အမေက အဖွားကို ဆေးရုံလိုက်စောင့်ပေးစဉ် အဖေအရင်းဖြစ်သူမှ သမီးအရင်းအား တစ်ညလုံး အကြိမ်ကြိမ်…see more

ကျွန်မ(စုစုမောင်)ကိုယ်တိုင်စစ်မေးခဲ့ဖူးတဲ့ မုဒိန်းမှအကြောင်းလေးပါ..

အသက်မပြည့်သေးတဲ့ သေးသေးကွေးကွေကောင်မ လေးတစ်ယောက်နဲ့ဆုံခဲ့တာက စစ်ကိုင်းတိုင်း က ရဲစခန်းဝင်းထဲမှာပါ…။

ထိုရဲစခန်းဝင်းထဲမှာပဲ အချုပ်နဲ့ခပ်လှမ်းလှမ်းခြံဝန်းကြီးထဲမှာ စခန်းမှူးဦးမြင့်ဦး ဆိုသူနေထိုင်ပါတယ်..။ ကျွန်မတို့စစ်ကိုင်းရောက်တော့ ရင်းနှီးတဲ့ ထိုစခန်းမှုးဆီ ဝင်လည်တုန်းအချိန်မှာဖြစ်ပျက်သွားတာပါ။

ကျွန်မတို့စကားပြောနေချိန်နေ့လည်၁၁နာရီလောက်မှာသားအမိနှစ်ယောက်ရယ်ရွာသားသုံးယောက်ရယ်စုစုပေါင်းငါးယောက်စခန်းထဲသုတ်သုတ်ပြာပြာနဲ့ ရုတ်တရက်ရောက်လာကြတယ်။မိခင်ဖြစ်သူက ခန္ဓာကိုယ် ပိန်လှီလှီနဲ့ မျက်စိပျက်မျက်နှာပျက်ပေါ့GO…II

ကဲ!!ဆိုစမ်းပါအုံးလို့ စခန်းမှုးကမေးတဲ့အခါကြတော့လုပ်သူက ဒီလိုပြောတယ်…အမေ

ကျွန်မသမီးလေးကို ကျွန်မယောက်ကျားက မဒိန်းကျင့်လို့လာတိုင်တာပါဆရာကြီးရယ်လို့ပြောပြီးငိုချလိုက်တယ်။ သမီးဖြစ်သူကိုကြည့်တော့ မျက်လုံးတွေခြောက်ကပ်ကပ်နဲ့ အသိလွတ်နေသယောင် ဘာတစ်ခွန်းမှမေးလို့မရ ဖြေလည်းမဖြေနဲ့… စခန်းမှူးက ကောင်မလေးကိုချော့မေးရှာတယ် လက်ကလည်း လိုက်မှတ်ဖို့စာအုပ်နဲ့ ဘောပင်ကအဆင်သင့်ကိုင်ထားပြီးသား..။

ခက်တာက ကလေးမလေးဆီက ဘာသံမှထွက်မလာဘူး…ရုတ်တရက် စခန်းမှုးကြီးအကြပ်ရိုက်သွားတယ်။သို့ပေမဲ့ ရဲတို့၏ညဏ်နီညဏ်နက်(ပရိယယ်) ရုတ်တရက်ထုတ်သုံးပါတော့သည်။

အဲ့ဒါကတော့ … ကဲ!!သမီး ဘဘကိုမပြောချင်လဲနေ ဒီကရဲမေ မမ မေးတာကိုတော့ အမှန်ဖြေရမယ်ကြားလားဆိုပြီးကျွန်မကိုအကူအညီတောင်းပါတော့တယ်… ဘေးမှာရှိတဲ့ကျွန်မအမျိုးသားကလည်းခွင့်ပြုတဲ့အခါ

ကလေးမလေးကိုကျွန်မကအခန်းထဲခေါ်သွားလိုက်ပြီး သမီးအသက်ဘယ်နှနှစ်လဲမေးတော့ အသိခပ်ခြောက်ခြောက်တစ်ခွန်းထွက်လာတယ်၁၈ နှစ်ကျော်ပါတဲ့…

ပထမအစက သူက ကျွန်မကိုရှက်နေသယောင်ကြောက်နေသယောင်ရှိတယ်.. ပိန်လှီဖျော့တော့နေတဲ့သူ့လက်ကလေးနှစ်ဖက်ကို ကျွန်မကဆုပ်ကိုင်လိုက်ပြီး မမကိုအမှန်တိုင်းပြောပါညီမလေးကို အစ်မကူညီမယ် ဘာမှမစိုးရိမ်နဲ့လို့ပြောတော့ကျွန်မကိုချက်ခြင်းပဲ အားကိုးတကြီးမော့ကြည့်တယ် ။

နောက် ဘာစကားမှမထွက်နိုင်ရှာဘူး ပြုန်းကနဲ ငိုချလိုက်တယ်…။ပြီးတော့မှ အငိုရပ်ပြီးဆက်ပြောတယ် အဖေဟာညီမလေးရဲ့ အဖေအရင်းပါအစ်မရယ်။ အမေက ညီမလေးရဲ့ အဘွားဆေးရုံတက်နေလို့ မန္တလေးဆေးရုံကြီးမှာသွားစောင့်ပေးနေတာပါ တဲ့…။ အိမ်မှာ ညီမလေးရယ် မောင်လေးရယ် အဖေရယ်ပဲကျန်နေတာပါ။

မနေ့ကရွာထဲကဗွီဒီယိုရုံမှာ ဗွီဒီယိုသွားကြည့်တာအိမ်အပြန်နောက်ကျလို့ဆိုပြီး ညီမလေးကိုအိမ်နောက်က သရက်ပင်မှာကြိုးတုတ်ပြီး ထင်းချောင်းနဲ့ရိုက်တယ်…။မောင်လေးက အဖေ့ကိုကြောက်လို့ခပ်ဝေးဝေးမှာ ပုန်းနေရှာတယ်။

မောင်လေးကတော့ ၃နှစ်ပဲရှိသေးတယ်…။ အဖေက ညီမလေးကိုညနေ၆နာရီက ကြိုးတုတ်ထားတာ ည၁၂နာရီလောက်မှကြိုးဖြေပေးတယ်လေ ။ ခြင်တွေကလဲ ကိုက်လိုက်တာအရမ်းပဲညီမလေးလဲပင်ပန်းပြီးအိပ်ယာဝင်မယ်လုပ်တော့ အဖေပါအခန်းထဲလိုက်ဝင်ပြီး ညီမလေးကိုအတင်းချုပ်နှောင်ဒိန်းကျင့်တော့တာပါပဲ…။

ဟင်!ညီမလေးက မအော်ဘူးလားလို့မေးတော့ ညီမလေးပါးစပ်ကို လက်နဲ့ဖိအုပ်ထားတယ် ညီမလေးတို့အိမ်ကလဲ ခြံထဲဆောက်ထားတာလေ .ညီမလေးကိုဘေးအိမ်တွေလျှောက်ပြောရင် နင့်ကိုငါသတ်မယ်ဆိုပြီးခါးနဲ့ကြိမ်းတယ် ညီမလေးက အဖေရယ်သမီးကိုမလုပ်ပါနဲ့ သမီးတို့တွေကသားအဖတွေလေလို့ပြောပြီးကန်တော့တောင်းပန်ပေမဲ့မရတော့ပါဘူး သားမယားအဖြစ်တစ်ညလုံး အကြိမ်ကြိမ်ပြုကျင့်တယ်..။

မနက်ရောက်တော့ ညီမလေးလဲ ထမင်းအိုးတည်ချင်ယောင်ဆောင်ပြီး နောက်ဖေးပေါက်က ထွက်ပြေးပြီး ရွာထဲကအသိအဒေါ်ကြီးတစ်ယောက်အိမ်ကိုသွားပြီး အသိပေးခဲ့တယ်။အဲ့ဒီအဒေါ်ကြီးနဲ့ယောက်ကျားလုပ်သူကသိတော့ရပ်ကွက်လူကြီးအိမ်ကိုသွားတိုင်ကြတယ်…. ဆေးရုံမှာလူနာစောင့်နေတဲ့

အမေ့ကိုလည်းဆက်သွယ်ပြီးပြန်ခေါ်လိုက်ပြီး ရပ်ကွက်လူကြီးရယ် အမေရယ် အဒေါ်ကြီးယောက်ကျားရယ်ရပ်ကွက်ထဲကရွာသားတစ်ယောက်ရယ်တိုင်ပင်ပြီးအခုလိုရဲစခန်းလာကြတာပါ”တဲ့လေ…။ ကျွန်မလေ သူပြောတာတွေနားထောင်နေရင်းဒေါသတွေထွက်လိုက်တာမပြောပါနဲ့တော့အနားမှာသာ အဲ့ဒီတိရစ္ဆာန်သာရှိလို့ကတော့ မျက်နှာကိုတံတွေးနဲ့ ထွေးမိမှာသေချာတယ်…။

ကျွန်မ ကောင်မလေးကိုတစ်ခုမေးလိုက်တယ် ညီမလေးဘာဖြစ်ချင်လဲ အဖေ့ကိုဘယ်လိုဖြစ်စေချင်လဲလို့မေးတော့ “အဖေ့ကိုအရမ်းမုန်းတယ်တစ်သက်တစ် ကျွန်းပေးစေချင်တယ်မဟုတ်ရင်ထောင်ကထွက်လာရင် ညီမလေးကိုသတ်လိမ့်မယ်”လို့ကျွန်မကိုပြောတယ်။

ပွဲကသိမ်းပြီ လ လ ကျွန်မအရမ်းကျေနပ်သွားတယ် ပြီးတော့သူ့ကို ကျွန်မ ကတိတစ်ခုပေးလိုက်မိတယ်ညီမလေးဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေရမယ်လို့လေ…။ ကျွန်မ စခန်းမှူးကိုအခြေအနေပြောပြလိုက်တယ် ဖမ်းထားတဲ့အသံခလုတ် ပြန်ဖွင့်ပြပြီး ဒါအမှန်တရားပဲသမီးကိုယ်တိုင်ပြောတာနော်လို့ကောင်မလေးကိုပြောတော့ခေါင်းညိတ်တယ်….

သက်သေအနေနဲ့အဖေပုဆိုးရယ်ကောင်မလေးအဝတ်အစားရယ် ယူထားလိုက်တယ် ပြီးတော့အဖေဖြစ်သူကို ချက်ခြင်းဖမ်းပြီးချုပ်ထားလိုက်တယ်…တရားလိုကတော့ အမေပေါ့…။

ကျွန်မကို စခန်းမှုးဦးမြင့်ဦးက ကျေးဇူးတင်ကြောင်းပြောပြီးကျွန်မတို့လင်မယားနှစ်ယောက်ကို ညနေစာကျွေးတယ်… လပေါင်းအနည်းငယ်ကြာမှာပဲ ကျွန်မအဲ့ဒီသတင်းကြားလိုက်ရတယ် အဖေကိုတစ်သက် တစ်ကျွန်း အမိန့်ချလိုက်ပြီဆိုတဲ့သတင်းပါပဲ… သတင်းသေချာအောင် ထပ်ပြီးစုံစမ်းတယ်အချုပ်သားဘဝမှာတင် ခြေကျိုးသွားရှာတယ်တဲ့ ပုံစံပေးခံရတာကိုး။

ဟုတ်ပါတယ်တဲ့တစ်သက်တစ်ကျွန်းချလိုက်ပါပြီတဲ့… အဲ့နေ့ညက ကျွန်မအိပ်မပျော်ခဲ့ဘူး ကျေနပ်မိတာကကောင်မလေးကိုပေးတဲ့ကတိအတိုင်း ဖြစ်သွားလို့လေ ရဲမေမဟုတ်ဘာမဟုတ်နဲ့ အသွင်ပြောင်းစစ်ဆေးပေးခဲ့ရတာဘဝမှာအမှတ်ရဆုံး ကြုံခဲ့ဆုံခဲ့ရတဲ့အဖြစ်အ ပျက်လေးမို့ အခုလိုကလေးသူငယ်တွေ အသက်မပြည့်သေးသူလေးတွေ မတရားကြံစည်ခံရတာတွေကြားနေရတဲ့အခါအဲ့ဒီ

အဖြစ်အပျက်လေးကို ပိုလို့တောင် အမှတ်ရနေမိတော့တယ်… ကြာတော့ကြာပါပြီ လွန်ခဲ့တဲ့ 10နှစ်ကျော်လောက်ကပါ .. စာကြွင်း မှန်ကန်ကန် အမိန့်ချပေးတဲ့တရားသူကြီးနှင့်သားသမီးချင်းကိုယ်ချင်းစာစွာ အမှု့ပြုလုပ်ပေးသော စခန်းမူးမျိုးများများပေါ်ထွက်ပါစေ။

SuSuMaung>ကျော်သက်ထွေး

Leave a Reply

Your email address will not be published. Required fields are marked *