လှိုင်သာယာ မီးခွက်ဈေးကနေ တက္ကစီနဲ့အသွား လမ်းမှာပျောက်ဆုံးသွားတဲ့ ညားကာစ စုံတွဲကို ပြန်တွေ့

(ဇနီးမောင်နှံနှစ်ယောက်စလုံး ကားပေါ်မှာ သတိမေ့နေပြီး သတိရတဲ့အခါ ဘုရားဝန်းထဲရောက်နေ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

လှိုင်သာယာ မီးခွက်ဈေး မှတ်တိုင်ကနေ မြောက်ဥက္ကလာကို တက္ကစီနဲ့အသွား လမ်းမှာပျောက်ဆုံးသွားတဲ့ ညားကာစ ဇနီးမောင်နှံ ဒီနေ့မှာ ပြန်တွေ့ပြီလို့ သိရပါတယ်။

အသက် ၁၈-၁၉ အရွယ် မောင်ထက်အာကာထွန်းနဲ့ မမြတ်သိမ်မွေ့ထွန်းတို့ဟာ လှိုင်သာယာ မီးခွက်ဈေးကနေ ကားစောင့်နေချိန်မောင်းလာတဲ့ အငှားယာဉ်ကို ငှားစီးပြီး မြောက်ဥက္ကလာကို သွားချိန် လမ်းမှာ ပျောက်ဆုံးသွားတာပါ။

“လှိုင်သာယာမီးခွက်စျေးမှတ်တိုင်အနီးမှာ မောင်းလာသောကားကို တားပြီး ငှားစီးခဲ့ပါတယ်တဲ့ ( ဃ)စျေးမှတ်တိုင်အနီးရောက်တော့ အမေနဲ့ခနစကားပြောခဲ့ကြပါတယ်။ စကားပြောပီးဖုန်းချတော့ သမီးမူးတယ်ဆိုပြီး ခနမှေးလိုက်တာ အိပ်ပျော်သွားတယ် သူအမျိုးသားက ကားသမားနဲ့စကားပြောနေပါတယ်

ခနကြာတော့ ကောင်လေးလည်း အိပ်ပျော်သွားပါတယ်တဲ့။ အဲ့နောက်တော့ ဘာမှမသိတော့ပဲ (29.12.2022)နေ့ နံနက်စောစောမှာ နိုးလာတော့ ဘုရားဝင်းတစ်ခုထဲ ရောက်နေပါတယ်တဲ့”ဆိုပြီး အဲဒီဇနီးမောင်နှံ ဆွေမျိုးတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

“အဲ့ဘုရားဝင်းကမှ လမ်းလျှောက်အကူအညီတောင်းရင်းကနေ မြောင်းတကာဆောက်လုပ်ရေးအနား (၃၇မိုင်၁ဖာလုံ) ရောက်မှ စျေးဆိုင်ငယ်လေးကိုတွေ့ပြီး အကူညီတောင်းတော့ မိန်းကလေးအဖေဖြစ်တဲ့ကျွန်တော်နဲ့ အဆက်သွယ်ရခဲ့ပြီး လှိုင်သာယာအရှေ့ပိုင်းရဲ့စခန်းအကူညီနဲ့ သွားရောက်ခေါ်ယူခဲ့ရပါတယ်”ဆိုပြီး ဖော်ပြထားတာပါ။

နစကလက်ထက်မှာ ရန်ကုန်မြို့မှာ ခရီးသွားတွေမလုံခြုံတော့ဘဲ YBS စီးရင် ဓားထောက် လုယက်ခံရ၊ ခါးပိုက်နှိုက်ခံရသလို တက္ကစီငှားစီးရင်လည်း မလုံခြုံတော့တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာပါ။

#Mercury_Media
#Mercury_Local_News

Leave a Reply

Your email address will not be published. Required fields are marked *