ငွေကြေးမတတ်နိုင်၍ မွေးနေ့ကိတ်နဲ့ဖယောင်းတိုင်အစား မီးခြစ်ကမီးကိုသာမှုတ်လိုက်ရပေမယ့် ပြုံးပျော်နေဆဲဖြစ်သော ကလေးမလေး

ငွေကြေးမတတ်နိုင်၍ မွေးနေ့ကိတ်နဲ့ဖယောင်းတိုင်အစား မီးခြစ်ကမီးကိုသာမှုတ်လိုက်ရပေမယ့် ပြုံးပျော်နေဆဲဖြစ်သော ကလေးမလေး
လူတိုင်းက ကိုယ့်ရဲ့မွေးနေ့လေးမှာ မိသားစု၊သူငယ်ချင်း များနဲ့အတူ မွေးနေ့ဖယောင်းတိုင်လေးမှုတ်ပြီး ကိတ်လေးခွဲကာ ပျော်ရွှင်စွာ ဖြတ်သန်းလိုကြသလို ငွေကြေးမပြည့်စုံသူများအဖို့ မွေးနေ့ကိတ်ခွဲခြင်းက အိပ်မက်တစ်ခုလိုသာ ဖြစ်နေသည်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Dak Lakခရိုင်ရှိ ကုန်းမြင့်ဒေသလေးမှာ နေထိုင်သော အသက်၆နှစ်အရွယ် ကလေးမလေးတစ်ဦးသည် သူမရဲ့မွေးနေ့မှာ မွေးနေ့ကိတ်နဲ့ဖယောင်းတိုင်အစား မီးခြစ်ကိုသာမှုတ်ခဲ့ရသည်။
ကလေးမလေးသည် မိသားစုဆင်းရဲနွမ်းပါးတာကို သိရှိပြီး တစ်ခါတစ်လေ ဟင်းမပါပဲ ထမင်းဖြူကြမ်းပဲစားရသည့်အခါလည်း ငြီးငြူခြင်းမရှိသည့်အပြင် မိဘတွေအလုပ်သွားသည့်အခါ ဆော့ကစားမနေပဲ ပြောစရာမလိုအောင် စာကျက်လေ့ရှိသည်။
ကလေးမလေးသည် သူငယ်ချင်းလည်းမပါ မွေးနေ့ကိတ်လည်းမပါပေမယ့် ဖခင်ပြုလုပ်ပေးသော မီးခြစ်ကမီးကို ဖယောင်းတိုင်လိုသဘောထားပြီး မှုတ်ကာ ဖြူစင်ဆုံးအပြုံးများနဲ့ ပျော်ရွှင်နေခဲ့သည်။
Nge (Cele Daily )