ဝန်ပိုတင်ဆောင်လာသည့် အပြင် ယာဥ်မောင်းမှာ မူးနေသဖြင့် ကားတိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၅ ဦး‌ေ သဆ…see more

ရန်ကုန်၊ ဇန်နဝါရီ ၈

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း ၌ ယမန်နေ့ ညနေပိုင်းက ဖောကား တစ်စီးမှာ ဝန်ပိုတင်ဆောင်လာသည့် အပြင်

ယာဥ်မောင်းနှင်သူမှာလည်း မူးနေသဖြင့် တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၅ ဦးသေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

” ဖောကားက သေးတယ်လေ၊ အဲ့ဒါကို လူ ၄၀ ကျော်တင်လာတာကလည်း၊ ဝိတ်များတယ်၊ ယာဥ်မောင်းကလည်းမူးနေတယ်၊ လမ်းအဖြောင့်ကြီးကို မှောက်တာ၊

အမျိုးသမီး ၅ ဦးသေတယ်၊ ၂၀ ကျော်ဒဏ်ရာရတယ်” ဟု သဗ္ဗသုခနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၇ ရက်၊ ညနေ ၆ နာရီဝန်းကျင်ခန့်ကနေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်ရှေ့၌ အလုပ်သိမ်းပြီး ပြန်လာသည့် အလုပ်သမား ၄၀ ဦးကျော်

တင်ဆောင်လာသော ဖောကားတစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၅ ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ကာ ၂၉ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့​သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

ဂျူဂျူး
ဓာတ်ပုံ-သဗ္ဗသုခနာရေးကူညီမှု အသင်း
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed