အမျိုးသားတစ်ဦး အချိန်မတော် နေအိမ်တိုက် သုံးလွှာပေါ်မှ ပြုတ်…see more

ရန်ကုန်၊ ဇန်နဝါရီ ၆
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ အမျိုးသားတစ်ဦး အချိန်မတော် နေအိမ်တိုက် သုံး လွှာပေါ်မှ ပြုတ်ကျသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် တော်ကော့ပြင် ရပ်ကွက်နေသူတစ်ဦးဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၆ ရက် နံနက် အစောပိုင်း ၂ နာရီ ၄၅ မိနစ်က ၄င်းနေထိုင်သည့် ၃ ထပ်အမြင့် တိုက်ဝရံတာမှ မတော်တဆ ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။
“သူနေတဲ့နေရာက အဆောင်လိုပဲ။ ၃ထပ်တိုက်ရဲ့အပေါ်ဆုံးအထပ်ပဲ။ဘေးချင်းကပ်လျက်အခန်းတွေလည်းရှိတယ်ဗျ။သူ့မှာအမျိုးသမီးရှိတယ်။ဖြစ်တဲ့အချိန်အိမ်မှာသူတစ်ယောက်တည်းလို့ပြောတယ်။
ဘယ်လိုဖြစ်ပြီး ပြုတ်ကျသွားလည်းတော့ အတိ အကျ မသိပါဘူး။ကျွန်တော်တို့ကိုဖုန်းဆက်တော့သွားကူညီပြီး ဆေးရုံကိုပို့ပေးခဲ့တာပါဗျ” ဟု ဦးလှမိုးလူမှုကူညီရေး(တာချီလိတ်)အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
၄င်းအမျိုးသားသည် အသက် ၂၂ အရွယ်ခန့်ရှိပြီး ပြုတ်ကြသည့် အရှိန်ကြောင့် ဦးခေါင်းမေးရိုး၊ ညှပ်ရိုးကျိုး ဒဏ်ရာများရရှိခဲ့ပြီး တာချီလိတ် ပြည်သူ့ဆေးရုံ ၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ထို့နောက် တိုက်ပေါ်မှပြုတ်ကျသွားသူ၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဝသုန်
ဓာတ်ပုံ-ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း
#ယနေ့ခေတ်