စွန့်ပစ် လျှပ်စစ် ပစ္စည်းများမှ ရွှေကို ထုတ်ယူနိုင်မည့် နည်းပညာ (ကိုယ်တိုင်ထုတ်ယူနိုင်)

တစက္ကန့်အတွင်းမှာ တကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် လက်တော့ပ် ကွန်ပျူတာပေါင်း အလုံး ၁ ထောင်လောက် စွန့်ပစ် နေပြီး
အချို့နေရာများမှာ အီလက်ထရွန်းနစ် အမှိုက်များဟာ ၅၀၀ ရာခိုင်နှုန်းလောက်အထိ တိုးမြင့်လာပါတယ်။
အခုတော့ သုတေသီများဟာ အခြား ဓာတု ပစ္စည်းများ သို့မဟုတ် စွမ်းအင် မလိုအပ်ဘဲ အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းများမှ ရွှေများကို ပြန်လည် ထုတ်ယူဖို့ နည်းလမ်းသစ်ကို တွေ့ရှိထားပါတယ်။
ပထမဆုံးအနေဖြင့် အီလက်ထရွန်းနစ် အမှိုက်များကို ပျော်ရည်တခုတွင် ပျော်ဝင်စေပါတယ်။
အဲဒီ့နောက် graphene oxide ထည့်သွင်းထားတဲ့ အလွှာပါး တခုကို ထည့်ပြီး မိနစ် အနည်းငယ်အတွင်းမှာ အလွှာပေါ်တွင် ရွှေများ စုပုံလာတာကို တွေ့ရပါတယ်။
နမူနာ ပစ္စည်းတခုမှ ရွှေပါဝင်မှု စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းလောက်အထိ ထုတ်ယူနိုင်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။