မင်္ဂလာတောင်ညွှန့် ၌ အသက် ၈၀ ကျော် အဖွားအိုတစ်ဦး လှေခါးပေါ်မှ ပြုတ်ကျပြီး…see more

ရန်ကုန်၊ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၀၉ လမ်းရှိ အထပ်မြင့်တိုက်တစ်ခု၏ အတွင်းလှေကားမှ အသက် ၈၀ ကျော်အရွယ် အဖွားအို တစ်ဦး ပြုတ်ကျ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
” ညနေပိုင်းလောက်ကဖြစ်တာ အချိန်တော့အတိအကျမသိဘူး၊ ဘေးအခန်းကမုန့်လာပို့တာကိုထွက်ယူရင်း
လှေကားပေါ်ပြုတ်ကျတာ၊ ခေါင်းကွဲ ပြီး ဆုံးသွားတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
ဇန်နဝါရီ ၆ ရက်၊ ညနေပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၀၉ လမ်းရှိ အထပ်မြင့် ၆ ထပ်တိုက်တစ်ခု၏
ပထမထပ်တွင် နေထိုင်သည့် အသက် ၈၂ နှစ် အရွယ် အမျိုးသမီးကြီးတစ်ဦးသည် လှေကား မှပြုတ်ချခဲ့ပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
သေဆုံးသူအမျိုးသမီးကြီးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည် သိရသည်။
ဂျူဂျူး
ဓာတ်ပုံ-Cj
#ယနေ့ခေတ်