ကြွက်နှစ်ဖွားများအတွက် -၂၀၂၃ ခုနှစ်မှာ ကြွက်နှစ်ဖွားများသည် ရှုပ်ထွေးသောကံကြမ္မာအပြောင်းအလဲ

ကြွက်နှစ်ဖွားများအတွက် -၂၀၂၃ ခုနှစ်မှာ ကြွက်နှစ်ဖွားများသည် ရှုပ်ထွေးသောကံကြမ္မာအပြောင်းအလဲပေါ်မှာ မူတည်ပြီးအပြောင်းအလဲများစွာ ဖြစ်တတ်ပါသည်။
ကောင်းခြင်းဆိုးခြင်းဆိုတာထက် ဖြစ်သင့်တာဖြစ်ခြင်းမို့ စိတ်ထဲတွင်သိပ်စိတ်ပူစရာမရှိပါဘူး။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။
အတိုက်အခံ၊ အခက်အခဲများကို ကျော်လွှားပြီး မူလအနေအထားထက် ပိုမိုမြင့်မားသော ပညာ အဆင့်မြင့်အောင်မြင်တိုးတက်မှုများ ဖြစ်ပွားမည်။
ငွေမမြဲ၊ကုန်ကျစရိတ် အလွန်များမည်။ မူလတစ်ကြိမ်တစ်ခါမှဆောင်ရွက်လေ့မရှိသော ကိစ္စများ လုပ်ကိုင်ရလိမ့်မည်။အတတ်ပညာနှင့် ပတ်သက်သော တိုးတက်မှု ဘဝရည်ရွယ်ချက် အောင်မြင်မှုများ အရှိန်အဟုန်မြင့်စွာဖြစ်ထွန်းမည်။
အချစ်ရေး၊ အိမ်ထောင်ရေးမှာ မထင်မှတ်တဲ့ အချိုးအကွေ့တွေ ကြုံလာတတ်ပါသည်။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဘက် လက်မှာ ခိုက်မိတာ၊အောင့်တာ၊ နာတာ ဖြစ်တတ်ပါသည်။ ဘေးပယောဂကြောင့် အချစ်ရေးအိမ်ထောင်ရေး ပြဿနာကြီးတတ်ပါသည်။
လင်းညှို့တာရာ