ဇီးသီးနှင့်ပေါက်သည့်ကိစ္စစကားများရာကလက်သီးနှင့်ထိုးခံရလို့သေဆုံး

အမှုဖြစ်စဥ်မှာ ၃၁. ၁၂. ၂၀၂၂ ရက်နံနက်၁၁နာရီ ၂၅မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းတွင်ဒုရဲမှုး….စခန်းမှုးတာဝန်ထမ်းဆောင်နေစဥ်ချစ်ရင်ထူး(၂၂)နှစ်၊

အထည်ချုပ်စက်ရုံဝန်ထမ်း၊နွယ်နီ(၂)လမ်း၊အမှတ် (၁၅)ရပ်ကွက်၊လှိုင်သာယာမြို့နယ်နေသူက၎င်းသည် ၃၁.၁၂.၂၀၂၂ရက်နံနက်၁၀နာရီအချိန်ခန့်တွ​င်လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊

စက်မှုဇုန်(၁)၊ ကနောင်မင်းသားကြီးလမ်းရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ် နေစဉ် ဖခင်ဖြစ်သူ ဦးအောင်စိုး လုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကိုင်လျှက်ရှိသော လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊

အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းမရှိ ကောင်းဇေလူမှုဖူလုံရေးဆေးခန်းမှ ဖုန်းဖြင့်ဆက်သွယ်၍ ဖခင်ဖြစ်သူမှာ မူးလဲကြောင်း အကြောင်းကြားသဖြင့်ချစ်ရင်ထူးကသွားရောက်ခဲ့ရာဦးအောင်စိုးမှာ ဆေးခန်းတွင် လဲနေလျှက် ပါးစပ်နှင့် နှာခေါင်းမှသွေးများကျနေသည်ကိုတွေ့ရှိရပြီး ရန်ဖြစ်ထားကြောင်းသိရှိရသည့်။

ကောင်းဇေလူမှုဖူလုံရေးဆေးခန်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ဦးနေလင်းအား ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာ ၄င်းသည် ကောင်းဇေဆေးခန်းရှေ့တွင် ကယ်ရီမောင်းသည့် ဦးတိုးလှိုင်၊

ဦးအောင်စိုး တို့နှင့်အတူ ထိုင်ပြီးစကား ပြောနေစဉ် ကောင်းဇေဆေးခန်းမှ လုံခြုံရေးတာဝန်ထမ်းဆောင်သူ ကိုပြည့်မှဦးအောင်စိုးအား ဇီးသီးဖြင့်ပစ် ပေါက်ပြီး စနောက်လိုက်ရာ

ကယ်ရီဆွဲသည့် ဦးနေလင်း(ခ)ဂ္ဂတိုအား ထိမိသဖြင့် ဦးအောင်စိုးမှ ဦးနေလင်း(ခ)ဂွတိုအား ကလေးကဇီးသီးလေးနဲ ့ပေါက်တာကို ဘာဖြစ်တာလဲဟုပြောရာ ဦးနေလင်း မှဦးအောင်စိုးအား ခင်ဗျားက ဘာသိလို့လဲဟုပြောဆိုသဖြင့်ဦးအောင်စိုးမှ

လက်သီးဖြင့်ထိုးလိုက်ရာ ဦးနေလင်းမှဦးအောင်စိုး၏အင်္ကျီရင်ဘတ်အား စောင့်ဆွဲကာ လက်သီးဖြင့်ထိုးသဖြင့် တမံသလင်း ပေါ်သို့ နောက်ပြန်လဲကျစဉ် သမံတလင်းပေါ်၌ ထိုးထွက်နေသည့်

သံငုတ်ပေါ်သို့ လဲကျရာမှ ယာဘက်နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်အောက်နှုတ်ခမ်းစုတ်ပြဲဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ်နံနက်၁၁နာရီအချိန်ခန့်တွင် သေဆုံးသွားကြောင်းသိရသည်။

ဆေးရုံမှ မှုခင်းဆရာဝန်ကြီးမှ PR-2 ဖြင့်လက်ခံစစ်ဆေးလျှက်ရှိသဖြင်ဖခင်ဖြစ်သူ ဦးအောင်စိုးအား အသက် သေဆုံး အောင်ပြုလုပ်သူ နေလင်း(ခ)ဂွတိုအား အရေးယူပေးပါရန်

တရားလိုပြုလုပ်တိုင်တန်းခဲ့ရာလှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်း(ပ)၁၀၀၅/၂၀၂၂ရာဇသတ်ကြီးပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာအမှုစစ်ကတရားလိုနှင့် သက်သေများ စစ်ဆေးခြင်း၊အမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်း၊ အခင်းဖြစ်အရပ်စစ်ဆေးခြင်း၊

မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ သေဆုံးသူအား ရဲဆေးစာရေးသားပေးပို့ခြင်းများ ဆောင်ရွက်ပြီးပါက စစ်ခုံရုံးဖြင့် အမြန်တရားစွဲတင်ပို့ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နွယ်နီလှိုင်(ထန်းတပင်)S.H
ရှုထောင့်သတင်းစုံဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *