စက်ဘီးအဟောင်းတွေကို လိုက်လံဝယ်ယူပြီး ကိုယ်တိုင်ပြုပြင်ကာ ကျောင်းသွားရာတွင်အခက်အခဲဖြစ်နေသည့် ကလေးငယ်တွေကို လှူဒါန်းပေးနေခဲ့သည့် အသက်၆၉နှစ်အရွယ်အဖိုးအို

ဘဝအတွက် ပညာသင်ကြားရာတွင်အခက်အခဲရှိနေသော ကလေးသူငယ်များကို ကူညီပေးနိုင်ခြင်းသည့် ကလေးငယ်တို့၏ ဘဝတစ်ခုလုံးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှ အသက်၆၉နှစ်အရွယ် မစ္စတာ Vu Thai Hoaသည် အငြိမ်းစားပင်စင်ယူထားသူတစ်ယောက်ဖြစ်ကာ ငွေကြေးချမ်းသားသူမဟုတ်ခဲ့ပေ။

သို့သော်လည်း ကလေးငယ်အချို့သည် ကျောင်းသွားရာ၌ အချိန်မီစေရန် အပြေးအလွှားသွားနေရပြီး အခက်အခဲဖြစ်နေသည့် ဆင်းရဲချို့တဲ့သော ကလေးငယ်တို့ကို ကူညီချင်ခဲ့သည်။


ထို့ကြောင့် ရရှိသည့်ပင်စင်ငွေလေးဖြင့် စက်ဘီအဟောင်းတွေကို လိုက်လံဝယ်ယူပြီး နေအိမ်မှာ ကိုယ်တိုင်ပြန်လည်ပြုပြင်ကာ ကလေးသူငယ်တွေကို ကျောင်းသွားရာတွင် အထောက်အကူပြုနိုင်အောင် စက်ဘီးလေးတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi




Shoon (Cele Daily)