ကျေးရွာနှစ်ရွာ မီးရှို့ခံရစဥ် သက်ကြီးရွယ်အို အများအပြားပိတ်မိခဲ့ပြီး အဖိုးအို တစ်ဦး မီးလောင်‌ေ သဆုံ း

ဒီပဲယင်း၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၌ ယမန်နေ့က အင် တိုင်း​ လေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့ မီးရှို့ခံရစဥ် ကျေးရွာအတွင်း

သက်ကြီးရွယ်အို အများအပြား ပိတ်မိနေခဲ့ပြီး အဖိုးအို တစ်ဦးလည်း မီးလောင်သေဆုံးခဲ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၉ ရက်) တွင် အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာတို့၌ မီးရှို့ခံရမှုများ ရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့က သတင်းထုတ်ပြန်ပေးထားသည်။

မီးရှို့ခံရမှုများ ဖြစ်လာစဥ် ၄င်းကျေးရွာ နှစ်ရွာအတွင်း၌ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိ၍ ပိတ်မိခဲ့နေခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က ထုတ်ပြန်ထားသည်။

” အလွန် စိတ်မကောင်းဖွယ် သက်ကြီးရွယ်အိုများကို မစွန့်ခွာနိုင်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးမှ အသက် ၉၀ နှစ်အရွယ် အဘွားကို ပွေ့ချီကာ ထွက်လာသည်ကို တွေ့ရှိကာ မီးဘေးလွတ်ရာ ပေးပို့ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ အဖွဲ့က ဆိုသည်။

ထို့ပြင် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ယနေ့တွင် မီးရှို့ခံရသည့် ကျေးရွာများသို့ ကယ်ဆယ်ရေး ရှာဖွေရေးများ ပြုလုပ်စဥ် အင်တိုင်းလေးကျေးရွာ၌

သက်ကြီးရွယ်အို အဖိုးအို တစ်ဦး၏ မီးလောင်သေဆုံးထားသည့် ရုပ်အလောင်းကို တွေ့ရှိထားသည်ဟု ထုတ်ပြန်ထားသည်။

” မတိမ်းရှောင်နိုင်သည့် အဘိုးတစ်ဦး မီးလောင်သေဆုံး Dead Body တွေ့ရှိရပါတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ကလည်း ဒီပဲယင်း၌ ဆပ်ပြာကျင်းကျေးရွာ မီးရှို့ခံရစဥ် အသက် ၈၄ နှစ်အရွယ် အဖိုးအို တစ်ဦး မီးထဲပါ၍ သေဆုံးခဲ့ရသေးကြောင်း သိရသည်။

ဒီပဲယင်း၌ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဆက်တိုက် မီးရှို့ခံရမှုများ ရှိခဲ့ပြီး ကျေးရွာပေါင်း သုံးဆယ်ခန့်မှ နေအိမ်အလုံးပေါင်း သုံးထောင်ကျော် မီးရှို့ခံခဲ့ရကြောင်း ဒေသတွင်း သတင်းကွန်ယက်များက အတည်ပြုထားသည်။

သောင်းရီ

Photo- ဒီပဲယင်းမြို့နယ်ညီနောင်များ

ပုံစာ- ပိတ်မိနေခဲ့သည့် သက်ကြီးရွယ်အိုများကို ဒေသခံများ ကယ်ထုတ်လာစဥ်၊ မီးလောင်ထားမှု အခြေအနေများ

Leave a Reply

Your email address will not be published. Required fields are marked *