မြွေဟောက်တစ်ကောင်ကြောင့် မထင်မှတ်ဘဲ ချမ်းသာလာခဲ့တဲ့ အမျိုးသား

မြွေဟောက်က ကိုက်လို့ ပြန်ကိုက်သတ်ရာမှ မထင်မှတ်ဘဲ နာမည်ကြီးပြီး ချမ်းသာလာသူ

မြွေဟောက်ဆိုတဲ့ သတ္တဝါဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးနဲ့ အန္တရာယ် အများဆုံး သတ္တဝါထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ အဆိပ်ဟာ အလွန် ပြင်းထန်လွန်းတာကြောင့် အကိုက်ခံရတဲ့ သတ္တဝါဟာ မိနစ်ပိုင်းအတွင်း သေဆုံးသွားနိုင်ပါတယ်။


ယခုအချိန်ထိလည်း မြွေဟောက်ရဲ့ အဆိပ်နဲ့ ပက်သက်ပြီး ထိရောက်တဲ့ ဖြေဆေးကို မထုတ်လုပ်နိုင်ကြသေးပါဘူး။ မြွေဟောက်တွေကို အာရှတိုက်ကနိုင်ငံ တော်တော်များများမှာ တွေ့နိုင်ပြီး လူကို အန္တရာယ် ပေးတတ်တဲ့ အကောင်တွေပဲ ဖြစ်ပါတယ်။

လူတစ်ချို့ကဆိုလျှင် မြွေဟောက် အကိုက်ခံရတာကြောင့် ခြေ၊လက် ဖြတ်ပစ်လိုက်ရပြီး ဆုံးရှုံးသွားကြရပါတယ်။ ဒီလို လူတွေအတွက် အလွန် အန္တရာယ်ပေးတဲ့ မြွေဟောက်တွေကို ကစားစရာ အရုပ်သဖွယ် သဘောထားပြီး နိုငိနိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့ အမျိုးသား တစ်ယောက် ရှိပါတယ်။


ဒီအမျိုးသားရဲ့ နာမည်ကတော့ Elies Lentorio လို့ ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို ဖိလစ်ပိုင်နိုင်ငံမှာ မြွေဟောက်ဘုရင်လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။

သူ ဘယ်လိုဖြစ်ပြီး ဒီလိုနာမည် ရသွားလဲဆိုတာကို ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖွယ်ရာ ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြစ်ပုံကတော့ တစ်ရက်မှာ Elies Lentorio ဟာ မှတ်တမ်းရုံးတစ်ခုကို သွားဖို့အတွက် ဆိုင်ကယ်နှိုးရန် ပြင်ဆင်လိုက်ချိန်မှာ စက်နှိုး၍ မရတာကြောင့် ဆိုင်ကယ် Tool Box ကို ဖွင့်ပြီး ဆီရှိ ၊ ရှိ စစ်ဖို့ ပြုလုပ်ခဲ့ပါတယ်။


အဲဒီအချိန် ဆိုင်ကယ် Tool Box ကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ မြွေဟောက်တစ်ကောင်ဟာ ရုတ်တရက် မြွေဟောက်တစ်ကောင် ထွက်လာပြီး သူ့ကို လှမ်းကိုက်လိုက်ပါတယ်။ ရုတ်တရက် လှမ်းကိုက်တာကြောင့် Eliesဟာ ရှောင်ချိန် မရှိဘဲ လက်ကို ကိုက်မိသွားပါတယ်။

ဒီအချိန်မှာ Elies ဟာ ဒေါသထွက်သွားပြီး မြွေဟောက်ရဲ့ ခေါင်းကို ကိုင်ပြီး ခေါင်းပြတ်ထွက် သွားသည်အထိ ကိုက်ပလိုက်ကာ မြွေဟောက်ရဲ့ သွေးတွေကိုပါ မျိုချလိုက်ပါတယ်။


ပြီးတော့ Elies ဟာ အိမ်ကို ပြန်လာခဲ့ပြီး ဘာမှမဖြစ်သလို နေခဲ့ပါပေမယ့် အိပ်ပျော်သွားတဲ့အချိန်မှာတော့ အဖျားတွေ တက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့နှုတ်ခမ်းတွေဟာ ပြာနှမ်းလာပြီး လက်တွေမှာလည်း အရည်ကြည်ဖုတွေ ထွက်လာပါတယ်။

ဒီလိုနဲ့ သူ့မိသားစုဟာ စိုးရိမ်လာပြီး Eliesကို ဆေးရုံသို့ ပို့လိုက်ပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်က သူ့ကို အမျိုးမျိုး စမ်းသပ်ခဲ့ပေမယ့် ဘာမှ မဖြစ်သလို သူ့ရဲ့ နှလုံးဟာလည်း ကောင်းမွန်စွာ အလုပ်လုပ်နေပါတယ်။


ဒီလိုနဲ့ နောက်တစ်ရက် ကြာတဲ့အခါမှာတော့ ဆေးရုံကနေ သူ့ကို ဆင်းခွင့် ပြုလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ Elies ဟာ ဘာမြွေကိုက်ကိုက် ဘယ်လိုမှ မဖြစ်တော့ဘဲ အဆိပ်တတ်တာမျိုးလည်း မရှိတော့ပါဘူး။

သူ့ကို လက်ရှိမှာတော့ မြွေဟောက်ဘုရင်လို့ ခေါ်နေကြပြီး အိမ်တွင်း မြွေရှာဖွေရေးအတွက် သူ့ကို လူတွေက ငှားခဲ့ကြတာကြောင့် အရင်ကထက်တောင် ချမ်းသာလာနေပါပြီ။

Source ::; LY Healthcare

Leave a Reply

Your email address will not be published. Required fields are marked *