ဒီကားနံပါတ်နဲ့ Taxi ဦးလေးကြီးကို တကယ်ကျေးဇူး တင်ပါတယ်ရှင့်

ဒီကားနံပါတ်နဲ့ Taxi ဦးလေးကြီးကို တကယ်ကျေးဇူး တင်ပါတယ်ရှင့် ညမဒီနေ့မနက်မြန်မာပလာဇာရှေ့ကနေကားငှါးလာပြီး ကားပေါ်မှာဖုန်းကျန်ခဲ့ပါတယ်

ချက်ချင်းညမလည်းကားပေါ်ကဆင်းပြီး ၅မိနစ်လောက်နေတော့သတိရလို့အိတ်ထဲကြည့်တော့မတွေ့တော့ ညမသူငယ်ချင်းကိုပေးထားသေးလားမေးတော့မပေးထားဖူးဆိုတာနဲ့

ညမဖုန်းကိုလှမ်းဆက်ကြည့်တော့ကားသမားဦးလေးကချက်ချင်းကိုင်ပြီးကားပေါ်မှာကျန်ခဲ့ကြောင်းပြောပါတယ် သိပ်မကြာသေးခင်မှာပဲ ညမဆင်းခဲ့တဲ့နေရာကို လာပြီးပေးပါတယ်

ညမလည်း ကျေးဇူးအရမ်းတင်ပြီး ဦးဒါလေးကတော့ သမီးဦးလေးက်ိုတကယ်ကျေးဇူးတင်လို့မုန့်ဖ်ိုးလေးပေးတာပါဆိုတော့ များတယ်မယူဘူးတဲ့ အတင်းပေးလိုက်ရတယ်

တကယ်လေးစားစရာကောင်းပါတယ် အခုလိုခေတ်ကြီးမှာ ဒီလ်ိုဦးလေးကြီးလိုလူမျိုးအရမ်းရှားသွားပါပြီ ကျေးဇူးအရမ်းတင်ပါတယ်နော်✨

ဦးလေးကြီးဒီပို့စ်ကိုမြင်ရင်ဆက်သွယ်ပေးပါရှင့်
သမီး မုန့်ဖိုးလေးထက်ပေးချင်လို့ပါ စိတ်ဓါတ်လေးအရမ်းသဘောကျလို့ရှင့် 🤍✨

Comment မှာ ဦးလေးကြီးရဲ့ ကားနံပတ်ကို ရေးသွားပြီး ဂုဏ်ပြု ပေးကြပါဦးနော်။

Credit @ Thiri

ဦးလေးကြီး ဆက်သွယ်ပါနော်👇

https://www.facebook.com/groups/ybsdirectory/permalink/1534575103695644/?mibextid=Nif5oz

Leave a Reply

Your email address will not be published. Required fields are marked *