ကမ္ဘာ့ဖလားဆု ၃ ကြိမ်ရရှိတဲ့ ကန္တဝင်ကစားသမား ပီလေ ကွယ်လွန်

ကမ္ဘာ့ဘောလုံးသမားတွေထဲမှာ အတော်ဆုံးလို့သတ် မှတ်ခံရတဲ့ ပီလေ (၈၂နှစ်)ဟာ အူမကင်ဆာရောဂါဖြစ် ဒီဇင်ဘာ ၂၉ ရက်က ဘရာဇီးလ်နိုင်ငံ၊ အယ်ဘက်အိုင်းစတိုင်းဆေးရုံမှာကွယ်လွန်သွားပါတယ်။

ပီလေဟာ အူမကြီးမှာ အကြိတ်ဖြစ်ပေါ်လာတာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ခွဲစိတ်မှုခံယူခဲ့ပါတယ်။

တခြားရောဂါတွေပါရလာသဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ဆော်ပိုလိုမြို့က အယ်ဘက်အိုင်းစတိုင်းဆေးရုံသို့ပို့ဆောင်ပြီး တစ်လအကြာမှာ အခုလိုကွယ်လွန်သွားတာဖြစ်တယ်။

ပီလေရဲ့နာမည်ရင်းက Edson Arantes do Nascimento ဖြစ်ပြီး ၁၉၄၀ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဘရာဇီးလ်နိုင်ငံ၊

Minas Gerais ရွာမှာမွေးဖွားခဲ့တယ်။ သူ့ အရပ်အ မောင်းက ၅ ပေ ၈ လက်မ ရှည်ပြီး ဘရာဇီးလ် ကလပ်တစ်ခုဖြစ်တဲ့ Bauru academy ကျောင်းထွက်ဖြစ်ပါတယ်။

သူကစားစဉ် ဘရာဇီးလ်နိုင်ငံ ကမ္ဘာ့ဖလား ချန်ပီယံဆု ၃ ကြိမ်ဆွတ်ခူးပြီး ၂၀၀၀ ပြည့်နှစ်မှာ FIFA က ရာစုနှစ် အကောင်းဆုံးကစားသမားဆုချီးမြှင့်ခဲ့ပါတယ်။

၁၉၅၉ ခုနှစ်ထဲမှာ ဂိုးပေါင်း ၁၂၆ သွင်းယူနိုင်ခဲ့တယ်။ သူကစားသမားဘဝတလျှောက်မှာ ပွဲပေါင်း ၁၃၆၃ ကစားပြီး ဂိုးပေါင်း ၁၂၈၁ သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။


ဘရာဇီးလ်နိုင်ငံအတွက် ၉၂ ကြိမ်ကစားရာ ၇၇ ဂိုးသွင်းခဲ့ပါတယ်။ ပီလေဟာ ၁၉၅၆ ခုနှစ် သူ့အသက် ၁၅ နှစ်တွင် ကစားခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ခုနှစ်တွေမှာ ချန်ပီယံဆုရရှိပြီး ပထမဆုံး ချန်ပီယံဆုရရှိတဲ့ချိန်မှာ သူဟာ အသက် ၁၇ နှစ်သာရှိပါတယ်။ ပီလေဆိုတဲ့နာမည်ဟာ ဘောလုံးအားကစားရှိနေသမျှ တည်ရှိမယ့် နာမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *