ဆိုးရွားသည့် မှုခင်းဖြစ်စဉ်များကြောင့် ပြည်သူများ မလုံခြုံမှုများဖြင့် ဖြတ်သန်းခဲ့ရသော ၂၀၂၂ ခုနှစ်

ယနေ့ခေတ်၊ သတင်းဆောင်းပါး
မောင်ဇော်

၂၀၂၂ ခုနှစ်အတွင်း၌ နိုင်ငံတစ်ဝန်း လုယက်၊ တိုက်ခိုက် သတ်ဖြတ်မှုများအပါ အဝင် ထိတ်လန့်ဖွယ် မှုခင်းများစွာဖြစ်ပွားခဲ့သည်။ နေအိမ်၌ရှိနေသူအား သတ် ဖြတ်ကာ ပစ္စည်းလုယက်မှု၊ လမ်းပေါ်၌ သွားလာနေသူများအား လုယက်ဖြတ်မှု၊ ပုံစံအမျိုးမျိုးဖြင့် ခိုးဆိုးလုနှိုက်မှု စသည့်မှုခင်းများ ဖြစ်ပွားခဲ့ကာ ပြည်သူများ အကြား လုံခြုံမှုအတွက် စိုးရိမ်မှုများမြင့်တက်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း လူသတ်မှုဖြစ်ပွားကာ သေဆုံးမှုဖြစ်စဉ်များအနက် ပြင်ဦး လွင်မြို့နယ်၌ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင်လူသတ်မှုမှာ လူသေဆုံးမှုများပြား ခဲ့သော မှုခင်းတစ်ခုဖြစ်သည်။ အဆိုပါမှုခင်းကြောင့် အများပြည်သူကြားတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများ တိုးပွားလာခဲ့ကြောင်း ပြည်သူအများ က မှတ်ချက်ပြုပြောဆိုကြသည်။

စက်တင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာအုပ်စု၊ စည်ကားကျေးရွာရှိ ကြက်ခြံတစ်ခုအတွင်း၌ ကလေးနှစ်ဦးအပါအဝင် အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်းငါးဦးတို့ သတ်ဖြတ်ခံခဲ့ရမှု ဖြစ်ပွားခဲ့ သည်။ ထိုဖြစ်စဉ်၌မူ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခြင်းရှိ၊ မရှိ လက်ရှိအ ချိန်အထိ မသိရသေးပေ။

ထို့အတူ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်အချို့တွင် နေအိမ်၌ရှိနေသူများကို ပင် သတ်ဖြတ်ကာ လုယက်သည့်ဖြစ်စဉ်များစွာလည်း ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန် ၁၁ ရက်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ကမ္ဘာအေးဘုရား အနီးရှိ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်းနေထိုင်သည့် အငြိမ်းစား မြန်မာစာ ကထိက ဆရာမကြီးအားသတ်ဖြတ်ကာ ငွေနှင့်ပစ္စည်းအချို့ လုယက်ယူဆောင် မှု ဖြစ်ပွားခဲ့သည်။

အငြိမ်းစားဆရာမကြီးအား နေအိမ်အိပ်ခန်းအတွင်း သတ်ဖြတ်ကာ နေအိမ်ရှိ ပစ္စည်းအချို့အား ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါမှုခင်းနှင့်ပတ်သတ်၍ “ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ ဆ ရာမကြီးက အသက်မရှိတော့ဘူး။ ဆုံးသွားပြီ။ ဒဏ်ရာက ဦးခေါင်းကိုရိုက်ထား တဲ့ ဒဏ်ရာပုံစံမျိုး၊ လက်မှာ ဖုန်းကြိုးနဲ့ တုပ်ထားတဲ့ အနေအထားမျိုးဖြစ်နေ တယ်။ ဒါကလူသတ်ထားတဲ့ အနေအထားဖြစ်တော့ သက်ဆိုင်ရာကို ကျွန်တော် တို့ အကြောင်းကြားလိုက်ပါတယ်။ ဆရာမကြီးက အိမ်မှာ တစ်ယောက်ထဲဘဲ နေတာ” ဟု အကူအညီပေးခဲ့သော ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆို သည်။

ယင်းပြစ်မှုအား ကျုးလွန်ခဲ့သူများကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိ သေးကြောင်း သိရသည်။ ထိုဖြစ်စဉ်နောက်ပိုင်းတွင် လူသတ်ပစ္စည်းယူသည့် မှုခင်းများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ “အခုနောက်ပိုင်း လုယက်မှုတွေက အရင်ကလိုမဟုတ်ဘူး၊ အရင်ကတော့ လူသတ်တာ အရင်မဟုတ်ဘူး၊ မျက်နှာ ဖုံးစွပ်၊ ခြိမ်းခြောက်ပြီး ပစ္စည်းတောင်းတာ၊ သူတို့လိုတဲ့အရာရရင်အေးဆေးပြန် သွားတာ၊ လူကို ကြိုးတုပ်၊ ပါးစပ်ကို အဝတ်နဲ့ပိတ်တာလောက်ပဲ။ အခုဟာက ရောက်ရောက်ခြင်း လူကိုအရင်သတ်ပြီးမှ ပစ္စည်းယူကြတာဆိုတော့ အတော် လေးကို စိုးရိမ်ထိတ်လန့်စရာပဲ” ဟု ရန်ကုန်မြို့တွင်နေထိုင်သူတစ်ဦးက ပြော သည်။

အလားတူ အောက်တိုဘာ ၃၀ ရက်၊ ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန် မြောက်ရပ်ကွက်၊ မန္တလေးလမ်းရှိ နေအိမ်တစ်အိမ်၌ စာပေဗိမာန်ဆုနှင့် အမျိုး သားစာပေဆုရ ဆရာတက္ကသိုလ်ကြယ်ပွင့်နှင့် ၎င်း၏ဇနီးတို့မှာ နေအိမ်အတွင်း သတ်ဖြတ်ခံရကာ ငွေနှင့်ပစ္စည်းအချို့အား လုယက်ခံရမှု ဖြစ်ပွားခဲ့သည်။

အဆိုပါအမှု၌ သေဆုံးသူတို့၏နေအိမ်သို့ ရေသန့်ပို့နေကျ အမျိုးသားအပါအ ဝင်သုံးဦးက လုယက်သတ်ဖြတ်သွားခြင်းဖြစ်ကာ ၎င်းတို့တိမ်းရှောင်နေသည့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါအဖြစ်အပျက်ကြောင့် နေအိမ်တွင်ရှိနေစဉ် ရေသန့်အပါအဝင် ပစ္စည်းပို့ သူများကို မည်မျှပင်ရင်နှီးနေသည်ဖြစ်ပါစေ ယခင်ကကဲ့သို့ အိမ်အတွင်းသို့ သယ်ဆောင်ခွင့်မပြုတော့ပဲ ၎င်းတို့ပြန်သွားမှသာ အပင်ပန်းခံ ကိုယ်တိုင်သယ် ယူနေရကြောင်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအမျိုးသမီးကဆိုသည်။

သြဂုတ် ၁၈ ရက်၊ နံနက် ၆ နာရီကျော်အချိန်ကလည်း မော်လမြိုင်မြို့၊ အောင်သု ခရပ်ကွက်၊ ဓါတ်ပေါင်းစေတီလမ်းအတွင်းရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီး တစ်ဦးအား အမျိုးသားနှစ်ဦးက သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများ လုယက် သွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်မှုမရှိသေးကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၁ ရက်နေ့က ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ တောင်ပို့တရာ ကျေးရွာအုပ်စု၊ သရွတ်ဝရွာရှိ နေအိမ်တစ်အိမ်၌ မိဘများမှာ ကျေးရွာအနီးရှိ ကိုင်းတောထဲသို့ သွားရောက်စဉ် နေအိမ်၌တစ်ဦးတည်းကျန်ရှိသော တက္ကသိုလ် ကျောင်းသူ အမျိုးသမီးငယ်အား အမျိုးသားတစ်ဦးကသတ်ဖြတ်ကာ ရွှေထည် အချို့ လုယက်ယူဆောင်သွားခဲ့သည်။ အဆိုပါ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်များ၌မူ ပြစ်မှုကျူးလွန်သူများက ရက်စက်စွာသတ်ဖြတ်ကာ ပြစ်မှု ကျူးလွန်ခဲ့သဖြင့် ၎င်းတို့အား ထိရောက်သည့်ပြစ်ဒဏ်များ ပေးအပ်နိုင်ရန် ပြည်သူအများစုက လိုလားလျက်ရှိသည်။

“လက်ရဲဇက်ရဲ ကျူးလွန်သွားတဲ့အမှုတွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးပြီး တရားမျှတမှုရအောင် ရှာဖွေနိုင်ဖို့လိုတယ်။ ဒါမှလည်း လုံခြုံတဲ့ပတ်ဝန်း ကျင်ကို တည်ဆောက်နိုင်မှာပေါ့” ဟု ရန်ကုန်မြို့၌နေထိုင်သည့် လူငယ်တစ်ဦး က မှတ်ချက်ပြုပြောဆိုသည်။

နေအိမ်မျာအတွင်း အကြမ်းဖက်မှုများအပြင် လမ်းပေါ်၌ သွားလာနေသူများ အား အကြမ်းဖက်တိုက်ခိုက်၍ လုယက်ခဲ့သည့် ဖြစ်စဉ်များစွာလည်းရှိသည်။
ဇူလိုင် ၆ ရက်နေ့က လှိုင်သာယာမြို့နယ်၌ အလုပ်ပြီး၍ ကားမောင်းကာ အိမ် ပြန်လာသော အမျိုးသားအား လမ်း၌သတ်ဖြတ်၍ မော်တော်ယာဉ်အား လု ယက်သွားမှု ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဇူလိုင် ၂၆ ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ ကိုယ်ပိုင် ယာဉ်ဖြင့် Deli သွားရောက်ပို့ဆောင်သည့် အမျိုးသားတစ်ဦး လမ်းခရီးတွင် သတ်ဖြတ်၍ လုယက်ခံရမှုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များတွင် လုယက်သတ် ဖြတ်သွားသူများအား ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ထို့အတူ ရန်ကုန်၊ မန္တလေးမြို့နှင့် မြို့နယ်အချို့တို့၌ ဆိုင်ကယ်စီးနင်းကာ လု ယက်မှုများ၊ ဆိုင်ကယ်စီးလာသူအား ဓါးဖြင့်ထောက်ကာလုယက်မှုမှစ၍ အက် စစ်ဖြင့်ပက်ကာ လုယက်မှုများအထိ ဆိုးရွားသည့် မှုခင်းဖြစ်စဉ်များလည်း ဖြစ် ပွားခဲ့သေးသည်။

နိုဝင်ဘာလအတွင်းက လှိုင်သာယာမြို့နယ်၌ လူသုံးဦးက လုယက်မှုကျူးလွန် နေစဉ် ပြန်ခုခံသဖြင့် လုယက်ခံရသူအား အက်စပ်ဖြင့်ပက်ကာ ထွက်ပြေးမှု၊ မန္တလေးမြို့၌ အမျိုးသမီးတစ်ဦးအား လူနှစ်ဦးက အက်စစ်ဖြင့်ပက်ကာ လု ယက်ရန်ကြံစည်မှုများ ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်၌ အငှားယာဉ် မောင်းနှင်သူအား ကားငှားရမ်းစီးသူနှစ်ဦးက လမ်းမအလယ်တွင် ဓါးဖြင့်ထိုး သတ်ကာ အလောင်းအား လမ်းဘေး၌ပစ်ချထားခဲ့ပြီး မော်တော်ယာဉ်အား လု ယက်သွားမှု ဖြစ်ပွားခဲ့သည်။

“သူတို့က လည်ပင်း ဘယ်၊ ညာနှစ်ဖက်စလုံးကို ဓါးနဲ့ထိုးသွားတာ။ ကားပေါ်မှာ တင် ထိုးသွင်းဒဏ်ရာရော၊ ပြတ်ရှဒဏ်ရာရောရပြီး သွေးတစက်စက်နဲ့ ဖြစ်နေ တဲ့အချိန် လမ်းပေါ်ကိုပစ်ချပြီး ကားပါလုသွားတာပါ” ဟု သေဆုံးသူ၏အမျိုး သမီးက ပြောပြသည်။ ယာဉ်လုယက်သွားသူများအား လက်ရှိအချိန်အထိ ဖမ်း ဆီးရမိမှုမရှိသေးကြောင်းလည်း သိရသည်။

အလားတူ လမ်းမပေါ်တွင်သွားလာစဉ် လုယက်တိုက်ခိုက်သည့် မှုခင်းဖြစ်စဉ် များတွင် ပတ်ဝန်းကျင်မှ ပြည်သူအချင်းချင်းကူညီကာ ပြစ်မှုကျူးလွန်သူအား ဝိုင်းဝန်းဖမ်းဆီးပေးရမှုများလည်း ရှိခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၌ ဆိုင်ကယ်သုံးစီးဖြင့် လူ ၆ ဦး က လူတစ်ဦးအား ဓါးဖြင့်တိုက်ခိုက်ကာ လုယက်မှုကျူးလွန်နေစဉ် လမ်းပေါ်၌ မောင်းလာသော Hijet ယာဉ်တစ်စီးက မြင်တွေ့သွားပြီး လုယက်သူများမောင်း နှင်လာသောဆိုင်ကယ်အား လိုက်လံတိုက်ကာ ကူညီဖမ်းဆီးပေးခဲ့သည်။ အဆို ပါဖြစ်စဉ်တွင် ကူညီပေးခဲ့သည့် Hijet ယာဉ်မောင်းအား ပြည်သူများကဝိုင်းဝန်း ချီးကျူးမှုများရှိခဲ့သည်။

သို့သော် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပေးသူတစ်ဦးအား လူတစ်စုက လူမြင် ကွင်း၌ လာရောက်သတ်ဖြတ်မှုလည်း ဖြစ်ပွားခဲ့သည်။

မေ ၃ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးတွင် ဖုန်း လုပြေးသည့် ခါးပိုက်နှိုက်ကို ဝိုင်းဝန်းဖမ်းဆီးပေးစဉ်ပါဝင်သည့် အနှေးယာဉ် လုပ်သားတစ်ဦးအား မေ ၄ ရက်တွင် လှည်းတန်းအနီး ဇေယျာသီရီလမ်းထိပ်၌ လူခုနစ်ဦးခန့်က အုပ်စုဖွဲ့လာရောက်၍ ဓါးဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်နှက် သတ် ဖြတ်ခဲ့ကြသည်။ သေဆုံးခဲ့သည့် အနှေးယာဉ်လုပ်သားမှာ ၇ မိုင်ခွဲတွင်နေထိုင် ကာ သတ်ဖြတ်ခံရသည့်နေရာတွင် ဂိတ်ထိုး၍ အနှေးယာဉ်မောင်းနှင်နေသူတစ် ဦးဖြစ်သည်။

ထိုကဲ့သို့ ဖြစ်စဉ်များအပြင် လူစည်ကားသည့် ရန်ကုန်မြို့ထဲ၌ပင် ဓါးပြတိုက်မှု များ၊ လုယက်သတ်ဖြတ်မှုများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

နိုဝင်ဘာ ၂ ရက်၊ ညပိုင်းက လူစည်ကားသည့် ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းရှိ ကုန်မာပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ ဆိုင်၌အလုပ်လုပ်ဖူးသူပါဝင်သည့် အမျိုး သားသုံးဦးက ဆိုင်အတွင်းဝင်ရောက်ကာ ဆိုင်ရှင်နှင့်၎င်း၏ မိတ်ဆွေတို့အား ဓါးဖြင့်တိုက်ခိုက်ကာ ငွေနှင့်မော်တော်ယာဉ်ကို လုယက်သွားခဲ့သည်။ လုယက် သူများ ယူဆောင်သွားသော မော်တော်ယာဉ်အား ပြန်လည်တွေ့ရှိခဲ့သော်လည်း လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိခြင်းရှိ၊ မရှိကိုမူ မသိရှိရပေ။

ထို့ပြင် ဒီဇင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းကလည်း ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်းရှိ နေအိမ်တိုက်ခန်း၌ ငွေကြေးကိစ္စစကားများရာမှ အိမ်၌တစ်ဦးတည်းနေသော အမျိုးသားတစ်ဦးအား နေအိမ်သို့ဝင်ထွက်နေကျ အမျိုးသားက ဓါးဖြင့်ထိုး သတ်သွားမှု၊ ဒီဇင်ဘာ ၂၉ ရက်က ပန်းဘဲတန်းမြို့နယ်၊ ၂၇လမ်း (အလယ်)ရှိ နေအိမ်တိုက်ခန်း၌ မိန်းကလေးငယ်နှစ်ဦးအား ဓါးဖြင့်တိုက်ခိုက်ကာ လုယက် ရန်ကြံစည်မှုများ ဖြစ်ပွားခဲ့သည်။

ဘဏ်များ၊ ငွေလဲလှယ်သည့်ကောင်တာများ လက်နက်ဖြင့် ဓါးပြတိုက်ခံရသည့် မှုခင်းဖြစ်စဉ်များစွာမှသည် ပုစွန်တောင်ဘူတာရှိ ရုံးခန်းမှငွေများ ဓါးပြတိုက်ခံ ရသည်အထိ ဓါးပြတိုက်ခံရမှု မှုခင်းဖြစ်စဉ်များစွာလည်း ဖြစ်ပွားခဲ့ကာ အချို့ ဖြစ်စဉ်များ၌မူ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့မှ နိုင်ငံ ပိုင်သတင်းဌာနများမှတစ်ဆင့် သတင်းထုတ်ပြန်သော်လည်း အချို့မှုခင်းများမှာ လမ်းပျောက်နေဆဲဖြစ်သည်။

ရန်ကုန်မြို့တွင်ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များပေါ်၌ ခေတ်အဆက် ဆက်မင်းမူနေခဲ့သော ခါးပိုက်နှိုက်များစွာမှာလည်း ၂၀၂၂ ခုနှစ်အတွင်း၌ ပုံစံ အမျိုးမျိုးဖြင့် လုယက်မှုများစွာကို ယာဉ်များပေါ်၌ ကျူးလွန်လာကြသည်။

YBS ယာဉ်များပေါ်၌ နေ့စဉ် ဖုန်း၊ ငွေသားတို့အား ခါးပိုက်နှိုက်ခြင်းမှသည် ဓါး ထောက်လုယက်ခြင်း၊ အုပ်စုဖွဲ့ လုယက်ခြင်းများအထိ ဖြစ်ပွားခဲ့သည်။ YBS ယာဉ်များပေါ်၌ လုယက်ခံရမှု၊ ခါးပိုက်နှိုက်ခံရမှုကြောင့် ပစ္စည်းဥစ္စာဆုံးရှုံးကာ ဒုက္ခရောက်ခဲ့ရသူ များစွာလည်းရှိသည်။

ထိုသို့ YBS ယာဉ်များပေါ်၌ လုယက်မှုများ များပြားနေသကဲ့သို့ နံနက်ခင်းအချိန် ၌ မောင်းနှင်နေသော ခရီးသည်တင် YBS ယာဉ်အား လမ်း၌ဓါးပြတိုက်မှုလည်း ဖြစ်ပွားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မြို့နယ်၌ မောင်းနှင်နေသော YBS (၄၂) ယာဉ်အား လူတစ်စုက ရပ်တန့်ခိုင်းကာ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါခရီးသည်များအား ဓါးဖြင့်ထောက်ကာ ဖုန်းနှင့်ငွေ များ လုယက်သွားခဲ့သည်။

ထိုကဲ့သို့ ဖြစ်စဉ်များက ပြည်သူလူထုလုံခြုံရေးအပေါ် သက်ဆိုင်ရာအဖွဲ့များ အား မေးခွန်းထုတ်မှု ပိုမိုများပြားခဲ့သည်။ တရားဥပဒေစိုးမိုးရေးအား အဓိက ဆောင်ရွက်နေသည်ဆိုသော ရဲတပ်ဖွဲ့အနေဖြင့် ဓါးပြမှုကဲ့သို့ မှုခင်းဖြစ်စဉ်အ ချို့၌သာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိကြောင်း နိုင်ငံပိုင်သတင်းဌာန များမှတစ်ဆင့် သတင်းထုတ်ပြန်လေ့ရှိသော်လည်း အခြားပြစ်မှုများ၌မူ ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးနိုင်မှုရှိ၊ မရှိကို သတင်းထုတ်ပြန်ထားခြင်းမရှိပေ။

“အိမ်မှာရော၊ အပြင်မှာရော ဘယ်နေရာနေနေ လုံခြုံမှုမရှိဘူးလို့ လူတိုင်းလိုလို ခံစားနေရတာဘဲ။ အရင်လိုအခြေအနေမျိုး ပြန်မရောက်ရင်တောင် ဒီထက်ဆိုး တဲ့ လုယက်သတ်ဖြတ်မှုတွေ ဖြစ်မလာအောင် သက်ဆိုင်ရာအဖွဲ့တွေက ဖိဖိစီး စီးဆောင်ရွက်ဖို့လိုတယ်။ လူထုအတွက် အခြေခံကျတဲ့ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့ အရေးကြီးတယ်။ အခုအခြေအ နေကတော့ မှုခင်းဖြစ်စဉ်တွေကိုကြည့် ရုံနဲ့ ဒီလိုအဆင့်ကိုရောက်နိုင်ဖို့ အများ ကြီးလိုသေးတယ်လို့ ခံစားရတယ်” ဟု မန္တလေးမြို့၌နေထိုင်သည့် ရှေ့နေတစ်ဦး က သုံးသပ်ပြောကြားသည်။

နိုင်ငံရေးပဋိပက္ခဖြစ်စဉ်များနှင့်အတူ တရားဥပဒေစိုးမိုးနိုင်မှု အားနည်းခဲ့သည့် အခြေအနေများကြောင့် ပြီးခဲ့သည့်နှစ်အတွင်း ပြည်သူလူထုမှာ ထိတ်လန့်စရာ မှုခင်းဖြစ်စဉ်များနှင့်အတူ အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှု များစွာဖြင့် ဖြတ်သန်းခဲ့ရပေသည်။

ဓာတ်ပုံ- CJ
Credit ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *