Cobra Effect… ေျမြေဟာက္ေတြကိုသုတ္သင္တဲ့စီမံကိန္းတခုေၾကာင့္ ေျမြေဟာက္ေတြ ပိုမ်ားလာတဲ့ အျဖစ္(အရမ္းေကာင္းတဲ့ ဥပမာေလးပါ…)

Cobra Effect… ေျမြေဟာက္ေတြကိုသုတ္သင္တဲ့စီမံကိန္းတခုေၾကာင့္ ေျမြေဟာက္ေတြ ပိုမ်ားလာတဲ့ အျဖစ္(အရမ္းေကာင္းတဲ့ ဥပမာေလးပါ…)

အိႏၵိယႏိုင္ငံ ကို အဂၤလိပ္ေတြ သိမ္းပိုက္ထားတဲ့ အခ်ိန္တုန္းက တိုင္းျပည္နဲ႔ အဝွမ္း ေႁမြအႏၲရာယ္နဲ႔ ရင္ဆိုင္ ခဲ့ရတယ္။ အထူးသျဖင့္ ေႁမြေဟာက္ေတြေပ့ါ။

ေႁမြေဟာက္ အကိုက္ခံရလို႔ လူေသဆုံးရတဲ့ျဖစ္ရပ္ေတြ မၾကာခဏ ဆိုသလို ႀကဳံေတြ႕ခဲ့ၾကတယ္။


ဒီျပႆနာကို ေျဖရွင္းဖို႔ အဂၤလိပ္အစိုးရက စီမံကိန္း တစ္ခုကို ခ်မွတ္အေကာင္အထည္ေဖာ္ခဲ့တယ္။ တျခားေတာ့ မဟုတ္ဘူး။ ေႁမြေဟာက္ ဖမ္းလာေပးတဲ့သူေတြကို ထိုက္ထိုက္တန္တန္ ဆုခ်ီးျမႇင့္တဲ့ အစီအစဥ္ပါပဲ။

အေစာပိုင္းမွာေတာ့ ဒီအစီအစဥ္ဟာ အလုပ္ျဖစ္သလိုလို ရွိခဲ့တယ္။ လူအမ်ားစု(အထူးအားျဖင့္ ေက်းလက္ေဒသကလူေတြ)ဟာ ေႁမြေဟာက္ေတြကိုဖမ္း၊ ဆုေငြေတြလာထုတ္ၾကတယ္ေပါ့။

ဒါေပမယ့္ ထူးဆန္းတဲ့ ကိစၥတစ္ခုက ျဖစ္လာတယ္။ တိုင္းျပည္မွာရွိတဲ့ ေႁမြေဟာက္အေရအတြက္ဟာ ေလ်ာ့နည္းသြားရမယ့္အစား ပိုမ်ားလာတဲ့အခ်က္ပါပဲ။


ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ… အစကေတာ့ လူေတြဟာ (ဆုေငြရခ်င္တဲ့အတြက္) ေႁမြေဟာက္ေတြကို ရွာေဖြဖမ္းဆီး သုတ္သင္ၾကတယ္။ လူအမ်ားအျပားက တက္ညီလက္ညီ ဖမ္းဆီး သတ္ျဖတ္ေနတာျဖစ္တဲ့ အတြက္ ေႁမြေဟာက္အေရအတြက္ဟာ အေတာ္ေလးေလ်ာ့နည္းသြားတယ္။

ဆုေငြလိုခ်င္တဲ့သူေတြဟာ ေႁမြေဟာက္ရွာဖမ္းဖို႔ အခက္အခဲျဖစ္လာရတယ္။ ဒါေပမယ့္ လူေတြဟာ ဒီျပႆနာကို အလြယ္တကူပဲေျဖရွင္းလိုက္ႏိုင္တယ္။ အရင္လို ေႁမြေဟာက္ေတြရွာမဖမ္းၾကေတာ့ဘူး။


အဲဒီအစား ကိုယ္ကိုယ္တိုင္ ေႁမြေဟာက္ေမြးျမဴေရးလုပ္လိုက္တယ္။ ေမြးထားတဲ့ေႁမြေဟာက္ေတြ အ႐ြယ္ေရာက္လာရင္ ဖမ္းၿပီး ဆုေငြသြားထုတ္တယ္။ အစိုးရဖက္က ဒါကိုသိသြားတဲ့အခါ ေႁမြေဟာက္ဖမ္းလာေပးတဲ့သူေတြကို ဆုေငြထုတ္ေပးတဲ့အစီအစဥ္ကို

ရပ္ဆိုင္းလိုက္တယ္။ အဲဒီေတာ့ ေႁမြေဟာက္ေမြးထားတဲ့သူေတြက (ဘာမွသုံးမရေတာ့တဲ့) သူတို႔ရဲ႕ေႁမြေဟာက္ေတြကို ျပန္လႊတ္ေပးလိုက္ၾကတာေပါ့။ ဒီိလိုနဲ႔ပဲ ေႁမြေဟာက္ေလ်ာ့နည္းပေပ်ာက္ေရးစီမံခ်က္တစ္ခုဟာ ေႁမြေဟာက္ေတြမတရားတိုးပြားလာတဲ့ရလဒ္နဲ႔ အဆုံးသတ္သြားခဲ့ရတယ္။


ဒီအျဖစ္အပ်က္ေလးကိုေတာ့ Cobra Effectလို႔ေခၚပါတယ္။ ေကာင္းေစခ်င္တဲ့ဆႏၵနဲ႔ ေျဖရွင္းလိုက္တာမွာ ေကာင္းမလာတဲ့အျပင္ နဂိုရွိရင္းစြဲ အေျခအေနထက္ေတာင္ ပိုၿပီးဆိုး႐ြားသြားတာမ်ိဳးကို ေျပာခ်င္တဲ့အခါ ဒီစကားလုံးေလးကို အသုံးျပဳေလ့ ရွိၾကပါတယ္။

ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ… အေျဖက ရွင္းပါတယ္။ အေျခအေနတစ္ရပ္လုံးကို အေသးစိတ္မစဥ္းစားဘဲ အလ်င္စလို ဆုံးျဖတ္ခဲ့လို႔ပါ။


ကြၽန္ေတာ္တို႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ျပႆနာ အမ်ားစုဟာ ေခါက္တုတ္ ခ်ည္ထားတဲ့ ႀကိဳးတစ္ေခ်ာင္းနဲ႔ တူပါတယ္။ အစကို ေတြ႕ေအာင္ရွာၿပီး ဆြဲလိုက္ရင္ ၿပီးသြားတာပါပဲ။ (စာသံေပသံနဲ ႔ေျပာရရင္ေတာ့ ျပႆနာတစ္ခုရဲ႕ ပင္မအေၾကာင္းတရား root causeေပါ့)

ခက္တာက ကြၽန္ေတာ္တို႔ဟာ စိတ္ရွည္လက္ရွည္နဲ႔ အစကိုေတြ႕ေအာင္မရွာႏိုင္ၾက/ မရွာခ်င္ၾကဘူး။ ျဖည္ၾကည့္လို႔ရရင္ ရ၊ မရရင္ ႀကိဳးထုံးကို ကတ္ေၾကးနဲ႔ဆြဲျဖတ္ဖို႔ေလာက္ စဥ္းစားေနၾကတာက မ်ားတယ္။

တစ္ခါတစ္ေလက်ေတာ့လည္း အဲဒီအစေလးကို ေတြ႕ေအာင္ရွာဖို႔ ခက္ခဲေနတတ္ပါေသးတယ္။ ဘယ္ဟာက root cause မွန္း ေသခ်ာမသဲကြဲတဲ့ အေျခအေနမ်ိဳးေတြလည္း ရွိတာပါပဲ။

(ဥပမာ- ဟိုသီခ်င္းထဲကလို “ဒီေခါက္ဆြဲ ေကာင္းလို႔ပဲစားတာလား၊ ဆိုင္ရွင္ေလး လွလို႔ပဲသြားတာလား”ဆိုတဲ့ ကိစၥမ်ိဳးေပါ့ )

ဘယ္လိုပဲ ျဖစ္ျဖစ္ ျပႆနာတစ္ခုနဲ႔ ရင္ဆိုင္ရၿပီဆိုတဲ့အခါတိုင္းမွာ အဲဒီျပႆနာျဖစ္ရတဲ့ အဓိက အေၾကာင္းရင္းကို ေတြ႕ေအာင္ရွာၿပီး ေျဖရွင္းျခင္းသည္သာ အေကာင္းဆုံးနည္းလမ္းျဖစ္ပါေၾကာင္း….။

Credit:TopBiz #MondayStory#Ma Thu… မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

Cobra Effect… မြွေဟောက်တွေကိုသုတ်သင်တဲ့စီမံကိန်းတခုကြောင့် မြွေဟောက်တွေ ပိုများလာတဲ့ အဖြစ်(အရမ်းကောင်းတဲ့ ဥပမာလေးပါ…)

အိန္ဒိယနိုင်ငံ ကို အင်္ဂလိပ်တွေ သိမ်းပိုက်ထားတဲ့ အချိန်တုန်းက တိုင်းပြည်နဲ့ အဝှမ်း မြွေအန္တရာယ်နဲ့ ရင်ဆိုင် ခဲ့ရတယ်။ အထူးသဖြင့် မြွေဟောက်တွေပေ့ါ။

မြွေဟောက် အကိုက်ခံရလို့ လူသေဆုံးရတဲ့ဖြစ်ရပ်တွေ မကြာခဏ ဆိုသလို ကြုံတွေ့ခဲ့ကြတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ အင်္ဂလိပ်အစိုးရက စီမံကိန်း တစ်ခုကို ချမှတ်အကောင်အထည်ဖော်ခဲ့တယ်။ တခြားတော့ မဟုတ်ဘူး။ မြွေဟောက် ဖမ်းလာပေးတဲ့သူတွေကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်တဲ့ အစီအစဉ်ပါပဲ။

အစောပိုင်းမှာတော့ ဒီအစီအစဉ်ဟာ အလုပ်ဖြစ်သလိုလို ရှိခဲ့တယ်။ လူအများစု(အထူးအားဖြင့် ကျေးလက်ဒေသကလူတွေ)ဟာ မြွေဟောက်တွေကိုဖမ်း၊ ဆုငွေတွေလာထုတ်ကြတယ်ပေါ့။

ဒါပေမယ့် ထူးဆန်းတဲ့ ကိစ္စတစ်ခုက ဖြစ်လာတယ်။ တိုင်းပြည်မှာရှိတဲ့ မြွေဟောက်အရေအတွက်ဟာ လျော့နည်းသွားရမယ့်အစား ပိုများလာတဲ့အချက်ပါပဲ။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ… အစကတော့ လူတွေဟာ (ဆုငွေရချင်တဲ့အတွက်) မြွေဟောက်တွေကို ရှာဖွေဖမ်းဆီး သုတ်သင်ကြတယ်။ လူအများအပြားက တက်ညီလက်ညီ ဖမ်းဆီး သတ်ဖြတ်နေတာဖြစ်တဲ့ အတွက် မြွေဟောက်အရေအတွက်ဟာ အတော်လေးလျော့နည်းသွားတယ်။

ဆုငွေလိုချင်တဲ့သူတွေဟာ မြွေဟောက်ရှာဖမ်းဖို့ အခက်အခဲဖြစ်လာရတယ်။ ဒါပေမယ့် လူတွေဟာ ဒီပြဿနာကို အလွယ်တကူပဲဖြေရှင်းလိုက်နိုင်တယ်။ အရင်လို မြွေဟောက်တွေရှာမဖမ်းကြတော့ဘူး။

အဲဒီအစား ကိုယ်ကိုယ်တိုင် မြွေဟောက်မွေးမြူရေးလုပ်လိုက်တယ်။ မွေးထားတဲ့မြွေဟောက်တွေ အရွယ်ရောက်လာရင် ဖမ်းပြီး ဆုငွေသွားထုတ်တယ်။ အစိုးရဖက်က ဒါကိုသိသွားတဲ့အခါ မြွေဟောက်ဖမ်းလာပေးတဲ့သူတွေကို ဆုငွေထုတ်ပေးတဲ့အစီအစဉ်ကို

ရပ်ဆိုင်းလိုက်တယ်။ အဲဒီတော့ မြွေဟောက်မွေးထားတဲ့သူတွေက (ဘာမှသုံးမရတော့တဲ့) သူတို့ရဲ့မြွေဟောက်တွေကို ပြန်လွှတ်ပေးလိုက်ကြတာပေါ့။ ဒီလိုနဲ့ပဲ မြွေဟောက်လျော့နည်းပပျောက်ရေးစီမံချက်တစ်ခုဟာ မြွေဟောက်တွေမတရားတိုးပွားလာတဲ့ရလဒ်နဲ့ အဆုံးသတ်သွားခဲ့ရတယ်။

ဒီအဖြစ်အပျက်လေးကိုတော့ Cobra Effectလို့ခေါ်ပါတယ်။ ကောင်းစေချင်တဲ့ဆန္ဒနဲ့ ဖြေရှင်းလိုက်တာမှာ ကောင်းမလာတဲ့အပြင် နဂိုရှိရင်းစွဲ အခြေအနေထက်တောင် ပိုပြီးဆိုးရွားသွားတာမျိုးကို ပြောချင်တဲ့အခါ ဒီစကားလုံးလေးကို အသုံးပြုလေ့ ရှိကြပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ… အဖြေက ရှင်းပါတယ်။ အခြေအနေတစ်ရပ်လုံးကို အသေးစိတ်မစဉ်းစားဘဲ အလျင်စလို ဆုံးဖြတ်ခဲ့လို့ပါ။

ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ အများစုဟာ ခေါက်တုတ် ချည်ထားတဲ့ ကြိုးတစ်ချောင်းနဲ့ တူပါတယ်။ အစကို တွေ့အောင်ရှာပြီး ဆွဲလိုက်ရင် ပြီးသွားတာပါပဲ။ (စာသံပေသံနဲ့ပြောရရင်တော့ ပြဿနာတစ်ခုရဲ့ ပင်မအကြောင်းတရား root causeပေါ့)

ခက်တာက ကျွန်တော်တို့ဟာ စိတ်ရှည်လက်ရှည်နဲ့ အစကိုတွေ့အောင်မရှာနိုင်ကြ/ မရှာချင်ကြဘူး။ ဖြည်ကြည့်လို့ရရင် ရ၊ မရရင် ကြိုးထုံးကို ကတ်ကြေးနဲ့ဆွဲဖြတ်ဖို့လောက် စဉ်းစားနေကြတာက များတယ်။

တစ်ခါတစ်လေကျတော့လည်း အဲဒီအစလေးကို တွေ့အောင်ရှာဖို့ ခက်ခဲနေတတ်ပါသေးတယ်။ ဘယ်ဟာက root cause မှန်း သေချာမသဲကွဲတဲ့ အခြေအနေမျိုးတွေလည်း ရှိတာပါပဲ။

(ဥပမာ- ဟိုသီချင်းထဲကလို “ဒီခေါက်ဆွဲ ကောင်းလို့ပဲစားတာလား၊ ဆိုင်ရှင်လေး လှလို့ပဲသွားတာလား”ဆိုတဲ့ ကိစ္စမျိုးပေါ့ )

ဘယ်လိုပဲ ဖြစ်ဖြစ် ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရပြီဆိုတဲ့အခါတိုင်းမှာ အဲဒီပြဿနာဖြစ်ရတဲ့ အဓိက အကြောင်းရင်းကို တွေ့အောင်ရှာပြီး ဖြေရှင်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း….။

Credit:TopBiz #MondayStory#Ma Thu… မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *