မိဘများ မသိအောင် စင်ကာပူမှ ပြန်လာပြီး ချစ်သူနဲ့လာတွေသည့်မိန်းကလေးအား ကောင်လေးမှ …see more

ရဲခေါင်/People’s Spring
အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး စင်ကာပူနိုင်ငံမှ ပြန်လာပြီးရန်ကုန်လာရောက်တွေ့ဆုံသည့် အမျိုးသမီး ရွှေ၊ငွေ နှင့်အဖိုးတန်ပစ္စည်းများလုယက်၍အသတ်ခံရကြောင်း အသတ်ခံရသူနှင့် နီးစပ်သူများက ပြောသည်။
အသတ်ခံရသည့် မနှင်းဝေလှိုင်သည် စင်ကာပူနိုင်ငံတွင်အလုပ်လုပ်ကိုင်ရာမှ ဇန်နဝါရီ ၅ ရက်က မြန်မာ နိုင်ငံသို့ ပြန်လာပြီးနောက် လှိုင်သာယာမြို့နယ် ၊
စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းတွင် ဓားဒဏ်ရာများဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရခြင်းဖြစ်သည်။
“စင်ကာပူ ဒေါ်လာ ၆,၀၀၀၊ ရွှေတစ်စင်ဆာ၊လက်တော့တစ်လုံး၊ လက်ကောက်လေးကွင်း အကုန်ယူပြီး လူမြင်မကောင်းအောင် ဓားနဲ့အချက်ရေ ရေမတွက်နိုင်အောင်ထိုးခဲ့တာပါ”ဟု အသတ်ခံရသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
“သူမြန်မာနိုင်ငံပြန်လာတာကို သူ့မိဘလည်း မသိဘူး။ ရန်ကုန်က သူ့အဒေါ်လည်း မသိဘူး။ နောက်ပြီး သေနေတာကိုလည်း တည်းခိုခန်းက မသိဘူး။ CCTV ပြန်ကြည့်တော့မှ ဇန်နဝါရီ ၅ ရက်မှာ အဲဒီကောင်လေးနဲ့ ဝင်လာတယ်။
ဇန်နဝါရီ ၆ ရက်မှာ ကောင်လေးကတစ်ယောက် တည်းပြန်ထွက်သွားတယ်” လို့ဆိုပါတယ်။