ရုံးတာဝန်တွေ မှာ အခက်အခဲတွေရှိပြီးမိသားစု စီးပွားရေး ကျပ်တည်းမှုတွေကြောင့် တရားရုံးစာရေး ၁ ဦး ကြိုးဆွဲ…see more

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ တရားရုံးစာရေး အမျိုးသား ၁ ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
ဇန်နဝါရီ ၈
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ၊မြို့နယ် တရားရုံးကရုံးစာရေး တစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ယင်းနဲ့ နီးစပ်တဲ့ စာရေး တစ်ဦးထံမှ သိရပါတယ်။
အဆုံးစီရင်သွားတဲ့သူမှာ ရေကြည်မြို့နယ်တရားရုံးက ရုံးစာရေးဖြစ်သူ ဦးဇင်ဘိုဖြစ်ပြီး ရုံးတာဝန်တွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိပြီး
မိသားစု စီးပွားရေး ကျပ်တည်းမှုတွေကြောင့် အခုလို ကြိုးဆွဲချကာ အဆုံးစီရင်တဲ့အထိ လုပ်သွားတာလို့ ယင်းကပြောပါတယ်။
“ဇန်နဝါရီ ၃ ရက် က ဖြစ်သွားတာပါ ၊အလုပ်မှာ ကလည်း ဖိအားတွေ အမျိုးအမျိုးရှိတယ်တဲ့ ၊ရုံးဆင်းချိန်က လည်းမမှန်ဘူးလို့ပြောတယ် ၊
အိမ်စီးပွားရေးကလည်းအရင်လို အဆင်မပြေဘူး လို့ ညည်းတယ် ၊ အခုလို အဆုံး မစီရင်ခင် ရက်တွေက တွေ့တိုင်း ပြောသွားတာ” လို့ သူကပြောပါတယ်။
Source Myanma Platform