လှချင်တဲ့ဇောက လူကို စ,ဒုက္ခပေးသွားတဲ့ လိုင်း‌ပေါ်ခေတ်စားနေတဲ့ Comestic တွေရဲ့ဆိုးကျိုးကိုယ့်တွေ့ပြောပြလာသူလေး

ခုတလော MLM product နဲ့ပတ်သက်ပြီး ဂယက်တေတအားထနေလို့ ကျွန်မလည်းမနေနိုင်တော့လို့ လျှာဝင်ရှည်ပါရစေရှင့်😁

acc ထဲမှာရောင်းနေတယ့်သူငယ်ချင်းများကိုလည်းအားနာစွာဖြင့်ကိုယ်တွေ့ကိုတင်ပါမယ်ရှင်😔
ကျွန်မမျက်နှာကလေ ဘယ်တုန်းကမှဝက်ခြံမထွက်ခဲ့ဖူးပါဘူးရှင်

ဆပ်ပြာခဲအကြမ်းနဲ့သစ်တာတောင်မျက်နှာခြောက်တာဝက်ခြံထွက်တာမရှိခဲ့ဖူးပါဘူးရှင်။ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတေကောဆွေမျိုးတေပါအကုန်သိပါရှင်။

အဲ့လိုနဲ့ လှချင်တဲ့ဇောက လူကိုစဒုက္ခပေးပါရော သူငယ်ချင်းတယောက်ရောင်းတဲ့ အဲ့comestic ပေါ့နော်product name တော့ထည့်မရေးတော့ဘူး ။MLM ပဲဆိုပါတော့ 😁လျှာရှည်ပြီး သုံးမိတယ်။ လှချင်တာကိုး ။

အဲ့အချိန်က အသက် 23အဲ့ကစတာပဲ ပထမတရက်မျက်နှာကိုပြောင်တင်းပြီး အသားရည်ကလည်းရှယ်ပဲ။အဲလဲ့ မိုက်တယ်ပေါ့ 😂နောက်တရက် လည်း ဝါးကြည်တောက် အသားရေ အသားကုန်တေကြိုက်နေတာ😁😁သုံးရက်မြောက်နေ့မှာစတာပဲ

အဲ့မှာစပြီးမျက်နှာအသားရေတေစယားလာတယ်။အော် ငါပုဇွန်စားမိတာကိုးဆိုပြီး စိတ်ထဲတွေးမိ။ဆက်သုံးအဲ့ကစပြီးအဖုအကြီးကြီးတေ စထွက်လာတယ် ။ဟဲ့ဘာဖြစ်တာလည်းမသိဘူး။

အဲ့မှာစပြီး စိတ်ကယောင်ချောက်ချားတေဖြစ်😁
သူငယ်ချင်းမ က ဟဲ့ကောင်မ နင်ဆက်မသုံးနဲ့တော့ အဲ့တာ ဒီ MLM ကြောင့်နေမှာပြောတော့ အဲ့အချိန်ကစပြီးသုံးတာရပ်လိုက်ပေမယ့် အခုချိနါထိ ဒဏ်ရာတေကကျန်ခဲ့တုန်းပဲ😔

အရေပြားဆေးခန်းပြ ဆေးတေသောက်ပေမယ့် အခုချိန်ထိ ဒဏ်ရာတေကျန်ခဲ့တုန်းပဲ။ အဆီ အစိမ့်‌ ငပိ ငခြောက်ပုဇွန် စားတာ အကုန်ရပ်ပစ်ပေမယ့် ခုချိန်ထိ အမာရွတ်ကျန်တုန်းပဲ ။ သုံးနှစ်ပြည့်တော့မယ်။

ဘလောက်တောင်ဆိုးလည်းဆို အဲ့ဝက်ခြံကြောင့် ဆရာဝန်ပေးတဲ့ Hormones changes ဆေးတေတောင်သောက်ခဲ့ရတယ်။ ဆံပင်တေကျွတ် တယောက်တည်းဆိုအလိုလိုဝမ်းနည်းခဲ့ရတယ်။

ပြောချင်တာက ကျေးဇူးပြုပြီးအရဲကိုးပြီး မသုံးစေချင်ပါဘူး။ ကိုယ့်လိုဖြစ်သွားမှာ အရမ်းစိတ်ပူပါတယ်။ဒါကြောင့် မသုံးကြပါနဲ့လို့ ဒီလောက်နဲ့ပဲ 😊

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed