စာသင်ကျောင်းမှာ အသက် ၁၄ နှစ်အရွယ်ကျောင်းသူတစ်ဦး ဓာ းနဲ့ ထို းခံရ

Connect Burma ၊ ကမ္ဘာ့သတင်း
ထိုင်းနိုင်ငံ ရွိုင်အတ် ပြည်နယ် မှာရှိတဲ့စာသင် ကျောင်းတစ်ကျောင်းမှာ အသက် ၂၄ နှစ်အရွယ်ကျောင်းသူတစ်ဦး ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားကြောင်း သိရှိရပါတယ်။
ဒီကနေ့ သောကြာနေ့ နံနက်ပိုင်းက ရွိုင်အတ် ပြည်နယ် ထဲမှာ ၁၄ နှစ်အရွယ်ကျောင်းသူတစ်ဦးကို ဆွေးမျိုးတော်စပ်သူ အမျိုးသားက ကျောင်းသားကျောင်းသူတွေနဲ့
ဆရာဆရာမတွေ ရှေ့မှာပဲ ဓားနဲ့ ထိုးသတ်လိုက်တာဖြစ်ပြီး တရားခံဟာ ထောင်က လွတ်လာတာ မကြာသေးကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Ban Lao Witthayakan ကျောင်းရှေ့မှာ မနက် ၈ နာရီအချိန်က အခင်းဖြစ်ပွားခဲ့တာ ဖြစ်ပြီး တရားခံဟာ အဆိုပါ ကျောင်းသူ လိုက်ပါလာတဲ့ ကျောင်းကားနောက်ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်လာတာ ဖြစ်ပါတယ်။
ကျောင်းရှေ့အရောက် ကားရပ်လျှင် ရပ်ချင်း တရားခံက ကားပေါ်ပြေးတက်လာပြီး ကျောင်းသူကို မီးဖိုချောင်သုံး ဓားနဲ့ တစ်ချက်အရင်ထိုးကာ ကားပေါ်က ဆွဲချခဲ့ပြီး နောက်ထပ် ၂ ကြိမ်မက ထပ်မံ ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။
အဖြစ်အပျက်က မြန်ဆန်လွန်းတာမို့ ဆရာ/မ တွေဟာ အစပိုင်းမှာ မကာကွယ်နိုင်ခဲ့ပေမဲ့ တရားခံကို ဝိုင်းဖမ်းလိုက်ကြပြီး လူနာကို ဆေးရုံတင်ခဲ့ပေမဲ့ အသက်မမီခဲ့ပါဘူး။
ရွိုင်အတ်( Roi Et) ရဲ့ စခန်းမှူး Sanchart Sawatpol က တရားခံ အမျိုးသားဟာ အသက် ၃၆ နှစ်အရွယ်ရှိ Preecha Waisorn ဆိုသူ ဖြစ်ပြီး ကျောင်းသူရဲ့ လည်ပင်းနဲ့ ရင်ဘတ်တွေကို ထိုးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရုံးက ပြောရေးဆိုခွင့် ရှိသူ အရာရှိ Achayon Kraithong က တရားခံဟာ သေဆုံးသူရဲ့ မိဘတွေနဲ့ ရန်ငြိုးရှိခဲ့ပြီး စိတ်ကျန်းမာရေးပြဿနာ မှတ်တမ်းရှိထားတယ်လို့ ဆိုပါတယ်။
စိုးရိမ်ထိတ်လန့်မှုစရာ လူသတ်မှုကြောင့် သောကြာနေ့ကို ကျောင်းတစ်ရက်ပိတ်လိုက်ရတဲ့ ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာ Laddawan Suebjit က အဖြစ်အပျက်ဟာ သိပ်ကို လျင်မြန်ခဲ့ပြီး ကျောင်းသားတွေ ကျောင်းထဲဝင်နေစဥ် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကျောင်းလုံခြုံရေးကို တိုးမြှင့်ဖို့ စီစဥ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောစကားအရ “တရားခံဟာ ကျောင်းသူရဲ့ မိသားစုဝင်အားလုံးကိုပါ သတ်ပစ်မယ်” လို့ အော်ဟစ်ခဲ့ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ တရားခံဟာ လွန်ခဲ့တဲ့ ၃ ရက်ကမှ ထောင်ကထွက်လာသူဖြစ်ကြောင်း ပြောခဲ့ပေမဲ့ ပြစ်မှုကို အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။
Ref: Bangkok Post