ဆိုင်ကယ်တစ်စီးလုံးကို ခေါင်းပေါ်မှာ ရွက်ပြီး ကုန်တင်ကားပေါ်သို့ တင်ပေးရသော အလုပ်သမားတစ်ယောက်၏ ဘဝ

ဆိုင်ကယ်တစ်စီးလုံးကို ခေါင်းပေါ်မှာ ရွက်ပြီး ကုန်တင်ကားပေါ်သို့ တင်ပေးရသော အလုပ်သမားတစ်ယောက်၏ ဘဝ

လောကကြီးတွင် လူတိုင်းက ကိုယ်ပိုင်အခက်အခဲနှင့်အတူ ဘဝကိုဖြတ်သန်းနေရသူများ ဖြစ်သော်လည်း အချို့သောသူများဧ။် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်ရသော ဘဝမှာ အလွန်စာနာသနားစရာကောင်းလှသည်။
သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ယောက်၏ မိသားစုအတွက် စားဝတ်နေရေး အဆင်ပြေအောင် တစ်နေ့တာလုပ်ကိုင်ရသော အလုပ်အကိုင်မှာ လူအများ၏ ရင်ထဲတည့်တည့်ကို ထိစေသည်။

အမျိုးသားကြီးသည် နေ့စဉ်နေ့တိုင်း ပစ္စည်းအစုံ တပ်ဆင်ထားပြီးသော ဆိုင်ကယ်သစ်တစ်စီးလုံးကို သယ်ယူပို့ဆောင်ရေး ကုန်တင်ကားအမြင့်ပေါ်သို့ ခေါင်းကို အားပြုပြီး တင်ပေးရသည်။


အမျိုးသားကြီးသည် လူလေးယောက်လောက် ဝိုင်းမ မှအဆင်ပြေသော အလွန်လေးလံသည့် ဆိုင်ကယ်ကြီးအား ခေါင်းခု အောက်ကခံပြီး ရွက်၍ ကုန်တင်ကားပေါ်သို့ လှေကားကနေတက်ရင်း ပို့တင်ပေးခဲ့ရသည်။

ထိုအဖြစ်အပျက်ကို မြင်တွေ့သော သူများမှာ မယုံနိုင်လောက်အောင် အားကြီးပြီး လုပ်ဆောင်နိုင်သော အမျိုးသားကြီးအားချီးမွမ်းကြပြီး အများစုမှာတော့ပင်ပန်းဆင်းရဲ၍ အန္တရာယ်များသောကြောင့် အမျိုးသားကြီးဧ။်ဘဝကို စာနာထောက်ထားမိကြသည်။
crd
