အသက်(၂၃)နှစ်အရွယ် မနွယ်နွယ်ဝင်းရဲ့ စိတ်မကောင်းစရာအဖြစ်

အိမ်နားက ညီမလေးပါ



Record ထဲကအတိုင်းပါ




အသားညိုပါမယ်
#Poe Pwint Thandar
unicode
အသက်(၂၃)နှစ်အရွယ် ညီမလေး လိမ်ခေါ်သွားခံရလို့ ကူရှဲပေးကြပါအုံး
ကူညီနိုင်မယ်ဆို တချက်လောက် အကူညီတောင်းပါဦးမယ်
အိမ်နားက ညီမလေးပါ
နာမည် – နွယ်နွယ်ဝင်း – အသက် ၂၃ ပါ
အဂ်ါနေ့ညနေက လိမ်ခေါ်သွားခံရပြီး မုံရွာကနေ ရန်ကုန်ကို ကားတင်ပေးခံလိုက်ရကြောင်း သိရပါတယ်
ကလေးမလေးက ပုံမှန်တော့မဟုတ်ပါဘူး
အရမ်းလဲ အ ပြီး အိမ်ကလွဲလို့ ဘယ်မှာမသွားတတ်ပါဘူး ဖုန်းပါသွားပါတယ်
ဖုန်းဆက်တော့ သူဘယ်ရောက်နေလဲမသိဘူး
အမေလာခေါ်ရင် ပြန်လိုက်မှာပါ လို့လဲ တုန်ရီပြီးပြောပါတယ်
အဲ့လိုနဲ့ ရန်ကုန် ရွှေလင်းလက်ကားဂိတ်ဘက်ကို ဖုန်းဆက်ပြီး အမေဖြစ်သူက လိုက်ခေါ်ပါပြီ ဘယ်သူလာလာမထည့်ပါနဲ့လို့ လှမ်းပြောပါတယ်
Record ထဲကအတိုင်းပါ
ချက်ချင်းရရာကားနဲ့လိုက်သွားပြီး အခုည ရန်ကုန်ရောက်တော့ ကလေးမလေးက ကားဂိတ်မှာ မရှိတော့ပါဘူး ဖုန်းလဲစက်ပိတ်သွားပါတယ်
ကောင်လေးသုံးယောက်လာခေါ်သွားတယ်လို့လဲပြောပါတယ်
အမေဖြစ်သူက ရန်ကုန်ကနေ ဆက်ရှာဖို့လဲ မဖြစ်တော့ပဲ မနက်ကားနဲ့ မုံရွာပြန်လာရတော့မဲ့ အခြေအနေဖြစ်နေပါပြီ
ညနေကအထိ အဆက်သွယ်ရနေတဲ့ ကလေးကို ရောက်တဲ့အခါမှ မရှိတော့ဘူးဆိုတာ သိရပါတယ်
ကားဂိတ်အနေနဲ့ အိမ်ထောင်စုဇယားပါမှ ဒီကလေးကို ထည့်ပေးပါလို့ ပြောထားတာကိုလက်လွှတ်စပယ် ထည့်လွှတ်လိုက်ပါတယ်
ရန်ကုန် အသိမိတ်ဆွေများလဲ ကူညီပေးစေလိုပါတယ်
ကလေးမလေးက သူစိမ်းတွေနဲ့ စကားတောင် လေးလုံးကွဲအောင် မပြောတတ်ပါဘူး
အသားညိုပါမယ်
ကြောက်တတ်ပါတယ် ရောင်းစားတဲ့သဘောပါပဲ
မိဘတွေကလဲ ကားဂိတ်ကိုယုံရတယ်ဆိုပြီး တခြားအကူညီမယူထားပဲ အားချင်းအပြေးလိုက်ခေါ်တာပါ
#Poe Pwint Thandar