မိသားစု၏စားဝတ်နေရေးအခြေအနေကြောင့် သမီးလေးဆုယူသည့်နေ့၌ပင် ကျောင်းသို့လိုက်မသွားနိုင်ဘဲ နေအိမ်တွင်အလုပ်လုပ်ရင်း သမီးလေးကို ဖုန်းထဲမှ ဂုဏ်ပြုပေးခဲ့ရသည့် မိဘနှစ်ပါး

သားသမီးလေးတို့က စာသင်ခန်းထဲတွင် အထူးချွန်ဆုံးနှင့်အတော်ဆုံးကျောင်းသားလေးဖြစ်နေပြီး ဆရာဆရာမများကပင် ချီးကျူးဂုဏ်ပြုခံရသည့်အချိန်သည် မိဘများအတွက် ပျော်စရာအကောင်းဆုံးနေ့ရက်ပင်ဖြစ်ပါတယ်။


သားသမီးလေးတို့၏ ဆုချီးမြှင့်ခြင်းခံရသောနေ့လေးတွင် မိဘတိုင်းက ကျောင်းအထိလိုက်သွားကာ လက်ခုပ်တီးဂုဏ်ပြုချင်ကြမှာသေချာပါတယ်။ယခုအခါမှာတော့ နေအိမ်၏စားဝတ်နေရေးကြောင့် သမီးလေးဆုယူသည့်နေ့ရက်၌ပင် မိဘများက အလုပ်လုပ်နေခဲ့ရပါတယ်။


ထိုအခါဆရာမဖြစ်သူက သမီးငယ်လေး၏မိဘများ၏ အခြေအနေကို သဘောပေါက်တာကြောင့် မိဘနှစ်ပါးကို video callခေါ်ပေးပြီး ပြသပေးခဲ့တာဖြစ်ပါတယ်။မိဘနှစ်ပါးအတွက်တော့ သမီးလေးဆုရလို့ ဝမ်းသာနေသော်လည်း ကျောင်းသို့မလိုက်နိုင်သည့်အတွက် ဝမ်းနည်းနေကြမှာသေချာပါတယ်။


Shoon (Cele Daily)


Zawgyi








Shoon (Cele Daily)

Leave a Reply

Your email address will not be published. Required fields are marked *