ရန်ကုန် အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာနအနီး ရပ်ထားသော မော်တော်ယာဉ်ခိုးယူခံရ

CJ Platform
ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန အနီး၌ ရပ်ထားသော မော်တော်ယာဉ်တစ်စီး ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းက ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနအနီး၌ ရပ်ထားသော Toyota Harrier အမျိုးအစား မော်တော်ယာဉ်မှာ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းက ရပ်တန့်ထားစဉ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်ပျောက်ဆုံးသဖြင့် အနီးအနားရှိ CCTV များမှ ကြည့်ရှုရာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး က အလွယ်တကူပင် ကားတံခါးဖွင့်၍ ခိုးယူမောင်းနှင်သွားကြောင်း တွေ့ခဲ့ရသည်။
အဆိုပါ ခိုးယူမောင်းနှင်သွားသူမှာ အဆိုပါနေရာအနီး နေထိုင်သူ မဟုတ်ကြောင်းလည်း ယာဉ်ပျောက်ဆုံးခဲ့သူ၏ အမျိုးသားက ပြောသည်။
” ကျွန်တော်အမျိုးသမီးက အမြဲတမ်း အဲ့ဒီဝန်းထဲ ရပ်ထားနေကြပါ။ ခိုးယူသွားသူကို ရဲတွေစုံစမ်းကြာည့်တော့ ဒီနားက မဟုတ်ဘူးလို့ သိရတယ် ပြောပါတယ်။ အခုထိတော့ ရှာမတွေ့သေးပါဘူး”ဟု ၎င်းက ပြောသည်။
ယာဉ်ပျောက်ဆုံးမှုကို ဒဂုံရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း တရားခံဖမ်းမမိသေးသဖြင့် မော်တော်ယာဉ်နှင့် ခိုးယူသွားသူအား တွေ့ရှိပါက ကူညီသတင်းပေးပါရန်လည်း ယာဉ်ပိုင်ရှင်က အကူအညီတောင်းထားသည်။
🖋️မေ