တရှူးရှူးနဲ့ ဒေါသထွက်နေတဲ့မြွေဟောက်ကို ပြန်ကိုက်ပြတဲ့ဆရာကြီး ဦးစိန်တင်

မြွေဆရာအများစုဟာ မြွေကိုက်ခံရပြီး ဘဝပြီးဆုံးရလေ့ရှိပါတယ်။

ဒါပေမဲ့ မြွေကိုပြန်ကိုက်တဲ့ မြွေဆရာတဦး မြန်မာနိုင်ငံမှာ ထူးထူးခြားခြားရှိနေပါတယ်။

သူကတော့ အသက် ၆၈ နှစ် ရှိပြီဖြစ်တဲ့ မြွေဆရာကြီး ဦးစိန်တင် ဖြစ်ပါတယ်။

အဆိပ်အပြင်းပေ့ဆိုတဲ့ မြွေမျိုးစိတ်တွေထဲမှာပါတဲ့ မြွေဟောက်ကိုမှ ပါးစပ်မှာထည့်ကိုက်ပြတာပါ။

ဦးစိန်တင်ရဲ့မြွေဆရာလုပ်သက် နှစ် ၃၀ ကျော်မှာ အဆိပ်ပြင်းမြွေ အကိုက်ခံရတာလည်း အကြိမ် ၄၀ ထက်မနည်း ရှိခဲ့ပါပြီ။

လူ့အသက်ဇီဝိန်ကို ခြွေနိုင်စွမ်းရှိတဲ့ King Cobra ခေါ် တောကြီးမြွေဟောက်ကိုက်တာကိုတောင် ခံခဲ့ရဖူးသလို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကိုလည်း ၅ ကြိမ်မက ရောက်ခဲ့ရပါတယ်။

ဒေါသထွက်နေတဲ့မြွေဟောက်ကို ပြန်ကိုက်ပြတဲ့အကွက်ကတော့ တကယ်ကို တုန်လှုပ်အံသြစရာကောင်းပါတယ်။ ဒီပြကွက်နဲ့ပတ်သက်လို့ သူ့လိုလိုက်မလုပ်ကြဖို့လည်း ဦးစိန်တင်က အကြိမ်ကြိမ် အထပ်ထပ် သတိပေးပြောဆိုခဲ့ပါတယ်။

(သတိ – မိမိပတ်ဝန်းကျင်မှာ အခုလို မြွေတွေတွေ့ရင် အရဲစွန့်ပြီး ဖမ်းဆီးတာမျိုးမလုပ်ဘဲ သက်ဆိုင်ရာဌာန သို့မဟုတ် ကျွမ်းကျင်သူတွေဆီ ဆက်သွယ်အကူအညီတောင်းခံပါ။)

Photo – ရွှေဖီး

Leave a Reply

Your email address will not be published. Required fields are marked *