အမျိုးသားတစ်ဦးက သားအမိနှစ်ဦးအား ဓ ားကောက်ဖြင့်ခု တ်သဖြင့် ကလေးငယ်ေ သဆုံ းပြီး…see more

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်၌ အမျိုးသားတစ်ဦးက သားအမိနှစ်ဦးအား ဓားကောက်ဖြင့်ခုတ်မှု
ယမန်နေ့ (ဇန်နဝါရီ ၈ ရက်) ည ၉ နာရီခွဲတွင်ဖြစ်ပွားခဲ့ပြီး အသက်(၅) နှစ်အရွယ် ကလေးသေဆုံးသွားခဲ့ကြောင်း လောကပါလပရဟိတလူမှုကူညီရေးအသင်းထံမှသိရသည်။
သေဆုံးသူကလေးငယ်မှာ အသက် (၅) နှစ်ခန့်ရှိပြီး ဦးခေါင်း၌ဒဏ်ရာရရှိ၍ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း၊
၎င်း၏မိခင်ဖြစ်သူသည်လည်း ဘယ်ဘက်လက်ကျိုးပြီး ဦးခေါင်း၌ ဒဏ်ရာရရှိကာ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ယင်းအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ရွာမှာနှစ်သစ်ကူးပွဲလေးလုပ်ပြီး မီးပုံပုံပြီးစားသောက်ကြတာထင်တယ်။ လုပ်တဲ့လူကအိမ်ချင်းကပ်ပဲ။ အရင်ကမူးယစ်ဆေးဝါးသုံးဖူးပြီး ပထမပြတ်သွားတယ်။
အခုပြန်သုံးတာထင်တယ်။ အဲဒါသူက သားအမိနှစ်ယောက်ကို ဘယ်လိုမြင်သွားလဲမသိ ဓားကောက်နဲ့ခုတ်တာ။
ကလေးက ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ဆုံးသွားပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူ အမျိုးသားအား တာလေမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိသည်။