မအူပင်မြို့နယ်မှာ ဆန်အိတ်တွေတင်မောင်းလာတဲ့ ကုန်သည်တစ်ဦးရိုက်နှက်ပြီး…see more

ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်း၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ်၊ ငါးဖယ်အိုးကျေးရွာအနီးမှာ ဆန်အိတ်တွေ တင်မောင်း လာတဲ့ ဆန်ကုန်သည်တစ်ဦး ဝိုင်းရိုက်နှက်ခံရပြီးလုယက် တာခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဆန်အိတ်တွေ တင်လာတဲ့ ဆန်ကုန်သည်တစ်ဦးရဲ့ကား ကို ငါးဖယ်အိုးကျေးရွာအနီးမှာ အသင့်စောင့်တဲ့ အမည် မသိအမျိုးသားတွေက ရပ်တန့်ခိုင်းပြီး လူကိုဝိုင်းရိုက်နှက် ကား ကားပေါ်က ဆန်အိတ်တွေကိုယူသွားတာလို့သိရပါတယ်

”၈ ရက်နေ့က ပေါ့ ။ ဆန်တွေတင်လာတဲ့ ကားကို လူတစ်စုက တားပြီးတော့ ရိုက်လုတာ။ ဆန်ကုန်သည်က မအူပင်ဘက်ကလို့ သိရတယ်၊ အသက် သိပ်မကြီးသေးပါဘူး ၊

တော်တော် ရိုက်နှက်ခံ ရတာ ၊ လုယက်သူတွေကတော့ ဘယ်ကလည်းမသိဘူး ၊ ငါးဖယ်အိုးရွာဘက်ကတော့ မဟုတ်ဘူး၊ ဆန်အိတ်တွေ လုယက်သွားတယ် ၊ တချို့က မျက်နှာဖုံးတွေ စွပ်ထား တာတဲ့ ၊

တစ်ခါမှ ဒါမျိုး ဒီဘက်မှာ မဖြစ်ပါဘူး ၊ ဒီလို ပုံစံအတိုင်းဆို ကားသမားတွေ မလုံခြုံတော့ဘူး။”လို့ ဖြစ်စဉ် ဖြစ်ပွားတဲ့ ကျေးရွာ အနီးက ဒေသခံတစ်ဦးကပြောပါတယ်။

လုယက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားတဲ့ နေရာကို စစ်တပ်နဲ့ ရဲတချို့ လာပြီး စစ်ဆေးသွားကာ ရိုက်နှက်လုယက်ခံရသူမှာဆေး ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *