ ကမာၻတြင္ ျဖစ္ပြားမႈ ႏႈန္း အမ်ားဆုံးျဖစ္ပြား ႏိုင္သည့္ ေနရာအျဖစ္ ေျပာင္းလဲသြားခဲ့ရၿပီ ျဖစ္သည္။


လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသား မည္မွ် အထိ ကူးစက္ေနၿပီလဲ ဆိုသည္ကို သိရွိရန္ ခက္ခဲေနသည္။ အစိုးရမွ တေန႔လွ်င္ ေထာင္ဂဏန္းမွ် ကူးစက္ေနသည္ဟု ထုတ္ျပန္ေနေသာ္လည္း အမွန္တရား ႏွင့္ ကင္းကြာေနျပန္သည္။ အခ်ိဳ႕ျပည္နယ္ အစိုးရမ်ား၏ စာရင္းဇယားမ်ားက ပို၍ နီးစပ္မႈ ရွိေနသည္။ တ႐ုတ္ျပည္ အေရွ႕ပိုင္း ရွိ ႂကြယ္ဝခ်မ္းသာၿပီး လူဦးေရ ၆၅ သန္း ရွိ ရႉဂ်န္း ျပည္နယ္ အရာရွိမ်ား၏ ခရစ္စမတ္ေန႔ တြင္ ေျပာဆိုခဲ့မႈမ်ားအရ ကူးစက္မႈ ႏႈန္းသည္ တေန႔လွ်င္ တသန္းခန႔္ ရွိေနသည္၊ ထိုႏႈန္းသည္ တ႐ုတ္ ႏွစ္သစ္ ကူး ရက္မ်ား တဝိုက္တြင္ ႏွစ္ဆခန႔္ တိုးျမင့္ လာႏိုင္သည္ဟု သိရသည္။


တ႐ုတ္ႏိုင္ငံသား အမ်ားစုသည္ ကိုဗစ္ ကူးစက္ခံရမႈ မရွိၾကေသးသည့္အျပင္ အသက္အ႐ြယ္ ႀကီးရင့္သူမ်ားသည္လည္း ကာကြယ္ေဆး မထိုးရေသးသူ အမ်ားအျပား ရွိေနသည္။ ထို႔အတြက္ ေရာဂါ လကၡဏ ျပင္းထန္ျခင္း မရွိသည့္ အိုမီက႐ြန္ ဗိုင္းရပ္စ္မ်ိဳးကြဲကိုပင္ တ႐ုတ္တို႔ အျပင္းအထန္ ခံခဲ့ၾကရသည္။ နဂိုကတည္းက အားနည္းေနခဲ့သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ က႑သည္လည္း မႏိုင္ဝန္ကို ထမ္းလာခဲ့ရသည္။ ဘီဂ်င္းရွိ ေဆး႐ုံတ႐ုံ၏ စၾကၤန္လမ္းတေလွ်ာက္ ေအာက္စီဂ်င္ တြန္းလွည္ ႀကီးမ်ား ျဖင့္ အသက္ကို ရႈရႈိက္သြင္းေနရသည့္ သက္ႀကီး႐ြယ္အိုမ်ား ႏွင့္ ျပည့္ႏွက္ေနသည္။ အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ေနေသာ ဗီဒီယို ဖိုင္မ်ား တြင္ ထိုသို႔ေသာ ျမင္ကြင္းမ်ိဳး တ႐ုတ္ႏိုင္ငံ အႏွံ႔အျပားတြင္ ေတြ႕လာခဲ့ရသည္။ ၿမိဳ႕ငယ္ေလးမ်ားရွိ ေဆး႐ုံမ်ားတြင္ ကုတင္ မလုံေလာက္၍ လူနာမ်ားကို လက္မခံႏိုင္ပဲ ျပန္လႊတ္ေနရသည္ ဆိုေသာ သတင္းမ်ားလည္း ထြက္ေပၚလာခဲ့သည္။

ေဆး႐ုံ အေရးေပၚကုသခန္း မ်ား အရည္အတြက္သည္ ပ်မ္းမွ်ျခင္းအားျဖင့္ လူတသိန္း တြင္ ကုတင္ ဆယ္လုံးခန႔္သာ ရွိေန၍ လိုအပ္ေနသည္ထက္ မ်ားစြာ ေလ်ာ့နည္းေနသည့္ အျပင္ ေဆးဝန္ထမ္းမ်ားလည္း လိုအပ္ေနျပန္၍ အခ်ိဳ႕ေဒသမ်ား တြင္ မရႈႏိုင္ မကယ္ႏိုင္သည့္ အေနအထား ေရာက္ေနသည္ဟု က်န္းမာေရး အရာရွိတဦး မွ ဆိုသည္။

ကိုဗစ္ ကုသေရးတြင္ သုံးသည့္ ေဆးဝါးမ်ားလည္း အလုအယက္ ဝယ္ယူေနၾက၍ ျပတ္လတ္ကုန္သည္။ ေဆးဆိုင္မ်ား တြင္ အဖ်ားေပ်ာက္ေဆး ႏွင့္ အကိုက္အခဲ ေပ်ာက္ေဆးမ်ား ဝယ္၍ မရေတာ့သည့္ အေနအထား ျဖစ္လာေနသည္။ ေဈး မ်ားလည္း တက္ကုန္၍ ေဆး႐ုံ အေတာ္မ်ားမ်ားတြင္ မလုံမေလာက္ ျဖစ္လာသည္။ အထူးသျဖင့္ တုတ္ေကြး ေပ်ာက္ေဆး ျဖစ္သည့္ Paxlovid အား မည္သို႔မွ် ရွာမရ ျဖစ္လာ၍ ျပည္ပ မွ တရားမဝင္ နည္းမ်ိဳးစုံျဖင့္ မွာယူ ေနၾကရသည္။

အစိုးရမွ တရားဝင္ထုတ္ျပန္ေသာ စာရင္းအရ ဒီဇင္ဘာလ အတြင္း ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၁၃ ဦးသာ ရွိသည္ဟု ဆိုသည္။ ယင္းသည္ မည္သို႔မွ် ယုံႏိုင္ဖြယ္ မရွိသည့္ အေရအတြက္ ျဖစ္ေနသည္၊ တ႐ုတ္သည္ အသက္ရႈက်ပ္ျခင္း ႏွင့္ နမိုးနီယား ေၾကာင့္ ေသဆုံးသူမ်ားကိုသာ ကိုဗစ္ စာရင္းထဲ ထည့္သြင္းခဲ့သည္။ ကိုဗစ္ေၾကာင့္ ခႏၶာကိုယ္တြင္း ရွိ အဂၤါအစိတ္အပိုင္း မ်ား ခ်ိဳ႕ယြင္း၍ ေသဆုံးသူမ်ား ကိုမူ စာရင္းထဲ ထည့္သြင္း ေဖၚျပျခင္း မရွိေပ၊ ၿဗိတိန္တြင္ ကိုဗစ္ လကၡဏာ ေတြ႕ရွိၿပီးေနာက္ ေသဆုံးသူ မွန္သမွ် ကို စာရင္းထဲ ထည့္သြင္းခဲ့သည္။

တ႐ုတ္၏ မီးသၿဂႋဳလ္စက္မ်ားသည္လည္း လက္မလည္ႏိုင္ေအာင္ ျဖစ္လာေနသျဖင့္ ဘီဂ်င္းတြင္ သတင္းေထာက္မ်ား မဝင္ႏိုင္ေအာင္ ရဲ အေစာင့္အေရွာက္ပင္ ခ်ထားခဲ့ရသည္။
ယခုလ အေစာပိုင္းတြင္ လန္ဒန္ ရွိ Airfinity ေဒတာ စုေဆာင္းသည့္ စင္တာမွ တ႐ုတ္တြင္ ကိုဗစ္ေၾကာင့္ ေသဆုံးသူ တေန႔လွ်င္ ငါးေထာင္ခန႔္ ရွိေနသည္ဟု တြက္ခ်က္ ထုတ္ျပန္ခဲ့သည္။

အျခားႏိုင္ငံမ်ားကဲ့သို႔ပင္ တ႐ုတ္တြင္လည္း ကာကြယ္ေဆးသည္ လူအေသအေပ်ာက္ႏႈန္းကို ေလ်ာ့ခ်ႏိုင္ရန္ အေကာင္းဆုံးလက္နက္ ျဖစ္ေနသည္။ တ႐ုတ္ကာကြယ္ေဆး သုံးႀကိမ္ထိုးဖူးသူတိုင္း ျပင္းထန္ေသာ ေရာဂါ ခံစားရမည့္ ေဘး ႏွင့္ ေသဆုံးမည့္ ေဘးမွ ကာကြယ္ႏိုင္စြမ္း ရွိေနသည္။ သို႔ေသာ္ ႏိုဝင္ဘာလ ကုန္ စာရင္းဇယားမ်ားအရ အသက္ ၈၀ ေက်ာ္ သက္ႀကီး႐ြယ္အိုမ်ား၏ ၄၀ ရာႏႈန္းသည္သာ ကာကြယ္ေဆး သုံးႀကိမ္ထိုးထားၿပီးသား ျဖစ္ေနသည္။ အခ်ိဳ႕က ထိုးၿပီးသည္မွာ ကာလ အေတာ္ ၾကာေနၿပီ ျဖစ္၍ ခုခံအား က်ဆင္းသြားခဲ့သည္။ တ႐ုတ္သည္ ကာကြယ္ေဆး ထိုးေပးသည့္ႏႈန္းကို အရွိန္ျမႇင့္တင္လာခဲ့ၿပီး ယခင္ တရက္လွ်င္ တသန္းခန႔္မွ ဒီဇင္ဘာ ၂၁ ရက္ေန႔တြင္ သုံးသန္းခန႔္အထိ ထိုးေပးလာခဲ့သည္။

တ႐ုတ္သည္ ယခုလို ျဖစ္လာမည့္ အေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားခဲ့မႈမ်ိဳး မရွိေပ။ တ႐ုတ္ အစိုးရသည္ ၎တို႔ အား ေဝဖန္ ခံရမည္ စိုး၍ ဇာတ္ထုတ္ အသစ္ ဖန္တီးလာခဲ့သည္။ ဗိုင္းရပ္စ္အားလည္း ယခင္ ႏိုဗဲ ေကာ္႐ိုနာ နမိုးနီးယား မွ ပို၍ ေပ်ာ့သည့္ ႏိုဗဲ ေကာ္႐ိုနာ ကူးစက္မႈ ဟု အမည္ေျပာင္း ေခၚေဝၚလာခဲ့သည္။

ထိုသို႔ ျဖစ္လာခဲ့မႈ တြင္ အဓိက တာဝန္ရွိသူသည္ တ႐ုတ္ ေခါင္းေဆာင္ႀကီး ရွီက်င့္ပင္ ပင္ ျဖစ္သည္။ ဗိုင္းရပ္စ္အား ထိန္းခ်ဳပ္ႏိုင္ေနဆဲကာလ တြင္ ၎အား ကိုဗစ္ အေပၚ ျပည္သူ ခုခံစစ္ ၏ စစ္ေသနာပတိခ်ဳပ္ဟု အမႊန္းတင္လာခဲ့ၾကသည္။ ရွီ သည္ မၾကာခဏ ဆိုသလို ထိုသို႔ အေခၚခံေနရမႈ ေမ့ေပ်ာက္မသြားေစရန္ လက္ရွိ ဇီး႐ိုး ကိုဗစ္ အေနအထား ကို ထိန္းထားဖို႔ မည္မွ် အေရးႀကီးေၾကာင္း တဖြဖြ ေျပာေနခဲ့သည္၊ သို႔ေသာ္ ယခုလို ျမင့္တက္လာခ်ိန္တြင္ေတာ့ အသံတိတ္ေနၿပီး ျဖစ္ပ်က္ေနမႈမ်ားကို မေျပာမျဖစ္မွသာ ေစာင္းပါး ရိပ္ျခည္ ထည့္ေျပာမႈမ်ိဳးသာ ရွိေတာ့သည္။ ဒီဇင္ဘာ ၂၆ ရက္ေန႔တြင္ “ေရာဂါ ကူးစက္မႈ ကာကြယ္ ထိန္းခ်ဳပ္ေရး တြင္ ျဖစ္ေပၚလာေသာ အေျခအေနသစ္မ်ားေၾကာင့္ တာဝန္အသစ္မ်ား တိုးလာၿပီ” ဟူ၍သာ ရွီ က ေလ်ာ့ေလ်ာ့ေပါ့ေပါ့ ေျပာလာခဲ့သည္။

ကူးစက္မႈႏႈန္း အျမင့္ဆုံး အခ်ိန္ျဖစ္သည့္ ဒီဇင္ဘာ အေစာပိုင္း ကာလမ်ားတြင္ ဘီဂ်င္း ႏွင့္ ရွန္ဟိုင္း ၿမိဳ႕ႀကီးမ်ားတြင္ သုႆန္တစျပင္အလား လူသူကင္းမဲ့ေနခဲ့သည္။ ေရာဂါ ကူးစက္မႈ မၿပီးဆုံးေသးေသာ္လည္း ယခုအခါ လမ္းေပၚသို႔ လူမ်ား တေျဖးေျဖး ထြက္စျပဳလာေနၿပီ ျဖစ္သည္။

လာမည့္ တ႐ုတ္ႏွစ္သစ္ကူး မတိုင္မီ သီတင္းပတ္မ်ား အတြင္း သန္းေပါင္းမ်ားစြာေသာ ၿမိဳ႕ေနလူထု သည္ ေမြးရပ္ေျမ အသီးသီး သို႔ ျပန္ၾကမည့္အေရး ေၾကာင့္ က်န္းမာေရး ေစာင့္ေရွာက္မႈတြင္ မည္ကာမတၱာမွ်သာ ရွိေသာ ေက်းလက္ ေဒသမ်ား သို႔ မလႊဲမေသြ ပ်ံ႕ႏွံ႔လာေတာ့မည္ ျဖစ္သည္။ ထိုအခါတြင္ေတာ့ ဗိုင္းရပ္စ္ ကူးစက္ခံရမႈသည္ ဒီေရအလား တရိပ္ရိပ္ တက္လာဖို႔ သာ ရွိ၍ တ႐ုတ္ မွ မည္မွ်အထိ ကာကြယ္ႏိုင္မည္ကို လက္ေတြ႕ က်က် သိရွိႏိုင္ေတာ့မည္ လည္း ျဖစ္သည္။

(ဒီဇင္ဘာ ၂၈ ရက္၊ အီေကာ္ေနာ္မစ္ မဂၢဇင္း ပါ “Opening the Floodgate” ေဆာင္းပါးမွ ေကာက္ႏႈတ္တင္ျပသည္)
crd
Hla Soe Wai

Unicode
တရုတ်အား တဖန်ပြန် ခုတ်ထစ် ဖြတ်တောက်လာနေသော ကိုဗစ်

တရုတ်ပြည် မှ စတင်ပြီး ကမ္ဘာတပတ် ခရီးလှည့်လည်ခဲ့သော ကိုဗစ် သည် ‌မွေးရပ်ဌာနေ သို့ ပြန်လည် ရောက်ရှိလာချိန်တွင် တရုတ် အာဏာပိုင်များ၏ ဆက်ဆံပုံ သည် လုံးဝ လက်မခံဆိုသော အနေအထားမှ ဂရုစိုက်စရာ မလို မသိကျိုးကျွန် ပြု လက်ခံ မည် ပုံစံမျိုး ပြလာခဲ့သည်။

သုံးနှစ် နီးပါးမျှ နိုင်ငံအား ပြင်ပနှင့် ဆက်ဆံမည့်အရေး ကို ပိတ်ဆို့ထားခဲ့ရာမှ တံခါးများ ပြန်လည် ဖွင့်လှစ်လာနေပြီ ဖြစ်သည်။ ပြည်တွင်း ခရီးသွားလာမှု ကန့်သတ်ခြင်း၊ လူ များအား မလုပ်မနေရ စမ်းသပ်စစ်ဆေးခြင်း၊ ဇီးရိုးကိုဗစ် ပေါ်လစီဖြင့် အပြင်မထွက်ရ ဆိုကာ တင်းကျပ်သည့် လော့ဒေါင်းချခဲ့ခြင်းများ ကို ဒီဇင်ဘာလ အစောပိုင်းတွင် ပယ်ဖျက်ပစ်လာခဲ့သည်။

ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်ဂိတ်တံခါးများကို ပြန်ဖွင့်ပေးတော့မည် ဖြစ်ပြီး ပြည်ပမှ ဝင်ရောက်လာသူများလည်း ကွာရန်တင်း လုပ်ဖို့ မလိုတော့ပေ။ ခရီးသည်တင် လေယာဉ် လိုင်းများကို တိုးချဲ့ ခွင့်ပြုတော့မည် ဖြစ်သည်။ ဗီဇာကိုလည်း တိုးရစ်များအတွက် ထုတ်‌မပေးသေးသော်လည်း အလုပ်ကိစ္စဖြင့် ရောက်လာသူများ၊ ကျောင်းသားများကို ခွင့်ပြုတော့မည်ဖြစ်သည်။ ၎င်းတို့နိုင်ငံသားများ အားလည်း အကြောင်းပြချက် ပေးစရာ မလိုတော့ပဲ ပြည်ပသို့ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်သည်။

သို့သော် တရုတ်ပြည်တွင်း အခြေအနေများကြောင့် အိန္ဒိယ နှင့် ဂျပန်ကဲ့သို့ နိုင်ငံများက ကိုဗစ် ကင်းရှင်းကြောင်း အထောက်အထား ပြသရန် တောင်းဆိုလာပြီ ဖြစ်သည်။ တရုတ်သည် လအနည်းငယ် အတွင်းမှာပင် ကိုဗစ် ဖြစ်ပွားမှု နှုန်း မဆိုသလောက်သာ ရှိခဲ့သည့် အဆင့်မှ ကမ္ဘာတွင် ဖြစ်ပွားမှု နှုန်း အများဆုံးဖြစ်ပွား နိုင်သည့် နေရာအဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံသား မည်မျှ အထိ ကူးစက်နေပြီလဲ ဆိုသည်ကို သိရှိရန် ခက်ခဲနေသည်။ အစိုးရမှ တနေ့လျှင် ထောင်ဂဏန်းမျှ ကူးစက်နေသည်ဟု ထုတ်ပြန်နေသော်လည်း အမှန်တရား နှင့် ကင်းကွာနေပြန်သည်။ အချို့ပြည်နယ် အစိုးရများ၏ စာရင်းဇယားများက ပို၍ နီးစပ်မှု ရှိနေသည်။ တရုတ်ပြည် အရှေ့ပိုင်း ရှိ ကြွယ်ဝချမ်းသာပြီး လူဦးရေ ၆၅ သန်း ရှိ ရှူဂျန်း ပြည်နယ် အရာရှိများ၏ ခရစ်စမတ်နေ့ တွင် ပြောဆိုခဲ့မှုများအရ ကူးစက်မှု နှုန်းသည် တနေ့လျှင် တသန်းခန့် ရှိနေသည်၊ ထိုနှုန်းသည် တရုတ် နှစ်သစ် ကူး ရက်များ တဝိုက်တွင် နှစ်ဆခန့် တိုးမြင့် လာနိုင်သည်ဟု သိရသည်။

တရုတ်နိုင်ငံသား အများစုသည် ကိုဗစ် ကူးစက်ခံရမှု မရှိကြသေးသည့်အပြင် အသက်အရွယ် ကြီးရင့်သူများသည်လည်း ကာကွယ်ဆေး မထိုးရသေးသူ အများအပြား ရှိနေသည်။ ထို့အတွက် ရောဂါ လက္ခဏ ပြင်းထန်ခြင်း မရှိသည့် အိုမီကရွန် ဗိုင်းရပ်စ်မျိုးကွဲကိုပင် တရုတ်တို့ အပြင်းအထန် ခံခဲ့ကြရသည်။ နဂိုကတည်းက အားနည်းနေခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍသည်လည်း မနိုင်ဝန်ကို ထမ်းလာခဲ့ရသည်။ ဘီဂျင်းရှိ ဆေးရုံတရုံ၏ စင်္ကြန်လမ်းတလျှောက် အောက်စီဂျင် တွန်းလှည် ကြီးများ ဖြင့် အသက်ကို ရှုရှိုက်သွင်းနေရသည့် သက်ကြီးရွယ်အိုများ နှင့် ပြည့်နှက်နေသည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယို ဖိုင်များ တွင် ထိုသို့သော မြင်ကွင်းမျိုး တရုတ်နိုင်ငံ အနှံ့အပြားတွင် တွေ့လာခဲ့ရသည်။ မြို့ငယ်လေးများရှိ ဆေးရုံများတွင် ကုတင် မလုံလောက်၍ လူနာများကို လက်မခံနိုင်ပဲ ပြန်လွှတ်နေရသည် ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ဆေးရုံ အရေးပေါ်ကုသခန်း များ အရည်အတွက်သည် ပျမ်းမျှခြင်းအားဖြင့် လူတသိန်း တွင် ကုတင် ဆယ်လုံးခန့်သာ ရှိနေ၍ လိုအပ်နေသည်ထက် များစွာ လျော့နည်းနေသည့် အပြင် ဆေးဝန်ထမ်းများလည်း လိုအပ်နေပြန်၍ အချို့ဒေသများ တွင် မရှုနိုင် မကယ်နိုင်သည့် အနေအထား ရောက်နေသည်ဟု ကျန်းမာရေး အရာရှိတဦး မှ ဆိုသည်။

ကိုဗစ် ကုသရေးတွင် သုံးသည့် ဆေးဝါးများလည်း အလုအယက် ဝယ်ယူနေကြ၍ ပြတ်လတ်ကုန်သည်။ ဆေးဆိုင်များ တွင် အဖျားပျောက်ဆေး နှင့် အကိုက်အခဲ ပျောက်ဆေးများ ဝယ်၍ မရတော့သည့် အနေအထား ဖြစ်လာနေသည်။ ဈေး များလည်း တက်ကုန်၍ ဆေးရုံ အတော်များများတွင် မလုံမလောက် ဖြစ်လာသည်။ အထူးသဖြင့် တုတ်ကွေး ပျောက်ဆေး ဖြစ်သည့် Paxlovid အား မည်သို့မျှ ရှာမရ ဖြစ်လာ၍ ပြည်ပ မှ တရားမဝင် နည်းမျိုးစုံဖြင့် မှာယူ နေကြရသည်။

အစိုးရမှ တရားဝင်ထုတ်ပြန်သော စာရင်းအရ ဒီဇင်ဘာလ အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၃ ဦးသာ ရှိသည်ဟု ဆိုသည်။ ယင်းသည် မည်သို့မျှ ယုံနိုင်ဖွယ် မရှိသည့် အရေအတွက် ဖြစ်နေသည်၊ တရုတ်သည် အသက်ရှုကျပ်ခြင်း နှင့် နမိုးနီယား ကြောင့် သေဆုံးသူများကိုသာ ကိုဗစ် စာရင်းထဲ ထည့်သွင်းခဲ့သည်။ ကိုဗစ်ကြောင့် ခန္ဓာကိုယ်တွင်း ရှိ အင်္ဂါအစိတ်အပိုင်း များ ချို့ယွင်း၍ သေဆုံးသူများ ကိုမူ စာရင်းထဲ ထည့်သွင်း ဖေါ်ပြခြင်း မရှိပေ၊ ဗြိတိန်တွင် ကိုဗစ် လက္ခဏာ တွေ့ရှိပြီးနောက် သေဆုံးသူ မှန်သမျှ ကို စာရင်းထဲ ထည့်သွင်းခဲ့သည်။

တရုတ်၏ မီးသင်္ဂြိုလ်စက်များသည်လည်း လက်မလည်နိုင်အောင် ဖြစ်လာနေသဖြင့် ဘီဂျင်းတွင် သတင်းထောက်များ မဝင်နိုင်အောင် ရဲ အစောင့်အရှောက်ပင် ချထားခဲ့ရသည်။
ယခုလ အစောပိုင်းတွင် လန်ဒန် ရှိ Airfinity ဒေတာ စုဆောင်းသည့် စင်တာမှ တရုတ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တနေ့လျှင် ငါးထောင်ခန့် ရှိနေသည်ဟု တွက်ချက် ထုတ်ပြန်ခဲ့သည်။

အခြားနိုင်ငံများကဲ့သို့ပင် တရုတ်တွင်လည်း ကာကွယ်ဆေးသည် လူအသေအပျောက်နှုန်းကို လျော့ချနိုင်ရန် အကောင်းဆုံးလက်နက် ဖြစ်နေသည်။ တရုတ်ကာကွယ်ဆေး သုံးကြိမ်ထိုးဖူးသူတိုင်း ပြင်းထန်သော ရောဂါ ခံစားရမည့် ဘေး နှင့် သေဆုံးမည့် ဘေးမှ ကာကွယ်နိုင်စွမ်း ရှိနေသည်။ သို့သော် နိုဝင်ဘာလ ကုန် စာရင်းဇယားများအရ အသက် ၈၀ ကျော် သက်ကြီးရွယ်အိုများ၏ ၄၀ ရာနှုန်းသည်သာ ကာကွယ်ဆေး သုံးကြိမ်ထိုးထားပြီးသား ဖြစ်နေသည်။ အချို့က ထိုးပြီးသည်မှာ ကာလ အတော် ကြာနေပြီ ဖြစ်၍ ခုခံအား ကျဆင်းသွားခဲ့သည်။ တရုတ်သည် ကာကွယ်ဆေး ထိုးပေးသည့်နှုန်းကို အရှိန်မြှင့်တင်လာခဲ့ပြီး ယခင် တရက်လျှင် တသန်းခန့်မှ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သုံးသန်းခန့်အထိ ထိုးပေးလာခဲ့သည်။

တရုတ်သည် ယခုလို ဖြစ်လာမည့် အရေးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့မှုမျိုး မရှိပေ။ တရုတ် အစိုးရသည် ၎င်းတို့ အား ဝေဖန် ခံရမည် စိုး၍ ဇာတ်ထုတ် အသစ် ဖန်တီးလာခဲ့သည်။ ဗိုင်းရပ်စ်အားလည်း ယခင် နိုဗဲ ကော်ရိုနာ နမိုးနီးယား မှ ပို၍ ပျော့သည့် နိုဗဲ ကော်ရိုနာ ကူးစက်မှု ဟု အမည်ပြောင်း ခေါ်ဝေါ်လာခဲ့သည်။

ထိုသို့ ဖြစ်လာခဲ့မှု တွင် အဓိက တာဝန်ရှိသူသည် တရုတ် ခေါင်းဆောင်ကြီး ရှီကျင့်ပင် ပင် ဖြစ်သည်။ ဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်နေဆဲကာလ တွင် ၎င်းအား ကိုဗစ် အပေါ် ပြည်သူ ခုခံစစ် ၏ စစ်သေနာပတိချုပ်ဟု အမွှန်းတင်လာခဲ့ကြသည်။ ရှီ သည် မကြာခဏ ဆိုသလို ထိုသို့ အခေါ်ခံနေရမှု မေ့ပျောက်မသွားစေရန် လက်ရှိ ဇီးရိုး ကိုဗစ် အနေအထား ကို ထိန်းထားဖို့ မည်မျှ အရေးကြီးကြောင်း တဖွဖွ ပြောနေခဲ့သည်၊ သို့သော် ယခုလို မြင့်တက်လာချိန်တွင်တော့ အသံတိတ်နေပြီး ဖြစ်ပျက်နေမှုများကို မပြောမဖြစ်မှသာ စောင်းပါး ရိပ်ခြည် ထည့်ပြောမှုမျိုးသာ ရှိတော့သည်။ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် “ရောဂါ ကူးစက်မှု ကာကွယ် ထိန်းချုပ်ရေး တွင် ဖြစ်ပေါ်လာသော အခြေအနေသစ်များကြောင့် တာဝန်အသစ်များ တိုးလာပြီ” ဟူ၍သာ ရှီ က လျော့လျော့ပေါ့ပေါ့ ပြောလာခဲ့သည်။

ကူးစက်မှုနှုန်း အမြင့်ဆုံး အချိန်ဖြစ်သည့် ဒီဇင်ဘာ အစောပိုင်း ကာလများတွင် ဘီဂျင်း နှင့် ရှန်ဟိုင်း မြို့ကြီးများတွင် သုဿန်တစပြင်အလား လူသူကင်းမဲ့နေခဲ့သည်။ ရောဂါ ကူးစက်မှု မပြီးဆုံးသေးသော်လည်း ယခုအခါ လမ်းပေါ်သို့ လူများ တဖြေးဖြေး ထွက်စပြုလာနေပြီ ဖြစ်သည်။

လာမည့် တရုတ်နှစ်သစ်ကူး မတိုင်မီ သီတင်းပတ်များ အတွင်း သန်းပေါင်းများစွာသော မြို့နေလူထု သည် မွေးရပ်မြေ အသီးသီး သို့ ပြန်ကြမည့်အရေး ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွင် မည်ကာမတ္တာမျှသာ ရှိသော ကျေးလက် ဒေသများ သို့ မလွှဲမသွေ ပျံ့နှံ့လာတော့မည် ဖြစ်သည်။ ထိုအခါတွင်တော့ ဗိုင်းရပ်စ် ကူးစက်ခံရမှုသည် ဒီရေအလား တရိပ်ရိပ် တက်လာဖို့ သာ ရှိ၍ တရုတ် မှ မည်မျှအထိ ကာကွယ်နိုင်မည်ကို လက်တွေ့ ကျကျ သိရှိနိုင်တော့မည် လည်း ဖြစ်သည်။

(ဒီဇင်ဘာ ၂၈ ရက်၊ အီကော်နော်မစ် မဂ္ဂဇင်း ပါ “Opening the Floodgate” ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်)
crd
Hla Soe Wai

Leave a Reply

Your email address will not be published. Required fields are marked *