နှစ်သစ်ကူးနေ့ စက်သုံးဆီဈေး မနေ့ကထက် ဈေးပိုတက် (နှစ်သစ်ကူးနေ့ စက်သုံးဆီဈေး)

ဒီဇင်ဘာ ၃၁
စက်သုံးဆီကော်မတီရဲ့ ဒီကနေ့ဈေးနှုန်းထုတ်ပြန်ချက်အရ နှစ်သစ်ကူးနေ့မှာ ၉၂တစ်လီတာကို ကျပ်၂၀၀၀ကျော် အထက် မနေ့က ဈေးနှုန်းထက် ဈေးပိုတက်လာတယ်လို့သိရပါတယ်။
နှစ်သစ်ကူးချိန်တွေမှာ ခရီးနဲ့အလည်အပတ်အသွားအလာများကြပြီး စက်သုံးဆီကို ပိုမိုသုံးစွဲလာကြတာတွေလည်းရှိနေပါတယ်။
ယနေ့စက်သုံးဆီဈေးနှုန်းများ ဟာ ၉၂တစ်လီတာကို ၂၀၆၀ကျပ် ၊၉၅တစ်လီတာကို၂၁၂၀ကျပ်၊ ရိုးရိုးသာမာန်ဒီဇယ်တစ်လီတာကို ၂၃၅၅ကျပ် နဲ့ ပရီမီယန်ဒီဇယ် တစ်လီတာကို ၂၄၃၅ကျပ်ဈေးတွေ ကော်မတီကသတ်မှတ်ထားပါတယ်။
ဒါကြောင့် ဒီကနေ့ စက်သုံးဆီ ဈေးနှုန်းတွေ ဟာ မနေ့ကထက် ၉၂တစ်လီတာ ကို ၆၀ကျပ်၊ ၉၅တစ်လီတာကို ၄၀ကျပ် ၊ ရိုးရိုးသာမာန်ဒီဇယ်တစ်လီတာ ၁၀ကျပ် ၊ ပရီမီယံတစ်လီတာ ၁၀ကျပ်နှုန်းဈေးတွေမြင့်တက်ခဲ့တာပါ။