သမီးရည်းစား ၂ ဦး စကားများရန်ဖြစ်ရာမှာ အမျိုးသမီး ဖြစ်သူ… (သင့်သင့်မြတ်မြတ်နေကြပါဟာ)

ဇန်နဝါရီ ၆

မလေးရှားနိုင်ငံ ဆာလာရန်းမြို့နယ်နေတဲ့ မြန်မာနိုင်ငံသား သမီးရည်းစား ၂ ဦး စကားများ ရန်ဖြစ်ရာမှာ အသက် ၂၉ နှစ် အရွယ်ရှိ

အမျိုးသမီးဖြစ်သူ သေဆုံးသွားလို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )မှ သိရပါတယ်။

သေဆုံးသွားသူမှာ မကွေးတိုင်း ပေါက်မြို့နယ် ရှခွလေးရွာမှ မမော်မော်မြင့်ဆိုသူ ဖြစ်ပြီး ယင်းနှင့် သူ၏ ရည်းစား ဆိုသူ တို့သည် စကားများ ရန်ဖြစ်ရာမှ ခြေလွန်လက်လွန်ဖြစ်ပြီး မမော်မော်မြင့် မှာ သေဆုံး သွားခဲ့တာလို့ဆိုပါတယ်။

မမော်မော်မြင့်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က အခင်းဖြစ်ပွားတဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတာ ကြန့်ကြာနေခြင်းကြောင့်

ဇန်နဝါရီ ၄ ရက်နေ့ကမှ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား ) အကူ အညီနဲ့

မလေးရှားနိုင်ငံ ကွာလာလမ်ပူ-ချဲရတ်သုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်နိုင်ခဲ့တာဖြစ်တယ်လို့ လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောကြားထားပါတယ်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအမျိုးသားကို ဆာလာရန်းမြို့ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးကာ လူသတ်မှုဖြင့်တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *