ပေ ၁၀၀ ကျော်နက်တဲ့ တွင်းထဲပိတ်မိနေတဲ့ ကလေးငယ်ကို အခုထိမကယ်ဆယ်နိင်သေး

ဇန်နဝါရီ ၃၊ The Nation Voice
ဗီယက်နမ်နိုင်ငံ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ပေ(၁၀၀)ကျော်နက်တဲ့ ကွန်ကရစ် တွင်းထဲမှာ ပိတ်မိနေတဲ့ (၁၀)နှစ်သားအရွယ် ကလေးတစ်ယောက်ကို ကယ်ဆယ်ဖို့ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကြိုးစားနေကြတယ်လို့ Fox News က ဖော်ပြပါတယ်။
နှစ်သစ်ကူးအကြိုနေ့ကပြုတ်ကျခဲ့တဲ့ ဒီကလေးငယ်ကို (၃) ရက်ကြာ ကယ်ဆယ်ရေးပြုလုပ်နေပေမယ့် အခုထိမကယ်ဆယ်နိုင်သေးတာဖြစ်ပါတယ်။
ဒီကလေးငယ်ဟာ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ သူငယ်ချင်းများနဲ့အတူ သတ္ထုအတိုအစရှာဖွေနေတဲ့အချိန် အချင်း(၁၀)လက်မ ရှိတဲ့ ကွန်ကရစ် တွင်းထဲကိုပြုတ်ကျခဲ့တာဖြစ်ပြီး ပြုတ်ကျပြီးမကြာခင်မှာပဲ အော်ဟစ်အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးသမားတွေက တနင်္လာနေ့မှာ ကလေးပြုတ်ကျတဲ့တွင်းထဲကို ကင်မရာချပြီး စစ်ဆေးခဲ့ရာမှာတော့ ကလေးဆီမှ တုံ့ပြန်မှုမရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကွန်ကရစ် pile ကိုမတင်ဖို့ ဝန်ချီစက်တွေနဲ့ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
ဗီယက်နမ်ပြည်နယ်ဆိုင်ရာ ပို့ဆောင်ရေးဌာနရဲ့ ဒါရိုက်တာ Le Hoang Bao ရဲ့အဆိုအရ အကျယ်(၁၀)လက်မသာရှိတဲ့ မြေကြီးအောက် (၃၅)မီတာအနက်အထိရှိတဲ့ ဒီလိုတွင်းထဲကို ကလေးငယ်ဘယ်လိုပြုတ်ကျသလဲဆိုတာ လုံးဝနားမလည်နိုင်ဘူးလို့ သိရပါတယ်။
ဒီကလေးငယ်ပိတ်မိနေတာဟာ ဒီနေ့နဲ့ဆို (၃)ရက်ရှိနေပြီဖြစ်ပြီး ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေကလည်း အောက်စီဂျင်ပြတ်လပ်မှူကြောင့် မကောင်းမွန်တော့ဘူးလို့ ကယ်ဆယ်ရေးသမားတွေကပြောတယ်လို့ သိရပါတယ်။
#thenationvoicemyanmar