မိုင်းဆွဲခံရလို့မောင်းပြေးတဲ့ စစ်ကောင်စီကားက ဈေးရောင်းတဲ့အမျိုးသမီးငယ် ၁ ဦး

မိုင်းဆွဲခံရလို့မောင်းပြေးတဲ့ စစ်ကောင်စီကားက ဈေးရောင်းတဲ့အမျိုးသမီးငယ် ၁ ဦး
မိုင်းဆွဲခံရလို့မောင်းပြေးတဲ့ စစ်ကောင်စီကားက ဈေးရောင်းတဲ့အမျိုးသမီးငယ် ၁ ဦး ဝင်တို-က်ပြီးကားနဲ့တ-က်ကြိ-တ်သွား
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ရေး- ထားဝယ် ကားလမ်းမပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံမနက် ၅ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်စီးအမျိုး သမီးငယ် ၁ ဦးကို စစ်ကောင်စီယာဉ်တန်းက ကားဖြင့်တို-က်ပြီး တ-က်ကြိ-တ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ယနေ့ မနက်ပိုင်းက ရေး-ထားဝယ်ကားလမ်းမပေါ် ညင်းထွေးကျေးရွာအနီးတွင် ကား ၁၄ စီးပါစစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မောင်းပြေးချိန်တွင် အဆိုပါအမျိုးသမီးကိုတို-က်မိပြီး တ-က်ကြိ-တ်သွားခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။
စစ်ကားနှင့်ကြိတ်ခံရ၍ ေ-သဆုံးခဲ့သူမှာ ဇီးကျရွာမှ အသက် ၁၉ နှစ် ဝန်းကျင်အရွယ် မပန်းအိဖြူဝင်း ဆိုသူဖြစ်ပြီး ဇီးကျရွာမှ ညင်းထွေးရွာသို့ ဆိုင်ကယ်ဖြင့်ဈေးရောင်းနေသူဖြစ်ကာမှ စစ်ကားမှ ၎င်းအားဝင် တို-က်ပြီးနောက် န-င်းကြိ-တ်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
” မပန်းအိဖြူဝင်းမှာက အမေရောအဖေရောမရှိတော့ပါဘူး။သူ့အဒေါ်ရဲ့အိမ်မှာနေတာပါ။သူက ဇီးကျရွာကနေပြီး ညင်းထွေးရွာကို ငါးပိ ရောင်းရန်အသွားမှာဖြစ်သွားတာပေါ့။အခုဖြစ်တာက လည်း သူ့အဒေါ် ရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာဖြစ်သွားတာပါ။ကောင်မလေးကပွဲချင်းပြီးဆုံးသွားပါတယ်။

အလေ-ာင်းကလည်း အကြိတ်ခံရတာ ခေါင်းတွေကြေမွသွားတယ်။အခြေ အနေက အရမ်းဆိုးပါတယ်။အရမ်းအနေအေးပြီး သူ့ဟာသူ ဈေးအရောင်းအဝယ်လေး လုပ်စားနေတဲ့ ကောင်မလေးပဲ့” ဟု ဇီးကျရွာဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ေ-သဆုံးသူ မပန်းအိဖြူဝင်းရဲ့ အလေ-ာင်းကိုတော့ ဒေ သအခြေစိုက် လူမှုကူညီရေးအသင်းကားနဲ့တင် ဆောင်သွားပြီး ယနေ့ မနက်ပိုင်းမှာ သဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
မိုင်းဆွဲခံရသည့် စစ်ကောင်တပ်သားများမှာ အဆိုပါ နေရာအနီးသို့ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဇီးကျရွာကိုလည်း တစ်ရွာလုံး ပြာပုံ ဖြစ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံရွာသားတစ်ဦးက ပြောပါသည်။

အဆိုပါမိုင်းဆွဲခံရမှုအတွင်း ယာဉ်ပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ ထိခိုက်ေ-သဆုံးမှု များရှိနိုင်ကြောင်း ဒေသခံများ ကပြောသည်။
Ayeyarwaddy_Times

မိုင္းဆြဲခံရလို႔ေမာင္းေျပးတဲ့ စစ္ေကာင္စီကားက ေဈးေရာင္းတဲ့အမ်ိဳးသမီးငယ္ ၁ ဦး
မိုင္းဆြဲခံရလို႔ေမာင္းေျပးတဲ့ စစ္ေကာင္စီကားက ေဈးေရာင္းတဲ့အမ်ိဳးသမီးငယ္ ၁ ဦး ဝင္တို-က္ၿပီးကားနဲ႔တ-က္ႀကိ-တ္သြား

ဇြဲႏိုင္/ဧရာဝတီတိုင္းမ္
(ေရျဖဴ)၊ဒီဇင္ဘာလ
တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ေရျဖဴၿမိဳ႕နယ္၊ ေရး- ထားဝယ္ ကားလမ္းမေပၚတြင္ ယေန႔ ဒီဇင္ဘာလ ၂၈ ရက္ နံမနက္ ၅ နာရီခြဲအခ်ိန္ခန္႔က ဆိုင္ကယ္စီးအမ်ိဳး သမီးငယ္ ၁ ဦးကို စစ္ေကာင္စီယာဥ္တန္းက ကားျဖင့္တို-က္ၿပီး တ-က္ႀကိ-တ္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံကသိရသည္။
ယေန႔ မနက္ပိုင္းက ေရး-ထားဝယ္ကားလမ္းမေပၚ ညင္းေထြးေက်း႐ြာအနီးတြင္ ကား ၁၄ စီးပါစစ္ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရၿပီးေနာက္ ေမာင္းေျပးခ်ိန္တြင္ အဆိုပါအမ်ိဳးသမီးကိုတို-က္မိၿပီး တ-က္ႀကိ-တ္သြားျခင္းျဖစ္ေၾကာင္းေဒသခံတစ္ဦးကေျပာသည္။

စစ္ကားႏွင့္ႀကိတ္ခံရ၍ ေ-သဆုံးခဲ့သူမွာ ဇီးက်႐ြာမွ အသက္ ၁၉ ႏွစ္ ဝန္းက်င္အ႐ြယ္ မပန္းအိျဖဴဝင္း ဆိုသူျဖစ္ၿပီး ဇီးက်႐ြာမွ ညင္းေထြး႐ြာသို႔ ဆိုင္ကယ္ျဖင့္ေဈးေရာင္းေနသူျဖစ္ကာမွ စစ္ကားမွ ၎အားဝင္ တို-က္ၿပီးေနာက္ န-င္းႀကိ-တ္သြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
” မပန္းအိျဖဴဝင္းမွာက အေမေရာအေဖေရာမ႐ွိေတာ့ပါဘူး။သူ႕အေဒၚရဲ႕အိမ္မွာေနတာပါ။သူက ဇီးက်႐ြာကေနၿပီး ညင္းေထြး႐ြာကို ငါးပိ ေရာင္းရန္အသြားမွာျဖစ္သြားတာေပါ့။အခုျဖစ္တာက လည္း သူ႕အေဒၚ ရဲ႕ အိမ္နဲ႔ မလွမ္းမကမ္းမွာျဖစ္သြားတာပါ။ေကာင္မေလးကပြဲခ်င္းၿပီးဆုံးသြားပါတယ္။
အေလ-ာင္းကလည္း အႀကိတ္ခံရတာ ေခါင္းေတြေၾကမြသြားတယ္။အေျခ အေနက အရမ္းဆိုးပါတယ္။အရမ္းအေနေအးၿပီး သူ႕ဟာသူ ေဈးအေရာင္းအဝယ္ေလး လုပ္စားေနတဲ့ ေကာင္မေလးပဲ့” ဟု ဇီးက်႐ြာေဒသခံ႐ြာသားတစ္ဦးက ဧရာဝတီတိုင္းမ္ ကို ေျပာသည္။
ေ-သဆုံးသူ မပန္းအိျဖဴဝင္းရဲ႕ အေလ-ာင္းကိုေတာ့ ေဒ သအေျခစိုက္ လူမႈကူညီေရးအသင္းကားနဲ႔တင္ ေဆာင္သြားၿပီး ယေန႔ မနက္ပိုင္းမွာ သၿဂိဳဟ္လိုက္ၿပီျဖစ္ေၾကာင္းသိရသည္။
မိုင္းဆြဲခံရသည့္ စစ္ေကာင္တပ္သားမ်ားမွာ အဆိုပါ ေနရာအနီးသို႔ရမ္းသမ္းပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ၿပီး ဇီးက်႐ြာကိုလည္း တစ္႐ြာလုံး ျပာပုံ ျဖစ္သြားမည္ဟု ၿခိမ္းေျခာက္ေျပာဆိုသြားေၾကာင္း ေဒသခံ႐ြာသားတစ္ဦးက ေျပာပါသည္။
အဆိုပါမိုင္းဆြဲခံရမႈအတြင္း ယာဥ္ေပၚလိုက္ပါလာသည့္ စစ္ေကာင္စီတပ္သားမ်ား ထိခိုက္ေ-သဆုံးမႈ မ်ား႐ွိႏိုင္ေၾကာင္း ေဒသခံမ်ား ကေျပာသည္။
Ayeyarwaddy_Times