ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ မြန်မာတစ်ဦးက မျက်လုံး၂ လုံးအပါအဝင် ကိုယ်တွင်း အင်္ဂါအစိတ် အပိုင်းများအား…see more

ဇန်နဝါရီ ၇

ထိုင်းတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက မျက်လုံး၂ လုံးအပါအဝင် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ လှူဒါန်းခဲ့တယ်လို့ ထိုင်းနိုင်ငံရှိ Ratchaburi Hospital က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံ အနောက်ပိုင်း ရတ်ချဘူရီ ခရိုင်အတွင်း ယာဉ်မတော်တဆမှုကြောင့် အသက်သေဆုံးသွားခဲ့သည့် ကိုသန့်ဇင်ထွန်းက သူ၏ကိုယ် အင်္ဂါအစိတ်အပိုင်းများကို လူ ၁၃ ဦးအတွက် လှူဒါန်းပေးခဲ့တာလို့ ဆေးရုံက ပြောပါတယ်။

ကိုသန့်ဇင်ထွန်းမောင်းနှင်လာသောမော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်မော်တော်ကား တိုက်မိခဲ့ပြီး ပါထော့ဆေးရုံသို့ဆေးကုသမှုခံယူပြီးနောက် မေ့မြောနေသောအခြေ အနေဖြင့် ခရိုင်ဆေးရုံသို့ရောက်ရှိလာတာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

ရတ်ချဘူရီခရိုင်ဆေးရုံသို့ ရောက်ရှိလာချိန်တွင် ကိုသန့်ဇင်ထွန်းမှာ ဆေးကုသမှုခံ ယူခဲ့ သော်လည်း သတိပြန်လည်ရရှိလာခြင်းမရှိဘဲ ဦးနှောက်အား ဓာတ်မှန်ရိုက်ခြင်း၊

လည်ပင်း ရိုးစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေ တာကြောင့် ခရိုင်ဆေးရုံဆရာဝန်အဖွဲ့မှ ကိုသန့်ဇင်ထွန်း၏ မိသားစုထံဆက်သွယ်ကာ ကိုယ်အင်္ဂါအလှူ ခံရန်ဆက်သွယ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကိုသန့်ဇင်ထွန်း ကအသက်ရှင်စဉ်အခါတုန်းကလည်း အခွင့်ကြုံခဲ့လျှင် သူ၏ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို လှူဒါန်းသွားခဲ့ရန် မိသားစုကို မှာကြားထားတာမျိုးရှိလို့ လှူဒါန်းနိုင်မည့်အင်္ဂါအစိတ်အပိုင်းများကို ဆရာဝန်အဖွဲ့မှ ခွဲစိတ်ရယူခဲ့တယ် လို့ဖော်ပြထားပါတယ်။

ယင်းကဲ့သို့ ခွဲထုတ်ရယူရာတွင် မျက်လုံးတစ်စုံနှင့် အရိုးနှင့်တစ်ရှူး ၁၁ ခုကို ရရှိခဲ့ပြီး ထိုင်းကြက်ခြေနီအသင်းအား မျက်စိနှစ်လုံး၊ အရိုးနှင့် တစ်သျှူးများကို ထောက်ပံမှုဖြင့် Bangkok Biotissue Donation Center သို့ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

ကိုသန့်ဇင်ထွန်းရဲ့ မိဘတွေကတော့ မြန်မာနိုင်ငံမှာ နေထိုင်ပြီး သူကတော့ ဇနီးဖြစ်သူနဲ့ သားဖြစ်သူတို့နဲ့အတူနေထိုင်ကာ ရတ်ချဘူရီရှိ ကြက်ခြံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး

ကြက်ဥရောင်းချပေးရသည့်တာဝန်ကိုလုပ်ကိုင်ပေးနေသူဖြစ်ကာ ကိုသန့်ဇင်ထွန်း ကောင်းမှုကုသိုလ်အတွက် ခရိုင်ဆေးရုံက ကျန်ရစ်သူမိသားစုများထံ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *