သားရဲ့ပညာသင်စရိတ်အတွက် အိမ်ကိုပေါင်နှံပြီးထောက်ပံ့ပေးခဲ့သော်လည်း ပြန်လှည့်မကြည့်ခဲ့၍ အိုးမဲ့အိမ်မဲ့ဘဝကို ရောက်ခဲ့ရသည့် မိခင်အိုကြီး

မိဘတိုင်းက သူတို့သားသမီးတွေအပေါ် စွန့်လွတ်အနစ်နာခံရဲကာ သားသမီးကောင်းစားရေးအတွက် အရာရာပေးဆပ်ဖို့ ဝန်မလေးတတ်ကြပေမယ့်

သားသမီးတွေအလှည့်ကျ မိဘကို သူစိမ်းတွေထက်ပင်စိမ်းကားပြီး ကျေးဇူးကန်းတတ်ကြတာမျိုးရှိသည်။

ယခုတွင်လည်း ဂွာတီမာလာနိုင်ငံမှ အသက်၇၅နှစ်အရွယ် မိခင်အိုကြီးသည် သားလေးတစ်ယောက်ရှိရာ ပညာတတ်စေချင်၍ ကျောင်းထားပေးခဲ့ပြီးနောက်

သားဖြစ်သူက နိုင်ငံခြားမှာ စာရင်းကိုင်သင်တန်းထပ်တက်ချင်သေးသော်လည်း ဆက်လက်ထောက်ပံ့ပေးခဲ့သေးသည်။

သားဖြစ်သူသည် နိုင်ငံခြားမှာနေရသည့်အတွက် အသုံးစရိတ်များစွာကုန်တာကြောင့် မိခင်ဖြစ်သူသည် သူမရဲ့လုပ်အားခဝင်ငွေနဲ့ မလောက်တော့တာကြောင့် သူများတွေဆီမှာလိုက်ချေးဌားကာ ပိုက်ဆံတွေပို့ပေးခဲ့သည်။

သို့ပေမယ့်လည်း သားဖြစ်သူသည် ပိုက်ဆံပို့ပေးသလောက်မလောက်ပူးဟုဆိုသောကြောင့် ဘယ်မှာမှရှာမရတော့သည့်အဆုံး အိမ်ကြီးကို ပေါင်နှံရောင်းချပြီး

ကျောင်းထားပေးခဲ့ပေမယ့် ပညာလည်းစုံရော သားဖြစ်သူသည် မိခင်အိုကြီးကို အဆက်အသွယ်ဖြတ်သွားတော့သည်။

မိခင်အိုကြီးသည် နေစရာအိမ်ပင်မရှိတော့တာကြောင့် လမ်းဘေးမှာနေရင်း အိုးမဲ့အိမ်မဲ့ဘဝကို ရောက်သွားရာ ကူညီမည့်လူငယ်နဲ့တွေ့ပြီး

အကြောင်းစုံမေးမြန်းချိန်တွင် မိခင်အိုကြီးသည် သူမရဲ့သားကိုစိတ်မနာပဲ သူမဆီပြန်အလာကို စောင့်မျှော်နေခဲ့ရှာသည်။

crd,မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *