၁၁မီးငြိမ်းယတြာအား ပြန်လည်မျှဝေပေးပါတယ်ရှင် (လက်တွေ့အဆင်ပြေခဲ့သော ယတြာနည်းများမှ)

မိတ်ဆွေအများစုသည်(၁၁မီးသောပူပန်သောကများ)
မြေရောင်းချင်၊ ဆိုက်ခန်းငှါးချင်၊ အကြွေးရချင်၊
အမှုနိုင်ချင်၊ချစ်သူနဲ့ အဆင်ပြေချင်၊အိမ်ထောင်ရေးအဆင်ပြေချင်၊
သားသမီးတွေ ပြောမရလို့၊ကျန်းမာရေးမကောင်းလို့၊
အလုပ်တွေထစ်ငေါ့နေလို့ စသည်ဖြင့် တစ်ယောက်တစ်မျိုးအလုပ်မှာလည်း
လုပ်ဖော်ကိုင်ဘက်တွေနဲ့အဆင်မပြေ အကြီးအကဲကလည်းကိုယ့်ကို ငြိုငြင်နေတယ်.. အဲ့ဒီလိုအခက်ခဲမျိုးတွေကို အကြောင်းအရာတစ်ခုစီလိုက်ပြီး ယတြာ တစ်ခုစီချေနေရင်ယတြာချေရင်းနဲ့ နှစ်ကုန်သွားမယ်..
အဲ့ဒီလို အခက်အခဲတွေအတွက် တစ်ခုတည်းသောယတြာကို လုပ်ပေးရမယ်၊ စွမ်းလည်းစွမ်းတယ်၊ ဒါနလည်းဖြစ်တယ်။
အဲ့ဒီယတြာ ကို(၁၁)မီးငြိမ်း ယတြာလို့ခေါ်တယ်..
ပြုလုပ်ပုံ-(၁)လင်ဗန်းတစ်ချပ်ထဲမှာ ဖယောင်းတိုင် (၁၁) တိုင်ကို သေချာ မြဲအောင်စိုက်ပါ။ (အနေအထား ကြိုက်သလိုစီ)
(၂)လင်ဗန်းထဲကို ရေလက်တစ်လုံးလောက်ဖြည့် လိုက်ပြီး
(၃)ဖယောင်းတိုင်တွေကိုမီးညှိပြီး ဘုရားကို ပူဇော်ပါ
(ဖယောင်းတိုင်တိုပြီး အောက်ခြေ ရောက်လာမယ် ရေနဲ့ ထိပြီး ရှဲကနဲမြည်ပြီးမီးငြိမ်း သွားမယ်၊ အပူသောကတွေရှဲကနဲ အသံမြည်ပြီး ငြိမ်းသွားပါလိမ့်မယ်။
သင့််ဒုက္ခ အခက်အခဲတွေ ပူပင်သောကတွေ အားလုံး ပြေလည် သွားပါလိမ့်မည်) ယုံကြည်စွာနှင့် လုပ်ပါ..
ဘုရားကျောင်းပေါ်မှာတင်ပြီးမီးထွန်းပူဇော်ပါ တင်လို့အဆင်မပြေသူများဘုရားကျောင်းရှေ့မှာစားပွဲခုံလေးတစ်လုံးချပြီး ပြုလုပ်ပါ..
မိမိ မွေးနေ့မှစလုပ်ပါ အနည်းဆုံး၁၁ကြိမ် လုပ်ပါ
ဆက်တိုက်လုပ်သွားလဲရပါတယ်… မိမိတို့အဆင်ပြေသလိုလုပ်ပါရှင်
အချိန် ညပိုင်း နဝင်းချိန်
မနက်လင်းလို့ ရေပြန်စွန့်လျှင် သန့်ရှင်းတဲ့နေရာတွင်စွန့်ပါရှင်