မိုးပျံလမ်းပေါ် ဆိုင်ကယ်စီးနင်းလာတဲ့ မြန်မာတစ်ဦး လမ်းဘေး အကာအရံတွေကို တိုက်မိပြီး လွင့်စင်ပြုတ်ကျ ေ သဆုံ း

ဇန်နဝါရီ ၇
ထိုင်းနိုင်ငံက မိုးပျံလမ်းပေါ် ဆိုင်ကယ်စီးနင်းလာတဲ့ မြန်မာတစ်ဦး လမ်းဘေး အကာအရံတွေကို တိုက်မိပြီးလွင့်စင်ပြုတ်ကျကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်း အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ ဒေသစံတော်ချိန် ည ၁၂ နာရီကျော်အချိန်ခန့် အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၁ ဦးသည် မိုးပျံလမ်းတွင် လမ်းဘေးရှိ ကာရံထားသော
ဘယ်ရီအာ အတားဆီးနဲ့ ပွတ်တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ လွင့်ထွက်ကာ အမြင့် ၁၅ မီတာအောက်ရှိ အမြန်လမ်းပေါ် ပြုတ်ကျကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ တမ်ဘွန်ရာဇာဒေဝခရိုင် ဘန်ဖီ စမွတ်ပကန်ပြည်နယ် ထေဖာရတ် အမြန်လမ်းပေါ် ပြုတ်ကျသေဆုံးသွားခဲ့သည်
အဆိုပါ မြန်မာနိုင်ငံသားကို ဘန်ဖီဆေးရုံ ကယ်ဆယ်ရေးအဖွဲ့ နှင့် ပရဟိတ လူမှုကူညီရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့သော်လည်း
အဆိုပါ မတော်တဆမှု ဖြစ်စဉ်တွင် လည်ပင်းကျိုးရာမှ ပြင်းထန်သော ဒဏ်ရာရရှိမှုဖြင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။