အထပ်မြင့်တိုက်ခန်းနေမိဘများ ကလေးငယ်များ၏ အပြုအမူကို သတိပြုရန် လိုအပ်လာ

ဂျူဂျူး

အထပ်မြင့်တိုက်ခန်းများပေါ်၌ နေထိုင်သည့် မိသားစုများအနေဖြင့် ကလေး ငယ်များ၏ အမှတ်မထင်ပြုမူတက်သည့် ထူးခြားသည့်အပြုအမူများကို သတိ ထားသင့်ကြောင်း ကလေးသူငယ်နှင့် သက်ဆိုင်သူများက ပြောကြားကြသည်။

ဝရံတာပေါ်တက်ခြင်းနှင့် ဝရံတာမှတွယ်ဆင်းကာ အောက်ထပ်၏ နေကာအမိုး (Sundhade) ပေါ်သို့ ရောက်ရှိနေသည့် ဖြစ်ရပ်များ၊ မိဘမျက်စေ့အောက်တွင် ရှိနေစဉ် မတော်တဆမှုများလည်းရှိလာသည်ကို တွေ့ မြင်လာရသဖြင့် သတိပြု သင့်သည်ဟု ဆိုကြခြင်းဖြစ်သည်။

“ကလေးတွေက တစ်ယောက်ထဲလွှတ်ထားလို့မရဘူး ကလေးဆိုတာ စူးစမ်းတဲ့ စိတ်ရှိတယ်၊ တိုက်ခန်းတိုင်းက အရှေ့ဝရံတာကို သံဇကာမတပ်ထားဘူးလေ၊ တပ်ထားသင့်တယ်၊

ဟိုတလောကဆို ကလေးတစ်ယောက် ဆန်းရှိတ်ပေါ် (Sundhade) မှာ ငုတ်တုတ်လေးထိုင်နေတဲ့ ပုံတွေ့လိုက်တယ်၊ အမြင်နဲ့တင် ကြောက်စရာကြီးလေ၊ အထူးသဖြင့်ကတော့ မိဘတွေ ပိုပြီးသတိထားသင့်တာ ပါ” ဟု တာမွေမြို့နယ်တွင်နေထိုင်သည့် မမျိုးမျိုးကပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက ဒေါပုံမြို့နယ်၊ အထပ်မြင့်တိုက် ခန်း၊ ၅ လွှာ၏ ဆန်းရှိတ်ပေါ် ၌ ကလေးငယ်တစ်ဦး ငုတ်တုတ်ထိုင်နေသည်ကို မျက်နှာချင်းဆိုင်တိုက်မှတွေ့ရှိပြီး သွားရောက်ကူညီခဲ့ရကြောင်း သိရသည်။

“မိဘတွေစျေးသွာနေချိန် ကလေးကအိပ်မုံစုတ်ဖွာနဲ့ ဝရံတာကျော် ၅ လွှာ၊ ဆန်း ရှိတ်ပေါ် ငုတ်တုတ်ထိုင်နေတာ မျက်နှာချင်းဆိုင်အိမ်ကတွေ့တော့ ရပ်ကွက်တစ် ခုလုံး ဝက်ဝက်ကွဲရော မထနဲ့ထိုင်နေ အော်သူနဲ့ အောက်က စောင်ခံတဲ့သူက ခံ၊

အိမ်တံခါးဖျက်တဲ့သူက ဖျက်၊ မသေကောင်းမပျောက်ကောင်း လူညီလို့ ကံ ကောင်းချက်” ဟုဆိုကာ ကူညီပေးခဲ့သူက ပုံနှင့်အတူ လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ဖော်ပြခဲ့သည်။

ကလေးငယ်များ၏ အမှတ်တမဲ့ပြုမူလာတက်သည့် အသက်အရွယ်အပိုင်းအ ခြားမှာ လမ်းလျှောက်တက်စ တစ်နှစ်ခွဲဝန်းကျင်မှ ၄ နှစ်ခွဲဝန်းကျင်အထိ ဖြစ်နိုင် ချေများပြီး ထိုအသက်အပိုင်းအခြားဟာ သင်ယူတက်မြောက်လွယ်၊ အတုယူ လွယ်သည့် အသက်အပိုင်းအခြားတစ်ခုလည်းဖြစ်သည်။

ထို့အပြင် တိုးတက် လာသည့် ခေတ်ရေစီးကြောင်းအရ နှစ်,နှစ်နှင့်အထက် ကလေးငယ်များသည် ဖုန်းနှင့်တီဗွီကြည်သည့် အလေ့အကျင့်တစ်ခုရှိလာကြပြီး ၎င်းတို့ကြည့်သည့် ကာတွန့်ဇာတ်ကောင်များ၏ အမူအကျင့်ကိုယူကာ လိုက်ပါလုပ်ဆောင်လာကြ သည်ကို တွေ့မြင်ရကြောင်း မူကြိုကျောင်းဖွင့်လှစ်ထားသည့် ဆရာမတစ်ဦးက ဆိုသည်။

“ကလေးတွေက သူတို့ကြည့်တဲ့ရုပ်ရှင်၊ ကာတွန်းဇာတ်ကားတွေရဲ့ ဇာတ်ကောင် တွေကို အတုယူပြီးလိုက်လုပ်ကြတယ်၊ ကျောင်းကလေးတစ်ယောက်ဆိုရင် ကာတွန်းကားထဲက ဇာတ်ကောင်ကိုကြည့်ပြီး တစ်ဖက်ကသူ့ ငယ်ချင်းကို နာ ကျင်အောင်လုပ်လာတယ်။

ပြီးရင် ဘာမှမဖြစ်နဲ့ ဘာမှမဖြစ်နဲ့ ဒါဘာမှမဖြစ် တော့ဘူးဆိုတဲ့ စိတ္တဇပုံစံမျိုးပေါ့နော်.. အဲ့ကာတွန်းကားကို အမြဲကြည့်ပြီး အ တုယူလိုက်တာ၊ သူ့အကြိုက်ဇာတ်ကောင်လို ဘေးကသူငယ်ချင်းကို ဆိတ်ဆွဲ တာ။

နာကြင်အောင်၊ သွေးထွက်အောင်လုပ်လိုက်မယ် ပြီးရင် ဘာမှမဖြစ်ဘူး နော် ခဏနေရင်ကောင်းသွားမှာဆိုပြီး လုပ်လာတာပေါ့နော် မိန်းကလေးပေါ့ နော်၊ ကလေးမိဘနဲ့ ဆွေးနွေးရတယ်။ စိတ္တဇသရဲပုံစံမျိုးကာတွန်းပါ၊

မိဘတွေ ဆွေးမျိုးတွေက အဖော်မဟုတ်ဘူး၊ ဒီဇာတ်ကောင်ကနေ ငါသာကောင်းတာ နင့် အပေါ်ကိုဆိုတဲ့ စိတ်မျိုးဝင်အောင် ရိုက်သွင်းထားတာပေါ့၊ အဲ့တော့ အဲ့ကာတွန်း ရဲ့သဘောက ကလေးက ဒီဇာတ်ကောင်နဲ့ပဲနေပြီး နောက်ဆုံးကြတော့ ကလေး ကိုကိုက်စားသွားတာပေါ့နော် အဲ့ဒီလိုကား မျိုးမပြပါနဲ့။

ကလေးက သူများတွေ ကို လိုက်လုပ်နေတယ်ဆိုပြီး မိဘတွေကိုခေါ်ပြီးဆွေးနွေးရတာပေါ့၊ မိဘတွေ က သတိထားသင့်တာပေါ့ အဲ့လိုကားမျိုး ကလေးကကြည့်နေမလား၊ Youtube ကြည့်တဲ့အခါ သတိထားသင့်တာပေါ့” ဟု အဆိုပါ ဆရာမကရှင်းပြသည်။

ဆက်ဖတ်ရန်နှိပ်ပါ။

ဂျူဂျူး
ဓာတ်ပုံ-TAM
ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *