ထိုင်းနိုင်ငံ ချင်းရိုင်မှာ ကလေးငယ် ၅ ဦးအပါဝင် မြန်မာ ၁၉ ဦး…see more

ဇန်နဝါရီ ၉
ထိုင်းနိုင်ငံ ချင်းရိုင်မှာ ကလေးငယ်တွေအပါအဝင်မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ ကြောင်း ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
နယ်စပ် ဖြတ်ကျော်ကာ တရားမဝင် လမ်းကြောင်းကနေတဆင့် ဝင်လာတဲ့ မြန်မာနိုင်ငံ သား ၁၄ ဦးနဲ့ကလေးငယ် ၅ ဦးတို့အပြင်
ယင်းတို့ကို ကားနဲ့ တင်ဆောင်လာတဲ့ ပွဲစား ၃ ဦးကိုလည်း ချင်းရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။
ချင်းရိုင် ခရိုင် မူယန်မြို့ မဲခေါင့်သုံးကျေးရွာမှာ သက်ဆိုင်ရာအဖွဲ့တွေပူးပေါင်းပြီး တရားမဝင်မြန်မာလုပ်သားတွေ ပို့ဆောင်ရေးကား ၃ စီးကို တားဆီးစစ်ဆေးခဲ့ရာမှာ
ကားပေါ်တွင် ပုန်းအောင်းလိုက်ပါလာသည့် တရား မဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာသည့် မြန်မာ နိုင်ငံသား အမျိုးသား ၉ ဦးနှင့်
အမျိုးသမီး ၄ ဦး အပါအဝင် ကလေးငယ် ၅ ဦး၊စုစုပေါင်း ၁၉ ဦးအား ဇန်နဝါရီ ၇ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းတို့ကို ချင်းရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဘန့်ဒူရဲစခန်းသို့ လွှဲ ပြောင်း ပေးအပ်ခဲ့သလိုဖမ်းဆီးရမိသူများအား
ဘန့်ဒူရဲစခန်းမှ အမှုစစ်ရဲအရာရှိကရဲလုပ်ငန်း ဆိုင်ရာ စစ်ဆေးမှု များပြုလုပ်ပြီးနောက် ဥပဒေအရ ဆက် လက်အယူရေး ဆောင်ရွက်သွား မယ်လို့လည်း ဖော်ပြထားပါတယ်။
Source Myanma Platform