ထော်လာဂျီယာဉ်နှင့် စက်ဘီးတိုက်မိရာမှ ၇ နှစ်အရွယ် ကလေးငယ်‌ေ သဆုံ း

ရန်ကုန်၊ ဇန်နဝါရီ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ဇန်နဝါရီ ၅ ရက်က စပါးတင်သည့် ထော်လာဂျီယာဉ်နှင့် စက်ဘီးတိုက်မိရာမှ ၇ နှစ်အရွယ် ကလေးငယ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက် ညနေ ၅ နာရီဝန်းကျင်က သထုံမြို့နယ်၊ သထုံ- မော်လမြိုင်ကားလမ်းပေါ်၌ ဒေးဗရိန်းကျေးရွာတွင် နေထိုင်သော အမျိုးသမီးမှာ ၎င်း၏ ၇ အရွယ်ကလေးငယ်ကို စက်ဘီးအနောက်တွင်တင်၍ စီးနင်းလာခဲ့ကြောင်း သိရသည်။

ထိုသို့ စက်ဘီးဖြင့်လာစဉ် စပါးတင်သည့် ထော်လာဂျီယာဉ်ဖြင့် တိုက်မိခဲ့ရာ စက်ဘီးအနောက်တွင် ထိုင်စီးလာသည့် ကလေးငယ်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ မိခင်မှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

” သေဆုံးသူက ၇ နှစ်အရွယ် ယောက်ျားလေးပါ။ သူ့အမေနဲ့ မုန့်ဝယ်စားမလို့ စက်ဘီးနဲ့သွားရင်းနဲ့ လမ်းဖြတ်ကူးရင်း စပါးတင်တဲ့ထော်လာဂျီကားနဲ့ တိုက်မိပြီး

ကလေးက ခေါင်းထိပြီး သေဆုံးသွားပါတယ်။ ကလေးမိခင်ကတော့ ပွန်းပဲ့ဒဏ်ရာတွေ ရသွားတယ်”ဟု အကြင်နာတွဲလက်အသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

သေဆုံးသူ ကလေးငယ်အလောင်းအား သထုံပြည်သူ့ဆေးရုံမှ တစ်ဆင့် နေထိုင်ရာ ကျေးရွာသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၅ ရက် ကလည်း တောင်ကြီးမြို့၌ မိဘများနှင့် ဆိုင်ကယ်အရှေ့မှ ထိုင်၍ စီးနင်းလာသည့် ၃ နှစ်အရွယ်ကလေးငယ် အိပ်ငိုက်ရာမှ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျစဉ် မောင်းနှင်လာသည့် မြေသယ်ယာဉ်မှ ကြိတ်မိခဲ့ကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

မောင်ဇော်
ဓာတ်ပုံ- အကြင်နာတွဲလက်အသင်း
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *