အဖိုးအဖွားနဲ့သာနေရပြီး မိသားစုစားဝတ်နေရေးအတွက် အမှိုက်ကောက်ရင်း ကျောင်းတက်ခဲ့ရသော ကောင်လေး၏အဖြစ်

အဖိုးအဖွားနဲ့သာနေရပြီး မိသားစုစားဝတ်နေရေးအတွက် အမှိုက်ကောက်ရင်း ကျောင်းတက်ခဲ့ရသော ကောင်လေး၏အဖြစ်

ဗီယက်နမ်နိုင်ငံ Dak Nongခရိုင်တွင် နေထိုင်သော အသက် ၁၄နှစ်အရွယ် ကောင်လေးသည် ကံဆိုးစွာဖြင့် လသားအရွယ်လေးကနေ မိဘနှစ်ပါး၏ စွန့်ပစ်ခြင်းကို ခံရပြီး အဖိုးအဖွား၏ လက်ထဲတွင် ကြီးပြင်းလာခဲ့ရသည်။

ကောင်လေးသည် ငယ်စဉ်က မိခင်နို့ချိုကို ပြည့်ပြည့်၀၀ မသောက်ခဲ့ရသည့်အပြင်အဖိုးအဖွားမှာလည်းဆင်းရဲနွမ်းပါးသည့်အတွက် နွားနို့လေးတစ်ဗူးပင်ဝယ်မတိုက်နိုင်ခဲ့၍ ဆန်ပြုတ်ထဲတွင် သကြားဖြူးကာ စားသောက်ခဲ့ရသည်။

အဖိုးအဖွားသည် စားဝတ်နေရေးအတွက် နေ့စဉ်နေ့တိုင်းလမ်းပေါ်ထွက်ပြီးအမှိုက်များကောက်ကာ ရှာဖွေကျွေးခဲ့သော်လည်း ယခုအခါ အသက်အရွယ်အိုမင်းလာသည့်အတွက် ကောင်လေးမှ တာဝန်ယူကာ လုပ်ကိုင်ခဲ့သည်။

ကောင်လေးသည် အခက်အခဲများကြားက ကျောင်းတက်ခဲ့ရသော်လည်း စာတော်ပြီးထူးချွန်သည့်အတွက် ဆရာ ဆရာမများ၏ အချစ်ကိုခံရပြီး သူ၏ဘဝအခြေအနေကို နားလည်ပေးခဲ့သည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *