
Zawgyi


Credit
Unicode
အမျိုးသမီးတွေဖြစ်ပေမယ့် ဖခင်ရဲ့ဆိုင်ကယ်ပြင်တဲ့ပညာအမွေကို တတ်မြောက်အောင် သင်ယူထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေသော ညီအစ်မများ
တံငါသည်နားနီး တံငါဖြစ်ဆိုသော စကားပုံအတိုင်း လူအများစုသည် မိဘတို့ရဲ့ စီးပွားရေးလုပ်ငန်းအပေါ် မူတည်ပြီးတော့ ထိုအလုပ်နှင့်သာ ရင်းနှီးကျွမ်းဝင်ကာ အသက်မွေးဝမ်းကျောင်းပြု ရပ်တည်ကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၅၀ကျော်အရွယ် အဒေါ်ကြီးတွေသည် အခြားအလုပ်မလုပ်ပဲ ဆိုင်ကယ်ပြင်ဆိုင်လေး ဖွင့်ကာ ဖောက်သည်တွေ
လာအပ်သော ဆိုင်ကယ်ပျက်များကို အကုန်လုံးက ဝိုင်းလုပ်ဝိုင်းပြင်ရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။အမျိုးသမီးတွေ ဖြစ်လျက်သား ဆိုင်ကယ်ပြင်တတ်နေခြင်းသည် သူတို့ရဲ့ ဖခင်ဖြစ်သူမှ ဆိုင်ကယ်ပြင်ဆရာတစ်ဦးဖြစ်ကာ

သူ့ရဲ့သားသမီး ၉ယောက်လုံးကို ဆိုင်ကယ်ပြင်တတ်ပြီး လုပ်စားနိုင်ရန် သင်ကြားပေးခဲ့သည်။ထို့အတူ မောင်နှမ ၉ယောက်အနက်
၇ယောက်လောက်က အမျိုးသမီးတွေဖြစ်နေရာ ကောင်လေးတွေကျတော့လည်း ဆိုင်ကယ်ပြင်ရတာကို စိတ်မဝင်စားတာကြောင့် ညီအစ်မတွေကပဲ ဦးဆောင်ပြီးတော့ ဆိုင်ကယ်ပြင်ဆိုင်လေးကို ဖွင့်လှစ်ခဲ့သည်။
Credit