စစ်ကောင်စီ တပ်ရင်း ဝင်း အတွင်းသို့ KNLAတပ်ပေါင်းစုမှ ဝင်ရောက်သွားနိုင်ခဲ့

မင်းအောင်လှိုင်သည် ဒီမိုကရေစီ ဆိုသည်မှာ သူ့တွင် ရှိ လက်ဝေခံ ပါတီပေါင်းစုံ ပါဝင်သော ရွေးကောက်ပွဲ လုပ်ပြီး အစိုးရ ဖွဲ့နိုင်လျှင် ရပြီဟု သူ၏ အသိညဏ်လေးဖြင့် ယုံကြည်နေသူ ဖြစ်နေသည်။

သို့သော် ဒီမိုကရေစီ သည် ကွဲပြားမှုကို လက်ခံပြီး ပြည်သူတရပ်လုံး မှ ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ်များထံ အာဏာ အပ်နှင်း အုပ်ချူပ်သည့် စနစ် ဆိုသည့် အခြေခံ အဓိပ္ပါယ် ပြဋ္ဌာန်း ချက် ကို မူ နားလည် ထားခြင်း မရှိ ဆိုသည်မှာ ၎င်း၏ လွတ်လပ်ရေးနေ့ စကားထဲတွင် အထင်အရှား သက်သေခံနေသည်။

မင်းအောင်လှိုင်

အေဗရာဟင် လင်ကွန်း၏ အထူး ထင်ရှားသော ဒီမိုကရေစီ အဓိပ္ပါယ် ဖွင့်ဆိုချက် သည် “Of the people, by the people, and for the people” ဟူ၍ ဖြစ်သော်လည်း မင်းအောင်လှိုင် အဖို့က သူ့၏ ရွေးကောက်ပွဲ အား မည်သူ အသိအမှတ်ပြုသည် မပြုသည် ဖြစ်စေ၊ This is the least we can do for you ဆိုသည့် သဘောလည်း ဖြစ်သည်။

၎င်းတို့ ငွေကုန်ကြေးကျ အမြောက်အများ ကုန်ကျခံ ကျင်းပခဲ့သော လွတ်လပ်ရေးနေ့ “ဗိုလ်ရှုခံ” အခမ်းအနား ဆိုသည်က အသက်မပါသော ခန္ဓာကိုယ်ကြီး လှုပ်ရှားနေသလိုမျိုး ပြီး ဆုံးသွားခဲ့သဖြင့် လက်ရှိ အုပ်ချုပ်နေသူ များ အပေါ် လူထုမှ မည်မျှ အထိ ရွံရှာပြီး ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိသည်မှာ ထင်ရှားနေပေသည်။ အဆိုပါ အခမ်းအနားများအား ကြည့်ရသူ များ အဖို့ ရယ်စရာ ဖြစ်နေသော်လည်း မင်းအောင်လှိုင်ကမူ ပေးကမ်းခြင်းသည်သာ သူ့အတွက် အောင်မြင်ရာဟု ယူဆနေသူ ဖြစ်သည်။




ဧရာဝတီ သတင်းကမူ မိမိတို့သည် မြောက်ကိုရီယား ကဲ့သို့ နိုင်ငံတကာ ပိတ်ဆို့မှု ကို ကြံ့ကြံ့ခံနိုင်ပြီး နိုင်ငံသားများ၏ ထောက်ခံမှု ကို ရနေပြီ ဆိုကာ လူများအား နေပူထဲတွင် စုဝေးခိုင်းပြီး ဓါတ်ပုံရိုက် ဝါဒဖြန့် စိတ်ဓါတ် စစ်ဆင်ရေး တိုက်ပွဲ ဆင်နွှဲခြင်းမျိုးသာ ဖြစ်သည်ဟု သုံးသပ်ထားသည်။

၎င်းတို့အားလုံး ၏ အသိညဏ် collective wisdom ထဲတွင် အဓိက လွှမ်းမိုးနေသည်က ရောဂါကြောင့် မွေးရာပါ အမွှေး များ ဖြူဆွတ်၍ မွေးဖွားလာသော အယ်ဘိုင်နို ဆင်လေး တွေ့ရှိခဲ့သည်ကိုပင် နိုင်ငံ အုပ်ချုပ်ခွင့် အား နတ်သိကြားများက အပ်နှင်းပေးလိုက်ပြီ ဆိုကာ နိုင်ငံသားများကို နှပ်ချရန် စိတ်ကူးယဉ်ခဲ့ကြသူများ ဖြစ်သည်။

စစ်ကောင်စီ

ဆင် ကိုပင် မျိုးချစ် ဟု အဓိပ္ပါယ်ရသည့် ရဋ္ဌ နန္ဒက ဟု ပင် အမည်ပေးလိုက်သေးသည်၊ မင်းအောင်လှိုင်သည် ဖြစ်နိုင်လျှင် ထိုဘွဲ့ကို ခံ၍ နန်းတက်ချင်နေသူ ဖြစ်သည်။ မကောင်းလွန်း၍သာ အောင့်အီးပြီး ဆင်ကို အမည်ပေးခဲ့ရခြင်း မျိုးသာ ဖြစ်ပေသည်။

လက်ရှိ နိုင်ငံတွင်း အခြေအနေများ ကို အာဏာသိမ်း စစ်တပ်သည် ထိန်းချုပ်နိုင်စွမ်း မရှိပဲ ဖရိုဖရဲ ဖြစ်လာနေ၍ မြန်မာ နှင့် ပတ်သက်၍ တရုတ်တို့သည် လွှမ်းမိုးနိုင်စွမ်းသော အနေအထား မရှိပဲ ၎င်းတို့၏ ဘူမိနိုင်ငံရေး မျှော်မှန်းချက်များ နှင့် ဝေးကွာသည်ထက် ဝေးကွာလာနေသည်ကို အမေရိကန် နှင့် အနောက်အုပ်စုက ရိပ်စား မိနေကြပြီ ဖြစ်သည်။ ထို့အတွက် မြန်မာ အရေး နှင့် ပတ်သက်၍ တရုတ် တို့အား သိမ်းသွင်းလာဖွယ် ရှိနေသည်။ မြန်မာပြည်နှင့် ပတ်သက်၍ အနောက်နိုင်ငံများမှ မိမိတို့သည် အခြားမည်သည့် နိုင်ငံရေး မျှော်မှန်းချက်များ မရှိ၊ နိုင်ငံရေး အရ တည်ငြိမ်မှု ရရေး အတွက် ဆိုသည်ကို သဘောပေါက်အောင် စည်းရုံးနိုင်မည် ဆိုက စစ်အာဏာသိမ်း အဖွဲ့၏ ဇာတ်သိမ်းခန်း အစ ဖြစ်လာနိုင်ပေသည်။ ယင်းကို နမူနာ ယူ၍ အခြား အငြင်းပွားဖွယ် ဖြစ်နေသော အရေးများကိုလည်း ညှိနှိုင်းယူခြင်း ဖြင့် ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်လာနိုင်ပေသည်။




တရုတ်တို့ ပေးမည့် စီးပွားရေး ရင်းနှီးမြုပ်နှံမှု အကူအညီများသည်လည်း တိုင်းပြည် တည်ငြိမ်လာမှသာ ရနိုင်မည် ဖြစ်၍ မင်းအောင်လှိုင် နှင့် အဖွဲ့သည် မည်သို့မျှ စိတ်ဝင်စား၍ မရနိုင်ပဲ ဖြစ်နေသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဝမ်ယီ နေရာတွင် အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဂန်း အား ပြောင်းလဲ ခန့်အပ်လိုက်မှု နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ၏ လာမည့် တရုတ် ပြည် ခရီးစဉ်ကြောင့် ကမ္ဘာအနေအထားသည် ပြောင်းလဲလာကောင်း လာနိုင်သည်ဟု မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်

သို့သော် အမေရိကန် ရှိ ဩဇာတက္ကိမ ရှိသော Politico ဝက်ဆိုဒ်မှ မူ ဂျိုး ဘိုင်ဒင် အစိုးရ အတွက် ခေါင်းခဲစရာ ဖြစ်လာနေသည်ဟု သုံးသပ်ထားသည်။ အကြောင်းကား ၎င်း ဝါရှင်တန် တွင် သံအမတ်အဖြစ် ရက်ပေါင်း ၅၀၀ ခန့် တာဝန် ထမ်းဆောင်ခဲ့စဉ် အတွင်း ဂျိုး ဘိုင်ဒင် အစိုးရမှ ၎င်းအား အာဖရိက နိုင်ငံ တနိုင်ငံ မှ သံအမတ်လောက်ပင် အရေးတယူ နေရာပေး ဆက်ဆံခဲ့ကြခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ထို့အတွက် အန်တော်နီ ဘလင်ကင် ၏ ခရီးစဉ် အတွင်း ၎င်းထံမှ မည်မျှ အတိုင်းအတာ အထိ ပူးပေါင်း လာနိုင်မည် ဆိုသည်ကို ရတက်မအေး ဖြစ်လာနေသည်ဟု ဆိုသည်။ သို့သော် ချင်ဂန်းသည် သူ၏ နှုတ်ဆက် စကားတွင် မူ မိမိ၏ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ရန် အမေရိကန် ပြည်သူများ၏ ကဏ္ဍ ပေါင်းစုံမှ အခိုင်အမာ ထောက်ခံ အကူအညီ ပေးခဲ့မှု အတွက် မိမိ ကျေးဇူးဥပကာရ တင်ပါကြောင်း မိမိစိတ်ရင်း အတိုင်း ရိုးရိုးသားသား ပြောလိုပါသည်ဟု တွစ်တာ တွင် ဖေါ်ပြခဲ့၍ အနည်းငယ် စိတ်အေးသွားခဲ့ကြသည်ဟု ဆိုသည်။




သို့သော် အာဏာရှင် မှန်သမျှ အရောင်ပြောင်းသွား တတ်ရိုး ထုံးစံမရှိ၍ ချင်ဂန်းသည်လည်း ဆရာသမား ၏ လမ်းစဉ်ကို toe the line ဦးဆောင်မှုကို မြေဝယ် မကျ နာယူ သွားဖို့သာ ရှိသည် မဟုတ်ပါလား။ သို့သော် ထိုသို့ လုပ်၍ မိမိတို့ မိသားစုများ အတွက် အန္တရာယ် ကျရောက်လာနေပြီ ကို သိလာကြသည့် နေ့တွင်တော့ နေ့ခြင်းညခြင်း ဆိုသလို ကျဆုံးသွားခဲ့ရသည့် သက်သေ အထောက်အထား များ က သမိုင်းစဉ်အဆက် သက်သေခံခဲ့ကြပြီးလည်း ဖြစ်သည်။

ကြာအင်းဆိပ်ကြီး တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲပင် ဖြစ်သည်၊ သို့သော် စစ်တပ်မှ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီ ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့၏ တပ်ရင်း ဝင်း အတွင်းသို့ KNLA နှင့် မဟာမိတ် တပ်ပေါင်းစုမှ ဇန်နဝါရီ ၄ ရက်နေ့က အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့သည့် ဓါတ်ပုံ များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ (ပုံတွင် ရှု. — RFA)

ကြာအင်းဆိပ်ကြီးတွင် စစ်တပ် တပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှု

သင်းကွဲ လှုပ်ရှားနေမည်ဆိုက ရန်သူ၏ ခြုံခို တိုက်ခိုက်ခြင်း မကြာခဏ ခံရဖွယ် ရှိနေသည်၊ ယခုနှစ် အတွင်း တော်လှန်ရေး အောင်မြင်ရန် ရည်မှန်းချက် ချမှတ်ထားပြီး ဖြစ်၍ အင်္ဂလိပ် အက္ခရာ A မှ Z အထိ တလုံး မကျန် အမည် ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော အင်အားစုများသည် တော်လှန်ရေး အလံတော် အောက်တွင် တစုတစည်း စုစည်းလာကြပြီ ဆိုသည့် လွန်စွာ မှ အဓိပ္ပါယ် ပြည့်ဝသည့် တော်လှန်ရေး အသွင် ဆောင်ယူလာခြင်းပင် ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် အောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed