မိသားစုတွင်း ပြဿနာကိုအခြေခံ ပြီး သားဖြစ်သူက အဖေကို မကျေနပ်သဖြင့် အိမ်ကိုမီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုန်းစိုးရပ်၊ယုဇနလမ်းမှာ ဇန်နဝါရီ (၆) ရက်ညပိုင်းကအိမ်မီးလောင်မှုတခုဖြစ်ခဲ့ပြီး အဲ့ဒီမီးလောင်မှုဟာ အဖေကိုမကျေနပ်လို့
သား ဖြစ်သူကရှို့တဲ့မီးဖြစ်ကြောင်းစစ်ဆေးတွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
မနေ့က ည(၁၀)ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ အဲ့ဒီမီးလောင်မှုကြောင့် မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံးနဲ့ ဆိုင်ကယ်နှစ်စီး၊စက်ဘီးတစီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် မီးသတ်ဦးစီးမှူးနဲ့ နယ်မြေရဲစခန်းက ရဲအရာရှိတို့ စစ်ဆေးချက်တွေအရ မိသားစုတွင်း ပြဿနာကိုအခြေခံ ပြီး
သားဖြစ်သူက အဖေကိုမကျေနပ်လို့ မီးရှို့တယ်ဆိုတာ ပေါ်ပေါက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေကပြောပါတယ်။
အခုလို အိမ်မီးရှို့စေတဲ့အထိ သားအဖနှစ်ဦး မကျေမနပ်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့မသိရပါဘူး။မီးရှို့မှုကျူးလွန်းခဲ့တဲ့ မုံရွာမြို့ခံ ကျော်မျိုးမင်းဆိုသူကိုတော့ ရာဇသတ်ကြီးပုဒ်မ (၄၃၆)နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။
မနေ့က ညပိုင်းမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကို မြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား သုံးစီး၊ရေသယ်ယာဉ်လေးစီးနဲ့
ငြှိမ်းသတ်ခဲ့ပြီး မိနစ်နှစ်ဆယ်ဝန်း ကျင်အကြာမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
Credit DeltaNewsAgency