ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စက်ဘီး ဘဲလ်နဲ့ ဘရိတ် မပါရင်ဖမ်းဆီး ပြီး ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိ…see more

ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စက်ဘီးတွေမှာ ဘဲလ်မပါရင် ဖမ်းဆီးဒဏ်ရိုက်နေလို့ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျုံပျော်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယ အပတ်က စတင်လို့ စက်ဘီးစီးလာတဲ့အခါ ဘဲလ်မပါလာရင်ဖမ်းဆီး ပြီး ဒဏ်ငွေ ၅ ထောင်ကနေ ၁သောင်းထိတောင်းယူနေပြီး ဘဲလ်ပါလာရင်လည်း ခြေနင်း ၊

ဘရိတ်ကြိုးတွေကို စစ်ပြီး ဒဏ်ငွေရိုက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးကပြော ပါတယ်။

“စက်ဘီးကဘဲလ်မပါရင်ဖမ်းတာ ဟုတ်တယ် ၊ဖမ်းပြီး ဒဏ်ငွေ ၅ ထောင်ကနေ ၁ သောင်းအထိ ရိုက်နေတာ ၊တစ်ခါမှ ဒါမျိုးမကြုံဖူးဘူး ၊

ဘာ့အတွက်ဆိုတာလည်း မရှင်းပြဘူး ၊ နီးရာဓားကြောက်နေရတာကြောင့် ပေးရတာပဲ”လို့ သူကဆက်ပြောပါတယ်။

အခုလို စက်ဘီး ဘဲလ်မပါရင် ဖမ်းဆီး ဒဏ်ရိုက်တာတွေ ကို စစ်ကောင်စီတပ်သားတွေ ၊ ရဲနဲ့ ပြည်သူ့စစ်စတဲ့အဖွဲ့အစည်း ဌာနဆိုင်ရာဝန်ထမ်းတွေကပေါင်းပြီး မြို့ရဲ့လူစည်ကားတဲ့ နေရာတွေမှာ အဓိက ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေတာလို့ ဒေသခံတစ်ဦး ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *