ရွှေဈေး ၃၅ သိန်းအထိ ပြန်ရောက်နိုင်လား ဆိုတာနဲ့ လက်ရှိ ကျပ်ငွေတန်ဖိုးရဲ့ အခြေအနေ

ဒေါ်လာကို အဆမတန် ဆွဲချထိန်းထားလို့ မတ်လကုန်ခါနီး မြန်မာကျပ်ငွေတန်ဖိုး ကျဖို့ရှိတယ်လို့ ဆိုနေကြတယ်။
အခုကမ္ဘာရွှေစျေးအတက်ကြောင့် ယနေ့မှာ နားလည်သူတွေက ရွှေစျေးကွက်မှာ ဝင်ကစား စျေးဆွဲတင်ပြီး
မြန်မာရွှေကို အမြင့်စျေးနဲ့ ရောင်းပြီး စျေးဆွဲချ ချုပ်ထားတဲ့ ဒေါ်လာကို အလုအယက်ပြေးဝယ်နေကြတာ မြင်မကောင်းဘူး။
ဗခသားသမီး ဆွေမျိုး အကောင်တွေများ ပိုင်ချက်။ တနေ့တည်း သိန်းသောင်းချီ မြတ်ကုန်တာ။
ရသမျှ ငွေကို ဒေါ်လာပြောင်းထားတော့ ဖေဖော်ဝါရီမှာ နိုင်ငံရေး ကမောက်ကမနဲ့ ကျပ်ငွေတန်ဖိုးကျမှာနဲ့ ဒေါ်လာကိုင်ထားတဲ့သူတွေက နှစ်သီးစားပဲ။
အဲဒီသူ-ုတ်တွေ -ုတ်လို့ ကုန်စျေးနှုန်းတွေက ထိန်းမနိုင်ဖြစ်လာတာ။ (Aung Kyaw Oo)
နှစ်သစ်ကူးပိတ်ရက်တွေအပြီး မြန်မာ့ရွှေဈေးကွက်ပြန်စဖွင့်ချိန်မှာတော့ မြန်မာ့ရွှေဈေးဟာ ဆက်တိုက် မြင့်တက်လာပြီး
(၉-၁-၂၀၂၃) နေ့လည် ၃ နာရီခွဲအချိန်မှာတော့ ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားကို ကျပ် ၂၇ သိန်း ၇ သောင်းကျော်အထိ မြင့်တက်လာတယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီကနေ သိရပါတယ်။
၂၀၂၃ ခုနှစ်အစမှာ ကမ္ဘာ့ရွှေဈေးက အကျဖက်ကို ရောက်ရှိနေပေမယ့်လည်း ပြည်တွင်းရွှေဈေးနှုန်းကတော့ အတက်ဖက်ကို ရောက်ရှိနေတာ ဖြစ်တယ်လို့ ရွှေဈေးကွက်ကနေ သိရပါတယ်။
လက်ရှိအချိန်မှာ ရွှေအဝယ်နည်းနေပြီး ရောင်းချလိုသူတွေ များနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတုန်းကလို မြန်မာ့ရွှေဈေး တကျပ်သား ၃၅ သိန်းအထိ ပြန်ရောက်ဦးမလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Source – Blacker