ရပ်ထားသည့်သဲကားကို ဆိုင်ကယ်ဝင်တိုက်အမျိုး သား နှစ်ဦး ပွဲချင်းပြီးေ သဆုံ း

ရန်ကုန်၊ ဇန်နဝါရီ ၃
တာချီလိတ်-ကျိုင်းတုံကားလမ်း၌ ရပ်ထားသည့်သဲကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိ၍ ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦး နေရာ၌ပင်သေဆုံးခဲ့ ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ရှင်း ၄ ရွာအနီး၌
ရပ်ထားသည့်သဲကားတစ်စီးကို ဆိုင်ကယ် တစ်စီးက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူ ညီရေးအသင်းမှ သိရသည်။
”မနေ့က ၄ ခွဲလောက်မှာဖြစ်သွားတာပါ၊ အမျိုးသားနှစ်ဦး နေရာမှာတင် ပွဲချင်း ပြီးသေဆုံးသွားတာပါ၊ တစ်ယောက်ကတော့ အသက် ၆၀ ကျော်၊
တစ်ယောက် ကတော့ ၃၀ ကျော်ပါ” ဟု ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိ သူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
အဆိုပါ မတော်တဆမှုကြောင့် သေဆုံးသူများကို တာချီလိတ်ပြည်သူ့ဆေးရုံ ကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ထက်ပိုင်
ဓာတ်ပုံ-ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်း
#ယနေ့ခေတ်